နေပြည်တော် ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမ အရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ် လုပ်ငန်းလည်ပတ်စေနိုင်ရန်နှင့် စားသုံးသူ အသင်းသားပြည်သူများသို့ သက်သာ ချောင်ချိစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန က ဆန်နှင့် ဆီများ ဖြန့်ဖြူးရောင်းချပေးသည်။
ထိုသို့ ရောင်းချရာတွင် ကျောက်တန်းမြို့နယ် သမဝါယမအသင်းစုမှ ပေါ်ဆန်း(ကြားပျံ) ၂၄ ပြည်ပါ အိတ် ၁၆၀၊ ပခုက္ကူ ဒေသထွက် မြေပဲဆီသန့်နှင့် နေကြာဆီသန့် ပိဿာချိန် ၁၂၇၀ တို့ကို မြို့နယ်သမဝါယမ အသင်းစုများမှတစ်ဆင့် ရန်ကင်း၊ ကျောက်တံတား၊ ဒဂုံ၊ သန်လျင် ပန်းဘဲတန်း၊ သာကေတ၊ ဒေါပုံ၊ ဗိုလ်တထောင်၊ လမ်းမတော်နှင့် စမ်းချောင်းမြို့နယ်များရှိ သမဝါယမအသင်းများက အသင်းသားပြည်သူများသို့ ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်း ထားဖြင့် ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်