နေပြည်တော် ဩဂုတ် ၁၆
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ ၁၆-၈-၂၀၂၂ ရက်၊ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက ရန်ကုန်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့၌ အသီးသီးကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။