ပဲခူး စက်တင်ဘာ ၁၄
ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် ပဲခူးတိုင်းဒေသကြီး COVID-19ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ရုံးသို့ စက်တင်ဘာ ၁၄ရက် နံနက် ၉နာရီခွဲက ကမ္ဘောဇ ဘဏ်မိသားစုမှ ပဲခူးမြို့ရှိပြည်သူများအတွက် COVID-19ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်း များနှင့် ပဲခူးဆေးရုံအတွက် အလှူငွေကျပ်သိန်း(၁၀၀)တို့အား လှူဒါန်းခြင်းအခမ်းအနား ကျင်းပခဲ့သည်။ရှေးဦးစွာ ကမ္ဘောဇဘဏ် ပဲခူးဘဏ်ခွဲ (၁)မှ မန်နေဂျာ ဒေါ်သွယ့်သွယ့်အေးနှင့် ဝန်ထမ်းများက ပဲခူးမြို့ရှိပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်း (၈)မျိုးဖြစ်သည့် ဆေးရုံသုံးMask (၁၀၀၀၀၀)ခု၊ ခေါင်းစွပ်(၂၀၀၀)ခု၊ မျက်နှာအကာFace Shield (၅၀၀)ခု၊ လက်အိတ် (၅၀၀၀)ခု၊ Hand Gel ဘူးကြီး(၅၀၀)ဘူး၊ မျက်မှန်(၁၀၀) နှင့် PPEဝတ်စုံ(၂၀၀)စုံနှင့် ပဲခူးမြို့ ပြည်သူ့ဆေးရုံ ကြီးတွင် အထွေထွေအသုံးပြုရန်အတွက်ငွေကျပ်(၁၀၀)သိန်းတို့ကိုပေးအပ်လှူဒါန်းကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် COVID-19ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင် များက လက်ခံရယူကြပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူ းတို့က ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ရွှေ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်၊ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်ဇော်ဦးနှင့် ကမ္ဘောဇဘဏ် ပဲခူးဘဏ်ခွဲ(၁)မှ မန်နေဂျာ ဒေါ်သွယ့်သွယ့်အေး နှင့် ဝန်ထမ်းများ၊ COVID-19ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)