Dec 13, 2021
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းလောင်းအခြေခံ၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၈) သင်တန်းဖွင့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
Dec 13, 2021
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများ သည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ် ဆည်းကပ်ရာ ရဟန်းသံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေး အဆောက်အဦများ၊ နေအိမ်အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။
Dec 13, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ သည် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဆေးရုံ၊ စာသင်ကျောင်းများ၊ နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ဖွဲတိုက်ခိုက်ဖျက်ဆီးခြင်း၊ ရက်စက် ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ အရွယ်မရောက် သေးသည့် ကလေးသူငယ်များကိုပါ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်လာစေရန် သွေးထိုး မြှောက်ပင့်၍ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် စေခိုင်းလျက်ရှိသည်။
Dec 13, 2021
CRPH နှင့် NUG အမည်ခံ NLD ထောက်ခံအကြမ်းဖက်အဖွဲ့ အစည်းများသည် အလုံးစုံပျက်သုန်းရေး ဦးတည်ချက် များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်ရန်အတွက် အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊
Dec 13, 2021
နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ် ဖမ်းဆီးခြင်းများအား နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ နိုဝင်ဘာလ ၁၅ ရက်တွင် မိုးကုတ်မြို့၊ လယ်ဦးရပ်ရှိ မိညောင်(ခ)ညီညီအောင်၏ နေအိမ်တွင်မိုးကုတ် PDF အကြမ်းဖက် အဖွဲ့ဝင်များ ရောက်ရှိနေကြောင်းသိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံ အောင်ကိုဝင်း (၂၀)နှစ်အား KA-25 သေနတ် ခြောက်လက်၊ ကျည်အိမ် ခုနစ်ခု၊ ကျည် ၂၅၀ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး နှစ်လုံး၊ အီကွေ့မန့် ခြောက်စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ အောင်ကိုဝင်း၏ ထွက်ဆိုချက်အရ မိုးကုတ်မြို့၊ လယ်ဦးကျေးရွာ၊ သံလွင်တောင်ရပ်ရှိ တောင်ယာတဲ၌ KA-25 သေနတ် နှစ်လက်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
Dec 13, 2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက် ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက
Dec 13, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမ အရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ် လုပ်ငန်းလည်ပတ်စေနိုင်ရန်နှင့် စားသုံးသူ အသင်းသားပြည်သူများသို့ သက်သာ ချောင်ချိစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန က ဆန်နှင့် ဆီများ ဖြန့်ဖြူးရောင်းချပေးသည်။
Dec 13, 2021
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားမျိုးနွယ်စုတစ်ရာကျော် စုစည်းနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုသား အားလုံးတို့သည် နှစ်ပေါင်းထောင်ချီ အေးအတူ ပူအမျှ မရှိအတူ ရှိအတူ ချစ်ခင်ရင်းနှီးစွာ အတူလက်တွဲနေထိုင်ခဲ့ကြသည်။ မျိုးနွယ်စုတစ်ခုချင်းစီ အလိုက်ဖြစ်တည်နေသော အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများအား လေးစားတန်ဖိုးထား နားလည်ကြသည်။
Dec 13, 2021
ပြည်ဖျက်မီဒီယာများနှင့် မိမိတို့နိုင်ငံကို ဝင်ရောက်စွက်ဖက်လိုသော ပြည်ပနိုင်ငံအချို့မှ ပုဂ္ဂိုလ်များက မဟုတ်သည်ကို အဟုတ်လုပ်ကာ အတိုင်အဖောက်ညီညီဖြင့် မြန်မာ့ပြည်တွင်းရေးရာ များတွင် မမှန်မကန်ပြုလုပ်နေကြသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကျဆင်းစေရန်နှင့် မြန်မာ့တပ်မတော်ကို ဆိုးဆိုးရွားရွား အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်လာကြစေရန် ဖန်တီးနေကြခြင်းပင် ဖြစ်သည်။ မြန်မာပြည်တွင်းရှိ အကြမ်းဖက်အုပ်စုများ၊ ပြည်ဖျက်မီဒီယာများနှင့် မြန်မာ့အရေးကို စွက်ဖက်လိုသူများ သုံးဦး သုံးဖလှယ် ပူးပေါင်းကြံစည် ပြုလုပ်နေကြသည့်အလားပင်ဖြစ်သည်။
