နေပြည်တော် ဩဂုတ် ၁၂
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်း သား/သမီးများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက် အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဝန်ထမ်းများ၊ ဆုရရှိသည့် ဝန်ထမ်းသား သမီးများစုံညီစွာ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့တွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ သားသမီးများအနက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်ထိ တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူစုစုပေါင်း ၁၈၀ အတွက် ပညာသင် ထောက်ပံ့ကြေးများပေးအပ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်