နေပြည်တော် ဒီဇင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက် ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အား တိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ဆေးတစ်လုံးလျှင် လူ ၅ ဦးထိုး နိုင်သော Sinopharm ေဆးများနှင့် ဆေးတစ်လုံးလျှင် လူ ၂ ဦးထိုးနိုင်သော Sinovac ေဆးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေး လမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ သို့ Sinopharm ဆေး ၁၂၀၀၁၅ လုံး၊ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ Sinopharm ဆေး ၃၈၀၈၀ လုံးနှင့် Sinovac ဆေး ၃၃၄၉၈ လုံး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့သို့ Sinopharm ဆေး ၁၆၃၀ လုံးနှင့် Sinovac ၁၀၀၀၀ လုံး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ Sinopharm ဆေး ၂၉၉၅၀ လုံးနှင့် Sinovac ဆေး ၁၄၆၃၆ လုံး၊ ပြည်မြို့သို့ Sinopharm ဆေး ၂၃၉၆၀ လုံးနှင့် Sinovac ဆေး ၂၀၀၂၂ လုံး ၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ Sinopharm ဆေး ၁၄၉၈၃၀ လုံးနှင့် Sinovac ဆေး ၅၇၂၀၀ လုံး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ Sinovac ဆေး ၁၂၀၀၀ တို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ပို့ဆောင်ပေးရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်