Skip to main content

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် အသွားအလာ ကန့်သတ် နေသည့် ကာလအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်စေရေး အတွက် ဆောင်ရွက်မည့် အစီအစဉ် များနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၄

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်း အသွားအလာ ကန့်သတ်နေသည့် ကာလအတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်စေရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉ ပထမ လှိုင်းကို အောင်မြင်စွာ ဖြတ်ကျော် ခဲ့ပြီး ကိုဗစ်-၁၉ ဒုတိယလှိုင်း ရိုက်ခတ်မှုပြင်းထန်လာမှု အပေါ် ပြည်သူ၊ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများအနေဖြင့် တုန့်ပြန်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ပြည်သူ လူထုအနေဖြင့် ကျန်းမာရေး ဆိုင်ရာ အခက်အခဲများရှိသကဲ့သို့ စားဝတ်နေရေးနှင့် စီးပွားရေး ကိစ္စများကို ကျော်လွှားနိုင်ရန်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု၊ ရောင်းဝယ်မှုများကို ရပ်တန့်မှု မရှိရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများအား  ညှိနှိုင်းဆောင်ရွက်ရန် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေး ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ထိန်းချုပ် ကာကွယ်ပြီး ကုန်သွယ်မှု လုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ရေတိုအတွင်း ကုန်စည် စီးဆင်းမှုများအပေါ် ထိခိုက်မှုရှိလာ သည်ကို လွယ်ကူ လျင်မြန်ချောမွေ့အောင် ဆောင်ရွက်သင့် သည့် အစီအစဉ် များကို လည်း ဆွေးနွေးပြောကြားပေးရန် တိုက်တွန်း ပြောကြား လိုကြောင်း၊ ကိုဗစ်-၁၉ သည် လူဦးရေထူ ထပ်ပါက အမြန်ဆုံးပြန့်ပွားတတ်ကြောင်း ရန်ကုန်တိုင်း အတွေ့ အကြုံအရ သိရှိရပြီး မိမိတို့ ဝန်ထမ်းများ အနေဖြင့်လည်း မည်ကဲ့သို့ ပါဝင်ဆောင်ရွက်နိုင်မည်၊ ကုန်စည် စီးဆင်းမှု လုပ်ငန်း များတွင် အထောက်အကူပြုရေးအတွက် ဆောင်ရွက်သင့် သည်များကိုလည်း ပွင့်ပွင့် လင်းလင်း တင်ပြ ဆွေးနွေး အကြံပြုပေးကြရန် ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး က အရေးကြီးသည့် အချိန်ကိုရောက်နေသဖြင့် Supply Chain မပြတ်တောက်စေရေး၊ ခရီးသွား ကန့်သတ်ချက်များကြောင့် ကုန်စည်စီးဆင်းမှုမပြတ် တောက်စေရေး၊ ဆေးဝါး ပစ္စည်းများ ပြတ်တောက်မှု မဖြစ် ပေါ်စေရေးအတွက် အားလုံးပူး ပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအေးမောင်စိန်က ကိုဗစ်-၁၉ အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ညွှန်ကြား ချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုများ၊ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ် ဆောင်ရွက် မှုနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးတင်ပြပြီး ရန်ကုန် မြို့တော်ဝန်က ကုန်စည်စီးဆင်းမှုမှန်ကန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ် ရေးအတွက် ဆောင်ရွက် နေမှုနှင့် စီစဉ်ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်း အဖွဲ့များ၊ ရန်ကုန်တိုင်း ကုန်သည်စက်မှုအသင်းချုပ်၊ မန္တလေးတိုင်း ကုန်သည်စက်မှုအသင်းချုပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်စက်မှုအသင်းချုပ်တို့မှ တာဝန်ရှိသူများက ကုန်စည်စီးဆင်းမှုများနှင့်ပတ်သက်၍ တင်ပြ ဆွေးနွေးပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ပြန်လည် ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)