Skip to main content

Oct 11, 2022

အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတတ်သော ကူးစက်မြန်ရောဂါတစ်ခုဖြစ်ပြီး မိမိတို့မွေးမြူထားသောဝက်များကို အဆိုပါရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီအမျိုးအစားများအလိုက် ပုံမှန်စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT YU DONG သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၀၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၀ ဂါလန်သန်းကိုလည်းကောင်း၊ MT Bowmore သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၁၄ ဂါလန် သန်းကိုလည်းကောင်း ဆီချ

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများသည် ယနေ့နံနက်ပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ လာရောက်ကြပြီး ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနရှိ သွားကျန်းမာရေးဌာနမှ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဦးစီးအဖွဲ့သည် ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိကြပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား သွားနှင့်ခံတွင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကုသပေးခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ အောက်တိုဘာ ၉ ရက်ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး စေတီတော်ရင်ပြင်ပတ်လည် ဆီမီးခုံများ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဘုရားဖူးပြည်သူများက ဆီမီး ၁၀၀၀၀ ကို ထွန်းညှိပူဇော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

မြန်မာ့ကော်ဖီသည် ကမ္ဘာ့ကုန်စည်ဈေးကွက်တွင် အထူးတန်းဝင်ကော်ဖီ (Myanmar Speciality Coffee) အဖြစ်နေရာတစ်ခု အခိုင်အမာရရှိထားပြီး ဥရောပ၊ အမေရိကနှင့် ဂျပန်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့ တင်ပို့လျက်ရှိရာ ဈေးကောင်းရရှိနေသည်မှာ ရှစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အရည်အသွေးကောင်း ကုန်းမြင့်ကော်ဖီနှင့်မြေပြန့်ကော်ဖီမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်သည့် ရေမြေရာသီဥတု အခြေခံကောင်းသော ဒေသများစွာရှိနေရာ ကော်ဖီအဓိကတင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက မြန်မာနိုင်ငံကော်ဖီအသင်း(MCA)နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ပုဂ္ဂလိကများ၊ ကော်ဖီတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် အောက်တိုဘာ ၉ ရက်မွန်းလွဲ ၂ နာရီခွဲက မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ Saint Peter Angelecan Church ဘုရားကျောင်း၌ အထက်မြန်မာပြည် ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပြင်ဦးလွင်ခရစ်ယာန်အသင်းတော်များကောင်စီများမှ ဆရာတော်များ၊ သင်းအုပ်ဆရာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2022

ဤကမ္ဘာမြေသည် လူသားနှင့်သက်ရှိသတ္တဝါများ အသက်ရှင်သန်ရပ်တည် နေထိုင်နိုင်ရေးအတွက် ဖွဲ့စည်းထားသောဒြပ်ထုဖြစ်သည်။ သက်ရှိများအား  အကျိုးပြုသည့် ဤကမ္ဘာမြေသည် ပမာဏသတ်မှတ်ချက်တစ်ခုဖြင့် ဖြစ်တည်နေခြင်းဖြစ်သည်။ ကမ္ဘာမြေကြီးသည် နှစ်သန်းပေါင်းများစွာကြာအောင် လူသားများနှင့်သက်ရှိများအားလုံးအား အကျိုးပြုလျက်ရှိသည်။ လူသားများနှင့်သက်ရှိများအား အကျိုးပြုသည့် ဤကမ္ဘာမြေကြီးကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်