Mar 08, 2020
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်းကြား (အောက်ဘလောက်)တွင် “အားလုံးအတူတကွ ပူးပေါင်းပါဝင်သော လူမှုဝန်းကျင်” အမည်ရှိ ခေါင်းစဉ်ဖြင့် ဖန်တီးပုံဖော်ထား သည့် နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခုကို ဖွင့်လှစ်လိုက်ရာ ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြားဥယျာဉ် စုစုပေါင်း ၁၁ ခု ရှိလာပြီဖြစ်သည်။ ယင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဒို့အိမ်အဖွဲ့၊ ရပ်ကွက်နေပြည်သူများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးသူ များနှင့် အလှူရှင်တို့၏ပူးပေါင်းအကောင် အထည် ဖော်မှုများမှ ပေါ်ထွက်လာသည့် ရလဒ်များပင်ဖြစ်သည်။
Mar 08, 2020
ရန်ကုန် မတ် ၈
ငွေကြေးလဲလှယ်နှုန်းကျဆင်းနေခြင်းနှင့်အတိုးနှုန်းထား မြင့်တက်နေခြင်းတို့ကို ဗဟိုဘဏ်အနေဖြင့် ဝင်ရောက် ထိန်းကျောင်းပေး ရန် လုပ်ငန်းရှင်များက အဆိုပြုထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြော သည်။
အခက်အခဲများ ကြုံတွေ့နေရ
Mar 08, 2020
နေပြည်တော် မတ် ၈
တပေါင်းလကို “နေ့ပူလို့ညချမ်း၊ တပေါင်းလသရမ်း” ဟု ဆိုစမှတ်ပြုကြ လေသည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ် ကာ သစ်ပင်များသည် ရွက်ဟောင်းများစွန့်၍ ရွက်သစ်လွန်ကာ အညွန့်၊ အညှောင့်လေးများ ပေါ်ထွက် လာခြင်းဖြင့် တင့်တယ် သာယာ လှပေသည်။ “တပေါင်းသာခေါင်လများနောင်” ဟူသော ဆိုစကားနှင့်အညီ တပေါင်းလတွင် မြစ်ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီပွဲကျင်းပလေ့ရှိပြီး မြန်မာ နိုင်ငံအနှံ့အပြားတွင် ဘုရားပွဲတော်များ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြသည်။
Mar 08, 2020
မြန်မာနိုင်ငံ၏ အထင်ကရ ရန်ကုန်တက္ကသိုလ်ကြီး ဖြတ်သန်းခဲ့သောကာလ တစ်လျှောက်အတွင်း နိုင်ငံနှင့် လူမျိုးအတွက်ထင်ရှားသော သမိုင်းမော်ကွန်း များ၊ မှတ်တိုင်များ ရေးထိုးစိုက်ထူနိုင်ခဲ့သည်။ ဗြိတိသျှ အစိုးရ သည် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကိုပြဋ္ဌာန်းပြီး တက္ကသိုလ်နယ်မြေအဖြစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်သတ်မှတ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ် (၁၀၀) ပြည့် ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။
Mar 08, 2020
ရန်ကုန် မတ် ၈
တပေါင်းလကို “နေ့ပူလို့ညချမ်း၊ တပေါင်းလသရမ်း” ဟု ဆိုစမှတ်ပြုကြလေသည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ်ကာ သစ်ပင်များသည် ရွက်ဟောင်းများစွန့်၍ ရွက်သစ်လွန်ကာ အညွန့်၊ အညှောင့်လေးများ ပေါ်ထွက်လာခြင်းဖြင့် တင့်တယ် သာယာလှပေသည်။
“တပေါင်းသာခေါင်လများနှောင်” ဟူသော ဆိုစကားနှင့်အညီ တပေါင်းလတွင် မြစ်ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီပွဲကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် ဘုရားပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပ လေ့ရှိကြသည်။
Mar 08, 2020
ရိခေါ်ဒါရ် မတ် ၈
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့သို့ လေ့လာရေးခရီးစဉ်ဖြင့် ရောက်ရှိလာကြသည့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ဦးမိုးကျော်အောင် ဦးဆောင်သည့် အာဆီယံ သံအမတ်ကြီးများသည် ယမန်နေ့ ညနေပိုင်းက ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြရာ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရိပြည်ထောင်စုရိပ်သာမုခ်ဦး၌ ကြိုဆိုကြသည်။
Mar 07, 2020
ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်
ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ ခင်ဇော်(ကေသီပန်)ဆိုပြီးတော့ နာမည်ရှိတဲ့သူ ပါပဲ။ အခုကတော့ ကျွန်တော်တို့ကတော့ ဆရာ ဦးခင်ဇော်လို့ ခေါ်ဆိုပါတယ်။ ဆရာ ဦးခင်ဇော်ဟာ နာမည်ကျော် လူငယ်ဒါရိုက်တာ မိုက်တီးရဲ့ ဖခင်ဖြစ်သလိုပဲ သရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
(၁၈-၂-၂၀၂၀ ရက်နေ့မှအဆက်)
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ ဓာတ်ပုံတွေ့ဖူး
တယ်။
ဦးခင်ဇော် ။ ။ အဲဒီတော့ဟိုဘက်မှာ အောင်ဇေ
ယျ ရုပ်ရှင်က ခေတ်ကောင်းနေ တော့ ဦးခင်မောင် အပ်ပါးဘားမား။
Mar 07, 2020
နေပြည်တော် မတ် ၇