Dec 12, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ကိုယ်ကျိုး အတ္တကိုအခြေခံ၍ အပြစ်မဲ့ပြည်သူများအား နည်းမျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
Dec 12, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Dec 12, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတို့မှ ကုမ္ပဏီ (၄)ခု၊ ယာဉ်စီးရေ(၁၀)ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီးဖြင့် တန် (၂၀) နှင့် နှာခေါင်းစည်း (Mask) တန် (၆၀) တို့ကို တင်သွင်းခဲ့သည်။
Dec 12, 2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) နှင့် ကုန်းလမ်းပို့ဆောင်ရေး၊ အခြေစိုက်အလုပ်ရုံ အမှတ် (၃) (မရမ်းကုန်း) တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Dec 12, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (ရန်ကုန်-နေပြည်တော်အပိုင်း)၊ ဒိုက်ဦး-စစ်တောင်းလမ်းနှင့် B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားကြီး - ကျိုက်ထို - သထုံ - ဘားအံ လမ်း ၊ တံတား ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။
Dec 12, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က လိန်းလီကျေးရွာအနီး အထက်ပေါင်းလောင်းဆည်၌ ရေပေါ်လှောင်အိမ်ဖြင့် တီလားပီးယားငါး မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ငါးမွေးမြူရေး တောင်သူများနှင့် တွေ့ဆုံ၍ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ရေချိုငါး ပုဇွန် စီးပွားဖြစ်မွေးမြူနိုင်ရေးအတွက် တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
Dec 12, 2021
၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ”ရောင်စုံ ဓာတ်ပုံပြိုင်ပွဲကို ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက စက်တင်ဘာ ၁၄ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ဖိတ်ခေါ်ကျင်းပခဲ့ရာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ တိုင်းရင်း သားရိုးရာ အလှအပများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ထင်ရှားသည့် အမှတ်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည့် လွတ်လပ်ရေး၏ အနှစ်သာရတို့ကို ဖော်ညွှန်းရိုက်ကူး ထားသည့် ဓာတ်ပုံများဖြင့် မြန်မာနိုင်ငံ အနှံ့အပြားမှ ဓာတ်ပုံပညာရှင် ၁၄၀က ပြိုင်ပွဲ ဝင်ဓာတ်ပုံ ၃၃၉ပုံ ဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
Dec 12, 2021
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ( ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် မြိတ်မြို့ ကန်ခေါင်းရပ်ကွက် ကန်ခေါင်းဈေးလမ်း (သန္တာလမ်း) တွင် ကျော်မင်းဦး(ခ) ယူစွဖ်(ခ) ရီဆွတ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ၁ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့ အလယ်ကျွန်း ရပ်ကွက် ခွာညိုလမ်းနေ မအေး အေးသန်း(ခ) လာဟီမာဘီ ကို ၎င်း၏နေအိမ်၌ စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀၀ နှင့်လည်း ကောင်း၊ မွန်းလွဲ၁ နာရီ ၄၅ မိနစ် တွင် မြိတ်မြို့ ကန်ခေါင်းရပ်ကွက် ကန်ခေါင်းဈေးလမ်း(သန္တာလမ်း) နေ မဥမ္မာဆွေ(ခ) မရာဟီမာ ကို ၎င်း၏နေအိမ်၌ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ နှင့်လည်းကောင်း။
Dec 12, 2021
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက် ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အား တိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ဆေးတစ်လုံးလျှင် လူ ၅ ဦးထိုး နိုင်သော Sinopharm ေဆးများနှင့် ဆေးတစ်လုံးလျှင် လူ ၂ ဦးထိုးနိုင်သော Sinovac ေဆးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေး လမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။
Dec 12, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Dec 12, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါ အဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား အကျဉ်း သူများ၊ မသန်စွမ်းသူများ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ် မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။
