Skip to main content

Dec 11, 2021

နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော NUGနှင့် CRPH အဖွဲ့ က ဒီဇင်ဘာ ၁၀ ရက်ကို အသံတိတ်သပိတ် (Silent Strike Day) သတ်မှတ်၍ ပြည်သူများ အပြင်မထွက်ရန် လေလှိုင်းပေါ်မှ ထုတ်ပြန်ချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းကြောင့် ယနေ့တွင် မြို့ကြီးအချို့နှင့် ဒေသအချို့၌ ဈေးဆိုင်များပိတ်ထားခြင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းမတက်ခြင်း၊ ပြည်သူများ သွားလာလှုပ်ရှားမှု နည်းပါးခြင်းများ ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ တပ်မတော်နည်းပညာတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယဗိုလ်မှူးကြီး မြင့်ဝင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

တပ်မတော်နည်းပညာတက္ကသိုလ်၊ အမှတ်စဉ်(၂၃) ဗိုလ်လောင်းသင်တန်း ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် နည်းပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ပေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သည့် (၇၃) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် “လူ့အခွင့်အရေးသည် လူသားအားလုံးရပိုင်ခွင့်ရှိသည့် ပယ်ဖျက်၍မရသော မွေးရာပါအခွင့်အရေးဖြစ်သော်လည်း မိမိတို့၏အခွင့်အရေးများကို ရရှိခံစားရာတွင် သူတစ်ပါး၏အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး ထိခိုက်နစ်နာဆုံးရှုံးမှုမရှိရလေအောင် ကျင့်သုံးခြင်းမှာလည်း လူ့အခွင့်အရေး၏ အရေးပါသောအနှစ်သာရတစ်ရပ်ဖြစ်သည်” ဟုဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2021

ကျန်းမာရေးအတွက် ဆီလျှော့စားရန် အကြံပြုမှုများကို မကြာခဏဆိုသလို တွေ့ကြရသည်။ အဓိကအကြောင်းရင်းမှာ မြန်မာလူမျိုးတို့ ဆီစားသုံးမှုများပြားနေခြင်းနှင့် ကျန်းမာရေး မညီညွတ်သောလူနေမှုပုံစံကြောင့် မကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှု များပြားနေခြင်း ကြောင့်လည်း ဖြစ်သည်။ ဆီကို အလွန်အကျွံမစားသင့်သော်လည်း လုံးဝရှောင်ကြဉ်ရမည်မဟုတ်။ အဆီဓာတ်သည် ကိုယ်ခန္ဓာမှစွမ်းအင်ထုတ်လုပ်ရန်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ စုပ်ယူနိုင်ရန်အတွက် လိုအပ်သည်။ ဆိုးကျိုးပေးနိုင်သည့်ဆီကို ရှောင်ပြီး ကောင်းကျိုးပေးနိုင်သည့်ဆီကို လိုအပ်သလောက် စားသုံးကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့ကို အထောက်အကူဖြစ်စေမည့် ဝင်ငွေ နည်းပြည်သူများ ငွေကြေးဝန်ဆောင်မှုကို လွယ်ကူသက်သာစွာရရှိရေးကို နိုင်ငံတော်မှ အလေးထား ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းစဉ်များ ကြီးကြပ်ကွပ်ကဲ အကောင်အထည်ဖော် ဆောင်ရွက်သည့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့် မြှင့်တင်ရေးစီမံကိန်း အဆင့် (၁)ဖြစ်သည့် ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း (ပြွန်တန်ဆာစီမံကိန်းရုံး)၊ စီမံကိန်းရထား လမ်းပိုင်းပြီးစီးမှု၊ တံတားတည်ဆောက်မှုနှင့် ပျဉ်ပုံကြီးဘူတာ မွမ်းမံပြင်ဆင်မှု လုပ်ငန်းခွင်များကို ကြည့်ရှု့စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကိုလေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေး စခန်းများမှနှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၊ မြဝတီကုန်သွယ်ရေးဇုန်နှင့် ကျိုင်းတုံပို့ကုန်သွင်းကုန်ရုံးတို့မှ ကုမ္ပဏီ (၃)ခု၊ ယာဉ်စီးရေ (၇)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁)စီးဖြင့် တန် (၂၀) နှင့် နှာခေါင်းစည်း (Mask) (၂၉) တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ်(၁)စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

ဒုတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဒုတိယ(၆)လပတ် ကောင်စီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က Virtual စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယက၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းဆင်း ဝန်ထမ်းများအား ဖွင့်လှစ်သင်ကြားပေးသည့် ရက်တိုလုပ်ငန်းခွင် သင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြမ်းဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 10, 2021

(၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၂၇)ပြည်လမ်းရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး (Conference Room) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်