Skip to main content

Jun 24, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်း နိုင်ငံခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များသည် ယနေ့တွင် မော်စကိုမြို့ရှိ အထင်ကရနေရာများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ လျှပ်စစ်နှင့်စွမ်းအင်ပြတိုက်နှင့် MGIMO ကျောင်းတို့သို့ သွားရောက်ကြည့်ရှု လေ့လာကြပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2021

ရုရှားနိုင်ငံ မော်စကိုမြို့၌ ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်ကျင်းပသော (၉) ကြိမ်မြောက် မော်စကို အပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံ၏ အဓိကခေါင်းစဉ်မှာ တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးပြဿနာများကို ရည်ညွှန်းပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2021

(၉) ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) သို့ တက်ရောက်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu က ဇွန် ၂၂ ရက် ညနေပိုင်းတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၉) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး ညီလာခံ (9th Moscow Conference on International Security) ၌ “The Asia-Pacific Region in the context of Global Politics" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးမှု ကောက်နှုတ်ချက်မှာ −

ဆက်လက်ဖတ်ရှုရန်

Jun 24, 2021

(၉)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ RADISSON Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2021

ယနေ့အချိန်ကာလတွင် မြို့ရွာများ၌ မတည်ငြိမ်မှုများနှင့်အတူ ပြည်သူများအား အန္တရာယ်ပြုသော အမှုကိစ္စများ နေ့စဉ်ကြားသိနေရသည်။ ရပ်ရွာများအတွင်း အေးချမ်းစွာနေထိုင်ကြသော ပြည်သူများ အား အစွန်းရောက်နိုင်ငံရေးသမားများ၊ အစွန်းရောက်အကြမ်းဖက်သူများ၊ မသမာသူများက ငွေပေး စေခိုင်းသည့် အဖျက်သမားများ၊ ဒုစရိုက်သမားလူမိုက်များလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူများ အမြောက်အမြား ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ကြသည်ကို ကြားသိနေရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 24, 2021

နယုန်လပြည့်နေ့ကိုမဟာသမယအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တို့က အလေးအမြတ် ထားကြသည်။ ငါးရာသော ရဟန္တာမထေရ်မြတ်တို့နှင့်တကွ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့ရန် လာရောက်ကြသော နတ်အပေါင်းတို့၏ အစည်းအဝေး၌ ထိုသို့လာရောက်သော နတ်ဗြဟ္မာ အပေါင်းတို့၏အမည်ကို ဖော်ပြရာဖြစ်သော မဟာသမယသုတ္တန်တရားတော်ကို မြတ်စွာဘုရားသည် သက္ကကိုင်း ကပ္ပိလဝတ်ပြည်အနီး မဟာဝုန်တောအရပ်၌ ဟောကြားတော်မူခဲ့သည်။ မဟာသမယ ဟူသည် ကြီးကျယ်မြင့်မြတ်သည့် အချိန်အခါဟု အနက်အဓိပ္ပာယ်ရသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူပြီးကုန်သော ရဟန္တာငါးရာတို့၏ ထူးခြား ကြည်ညိုဖွယ်ရာ သံဃာ့အစည်းအဝေးကို ဖူးမြင်ရန် လာရောက်ကြကုန်သော နတ်၊ ဗြဟ္မာများ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ မဟာဝုန်တောသို့ စုရုံးရောက်ရှိနေခဲ့သည့် ထိုအချိန်အခါသည် မဟာ သမယပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ် (၄၃)ဘဏ်မှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့် ဖြင့် အစည်းအဝေးပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

(၂၂-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၀၃၆)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆၈၀) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၈၉,၇၉၂) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၉,၉၂၇) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာ နိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့နံနက် (၁၁)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာ အောင်မိုးညိုနှင့် တာဝန်ရှိသူများ၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းကော်မတီတစ်ခုဖြစ်သော လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဇွန် ၂၂ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းနေရာ၊ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကောင်းမွန်ရေး လုပ်ငန်းနေရာ၊ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ် ရေလမ်း ကောင်းမွန်ရေး လုပ်ငန်းနေရာနှင့် ဟင်္သာတဘူတာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး လုပ်ငန်း လမ်းညွှန်(မူကြမ်း) ဒုတိယအကြိမ်နှင့် ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

စီးပွားရေးသံမှူးများ၏ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးဆောင်ရွက်နိုင်မှုနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး ဆွေးနွေးပွဲ (ပထမနေ့) ကို ယနေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာမျှဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိ အမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 23, 2021

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာသိနားလည်မှုသင်တန်းကို ဇွန်လ ၂၃ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်