နေပြည်တော် ဒီဇင်ဘာ ၁၂
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများ သည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ် ဆည်းကပ်ရာ ရဟန်းသံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေး အဆောက်အဦများ၊ နေအိမ်အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့နယ်ပညာရေးမှူးရုံးအား အကြမ်းဖက်သမားများ လေး ဦးသည် မော်တော်ဆိုင်ကယ် နှစ် စီးဖြင့် ရပ်ကွက်(၈)ဘက်မှ ရောက်ရှိလာပြီး လက်ပစ်ဗုံး တစ် လုံးဖြင့် ပစ်ပေါက်၍ ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ရပ်ကွက်(၇)အနီး မသင်္ကာဖွယ်ရာ အမျိုးသား နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် အရှိန်ပြင်းစွာမောင်းနှင်လာသဖြင့် စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ နောက်မှလိုက်ပါလာသည့် အမျိုးသားတစ်ဦးက လက်လုပ် မိုင်းဖြင့် ပစ်ပေါက်ရန် ချိန်ရွယ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ ဝိုင်ဝိုင်း(ဘ)ဦးဝင်းမော်(၁၈)နှစ်နှင့် ဉာဏ်ဝင်း(ဘ)ဦးလှငွေ(၃၄) နှစ်တို့နှစ်ဦးအား လက်လုပ်မိုင်းတစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား တရားဉပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် လိုအပ်သည့် စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့/ရွာ လုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်