နေပြည်တော် ဩဂုတ် ၆
နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် မိသားစုများအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့်စားသုံးသူရေးရာ ဦးစီးဌာနမှကြီးကြပ်ကာ အရည်အသွေးမီစားအုန်းဆီများကို ယနေ့နံနက်ပိုင်းက လာရောက်ရောင်းချပေးသည်။
အဆိုပါ စားအုန်းဆီများကို တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀နှုန်းဖြင့် စုစုပေါင်းဆီ ပိဿာ ၆၈၀ ကျော်ကို MRTV မှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအတွက် ရောင်းချပေးသကဲ့သို့ တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့လည်း ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အရည်အသွေးမီ စားအုန်းဆီများ ဈေးနှုန်းမှန်ကန် ချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်