Skip to main content

“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်ထုတ်လွှင့်မည်

နေပြည်တော် ဇူလိုင် ၁၉

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “PDF အမည်ခံအကြမ်းဖက်သမားများက ပေါက်မြို့နယ် ဒေါင်းသာကျေးရွာ သာသနာ့ဝံသဘုန်းကြီးကျောင်းမှ ဆရာတော်၏ လည်ပင်းအား ဓားဖြင့် ရက်စက်စွာခုတ်၍ သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်”  ခေါင်းစဉ်ဖြင့် ဇူလိုင်၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

အလားတူ လာမည့်အပတ်(ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီတွင် “PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်နက်ငယ်များဖြင့် ဖောက်ခွဲပစ်ခတ်ခဲ့သည့်အတွက် မုံရွာ-မန္တလေး ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးတွင် ပါလာသော အပြစ်မဲ့ပြည်သူနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရသည့်ဖြစ်စဉ်” နှင့် ပတ်သက်သည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ်(ကြာသပတေးနေ့) နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်