Skip to main content

“လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများစာရင်း ထုတ်ပြန်

နေပြည်တော် ဒီဇင်ဘာ ၁၁

၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာရောင်စုံ ဓာတ်ပုံပြိုင်ပွဲကို ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက စက်တင်ဘာ ၁၄ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ဖိတ်ခေါ်ကျင်းပခဲ့ရာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ တိုင်းရင်း သားရိုးရာ အလှအပများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ထင်ရှားသည့် အမှတ်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည့် လွတ်လပ်ရေး၏ အနှစ်သာရတို့ကို ဖော်ညွှန်းရိုက်ကူး ထားသည့် ဓာတ်ပုံများဖြင့် မြန်မာနိုင်ငံ အနှံ့အပြားမှ ဓာတ်ပုံပညာရှင် ၁၄၀က ပြိုင်ပွဲ ဝင်ဓာတ်ပုံ ၃၃၉ပုံ ဖြင့် ပါဝင်  ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါရောင်စုံဓာတ်ပုံပြိုင်ပွဲ၌ ပထမဆု ဦးဇော်မင်းလွင်၊ ဒုတိယဆု ကိုဝင်းတိုးနှင့် တတိယဆု သန်းနိုင်ဦး(ငဖဲ) တို့ကရရှိခဲ့ကြပြီး အထူးဆုများအဖြစ် ကောင်းဆက်ဝေ၊ ဦးအောင်ကျော်မိုး၊ သန်းနိုင်ဦး (ငဖဲ) နှစ်ဆုနှင့် ဦးချမ်းသာတို့က အသီးသီး ရရှိကြသည်။

ဆုရရှိသူများအား ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး (ဌာနက ဆုများ ထိုက်တန်စွာ ချီးမြှင့်သွား မည်ဖြစ်ပြီးဆုပေးပွဲ ကျင်းပမည့်ရက်အားထပ်မံအသိ ပေးအကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်