ရန်ကုန် ဩဂုတ် ၁၂
အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Women’s Club Championship 2022 (EAST) အာရှအမျိုးသမီးကလပ် အသင်းများ(အရှေ့ပိုင်းဇုန်) ပြိုင်ပွဲကို ဩဂုတ် ၁၅ ရက်မှ ၂၁ ရက် အထိ ထိုင်းနိုင်ငံ ချောင်ဘူရီ မြို့၌ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ရန် မြန်မာနိုင်ငံမှ ISPE FC အမျိုးသမီး ဘောလုံးအသင်း အဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်စိုးစိုးမြာ၊ အုပ်ချုပ်သူ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယညွှန်ကြားရေး မှူး ဦးသိုင်းထွန်းဇော်၊ နည်းပြချုပ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)အားကစားမှူး ဒေါ်နုနု ခိုင်ဝင်း၊ ဂိုးနည်းပြ အားကစားနှင့် ကာယပညာဦးစီးဌာန အားကစား မှူး (အား/ပညာ)ဒေါ်ဇာဇာမြင့် အပါအဝင် အဖွဲ့ဝင်ခုနစ်ဦးနှင့် အားကစားသမား၂၃ ဦး စုစုပေါင်း ၃၀ တို့သည် ယနေ့ညနေ ၅ နာရီ ခွဲတွင် ရန်ကုန်မြို့မှ မြန်မာ အမျိုးသား လေကြောင်းလိုင်းဖြင့် ထွက်ခွာသွားရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်ကြ သည်။
ပြိုင်ပွဲတွင် တရုတ်(တိုင်ပေ)မှ Taichung Blue Whale FC(TPE)၊ မြန်မာနိုင်ငံမှ ISPE FC နှင့် ထိုင်းနိုင်ငံကိုယ်စားပြု ၂၀၂၂ ခုနှစ် ထိုင်းအမျိုးသမီးလိဂ် ချန်ပီယံ အသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ရာ ISPE FC မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် ဩဂုတ် ၁၅ ရက် ညနေ ၆ နာရီတွင် Taichung Blue Whale FC(TPE) အသင်းနှင့် လည်းကောင်း၊ ဩဂုတ် ၁၈ ရက် ညနေ ၆ နာရီတွင် Champion of 2022 Season (THA)အသင်းနှင့် လည်းကောင်း Chonburi Stadium , Chonburi ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်