Skip to main content

Jul 26, 2022

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အချို့နိုင်ငံများတွင် ရောဂါကူးစက်မှုနှုန်း မြင့်မားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၏ တက်တက်ကြွကြွ ဆောင်ရွက်ပေးမှု၊ ပြည်သူများက အသိတရားဖြင့် ပါဝင်ဆောင်ရွက်မှုတို့ကြောင့် ရောဂါကူးစက်မှုနှုန်း သိသာစွာကျဆင်းသွားသဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး စည်းကမ်းများကို ဖြေလျှော့ပေးခဲ့ရာ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်သွားလာခွင့်များ ရလာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2022

သစ်ပင်သစ်တောများမရှိပါက မိမိတို့နေထိုင်ရာ မြေကမ္ဘာကြီးမှာ စကြဝဠာကြီးအတွင်းရှိအခြားဂြိုဟ်များကဲ့သို့ပင် သက်ရှိဇီဝတို့ ဆိတ်သုဉ်းလျက် ချောက်ချားဖွယ်အတိ ဖြစ်နေမည်ဖြစ်သည်။ သစ်ပင်သစ်တောများကြောင့်သာ ကမ္ဘာကြီးသည် စိမ်းစိုသာယာလျက် လူသားတို့အပါအဝင် သားငှက်တိရစ္ဆာန်နှင့် ဇီဝမျိုးစုံတို့ အပြန်အလှန် အမှီသဟဲပြုကာ ရှင်သန်နေထိုင်နေကြခြင်းဖြစ်သည်။ သို့ရာတွင် လူသားတို့၏ ပယောဂကြောင့် သစ်ပင်သစ်တောများမှာ တစ်စတစ်စလျော့နည်းပြုန်းတီးလျက်ရှိရာ ဇီဝမျိုးစုံမျိုးကွဲတို့၏ နေရင်းဒေသများ ပျက်စီးဆုံးရှုံးခြင်းနှင့်အတူ ဂေဟစနစ်များမှာလည်း ပျက်စီးသွားကြရသည်။လူသားတို့အနေဖြင့် မိမိတို့ကြောင့်ပျက်စီးရသည့် သဘာဝပတ်ဝန်းကျင်များကို မိမိတို့ကပင် ပြန်လည်ပြုပြင်ထိန်းသိမ်းရန်တာဝန်အရှိဆုံးဖြစ်သည့်အလျောက် သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုး တည်ထောင်မှု ပြုလုပ်ကြရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2022

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်” ရွှေဆိုင်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2022

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2022

အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် NUG မှ အဖွဲ့ဝင်တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန် တို့သည် Kaung For You တရားမဝင်ပညာသင်ကြားမှု အစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2022

နယ်စပ်ဒေသအသီးသီးနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများနှင့် လူငယ်၊လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း အသီးသီးသို့ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 25, 2022

၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

ဆက်လက်ဖတ်ရှုရန်