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကော်မရှင် ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနား တွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး (ဝဲပုံ) အခြေခံလေ့ကျင့် ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ၌ ပထမရရှိသော ဒေါ်အိရွှေဇင်အောင်၊ ဒုတိယရရှိသော ဒေါ်သိမ့်သီရိဆွေ၊ တတိယရရှိသော ဒေါ်မြတ်ပန်းဖြူ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
Mar 07, 2020
ရန်ကုန် မတ် ၇
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ် ချက်များ အကောင်အထည်ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA - S EAO)၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ဆက်လက် ကျင်းပသည်။
Mar 07, 2020
တရားမဝင် သစ်ဖမ်းဆီးမှုများကို သတင်းများ၌ နေ့စဉ်လိုလို တွေ့ရှိနေရသည်။ သစ်မှောင်ခိုလုပ်ငန်းသည် အကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အလျောက် သစ်မှောင်ခို ခုတ်လှဲ၊ ခွဲစိတ်၊ သယ်ယူ ရောင်းဝယ်မှုများကို အထက်၊ အောက် မြန်မာနိုင်ငံ အနှံ့အပြား၌ ဖမ်းမိနေခြင်းလည်း ဖြစ်သည်။
Mar 07, 2020
တပေါင်းလသည် မပူလွန်း၊ မအေးလွန်း ရာသီဥတု မျှတသောကာလ ဖြစ်ပါသည်။ ဥဒေါင်းငှက်အပေါင်းတို့ ပျော်မြူးတွန်ကျူးသောလ၊ တောပန်းတောင်ပန်းတို့ ဖူးပွင့်ဝေဆာရောင်စုံဖြာနေသောလဖြစ်သည်။ သဘာဝ အလှတရားများ ပြည့်စုံကြွယ်ဝနေသောလတွင် ကောင်းခြင်းမင်္ဂလာအပေါင်း တို့ စတင်ဖြစ်ပေါ်လာကြသည်။
Mar 07, 2020
နေပြည်တော် မတ် ၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဒေသခံဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များနှင့် တောင်ငူခရိုင် Tourism Board အဖွဲ့ဝင်များအား တော်ဝင်ကေတုမတီဟိုတယ်၌ တွေ့ဆုံ သည်။
Mar 07, 2020
ရန်ကုန် မတ် ၇
မြန်မာနိုင်ငံ စားသုံးသူများအသင်း (CAM) မှကြီးမှူးပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ညီအစ်ကိုများအသင်းတော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့က အမှာစကား ပြောကြားကြသည်။
Mar 07, 2020
ရန်ကုန် မတ် ၇
ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၈ ရက်အထိ(တပေါင်းလဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ) ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာဟု ဆိုအပ်သော ပူဇော်ခြင်း အမျိုးမျိုးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပူဇော် လျက်ရှိသည်။
Mar 07, 2020
နေပြည်တော် မတ် ၇
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဖျာပုံမြို့ရှိ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာ၌ ဘိုးဘွား(၃၅) ဦးအတွက် အလှူငွေ ကျပ် (၅)သိန်း၊ စောင်များနှင့် အခင်းများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ဖျာပုံနှင့် ဒေးဒရဲမြို့ တို့တွင် ဖွင့်လှစ်လျက်ရှိသော ကိုယ်၀န်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေး သူငယ်များကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)တွင် ပူးပေါင်းဆောင်ရွက်ကြမည့် ရပ်ရွာ အခြေပြု စေတနာလူမှု၀န်ထမ်းသမားများနှင့် တွေ့ဆုံဆွေးနွေး သည်။
Mar 07, 2020
ပဲခူး မတ် ၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့မွန်းလွဲ(၂)နာရီက ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့သည်။
Mar 07, 2020
နေပြည်တော် မတ် ၆
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့မှ တောင်သူ ၄၂ ဦးတို့အား မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပ သည်။
Mar 07, 2020
ပဲခူး မတ် ၇
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ကာ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကာလအတွင်း မှတ်တမ်းလုံးဝ မရှိသေးသည့် ငှက်မျိုးစိတ် ငါးမျိုးကို တွေ့ရှိမှတ်တမ်းသစ် တင်နိုင်ခဲ့ကြောင်း မတ် ၅ ရက်က မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တောအုပ်ကြီး ဦးစိုင်းဝဏ္ဏကြည်က ပြောသည်။
Mar 07, 2020
နေပြည်တော် မတ် ၆
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ရန်ကုန်တရား မျှတမှုစင်တာတို့၏ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်နှင့် ရန်ကုန်တရားမျှတမှုစင်တာမှ Program Director ဦးကျော်မြင့်တို့က အမှာစကား ပြောကြားကြသည်။
