မြဝတီ စက်တင်ဘာ ၁၃
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉၀ သည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတား မှတစ်ဆင့် ယနေ့တွင် ဆက်လက် ဝင်ရောက်လာကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများအား ခရိုင်အုပ်ချုပ် ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက်မှ ၃၁ ရက် အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက် မှ ၃၁ ရက်အထိ ၁၈၅၉၇ ဦး၊ သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ၁၅၉၉၈ ဦး၊ စက်တင်ဘာ ၁ ရက် မှ ၁၃ ရက်အထိ ၅၇၇၀ စုစုပေါင်း ၇၇၃၈၃ ဦးတို့ ပြန်လည် ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူများမှာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၇၅ ဦး စုစုပေါင်း ၁၉၀ ဖြစ်ပြီး သက်ဆိုင်ရာ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင် (ပြန်/ဆက်)