Jun 27, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 27, 2021
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၄ ရက် ညနေ ၅ နာရီ မိနစ် ၅၀ တွင် တောင်ကြီး မြို့နယ် အေးသာယာမြို့ အမှတ်(၃) ရပ်ကွက်ရှိ ကားဂိတ်တွင် မသင်္ကာဖွယ်ဆာလာအိတ် တွေ့ရှိကြောင်း သတင်းအရ သွားရောက်ဖွင့်ဖောက်စစ်ဆေး ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၂၀၀ ကို လည်း ကောင်း။
Jun 27, 2021
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မား ရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၅၈၉၆၀ ဦးနှင့် အတွင်းလူနာပေါင်း ၇၅၆၂၂ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
Jun 27, 2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံနှင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူ များကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး လျက်ရှိသည်။ ယနေ့တွင်လည်း ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအားခွဲစိတ်ကုသပေးခြင်း များဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Jun 27, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Jun 27, 2021
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသော စက္ကူစက်ရုံ (ရေနီ)အတွင်း တည်ဆောက်ထားသည့် စွန့်ပစ်စက္ကူသုံး ပျော့ဖတ် နှင့် စက္ကူစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
Jun 27, 2021
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ Cartoon Animation Graphic သင်တန်းဆင်းပွဲ ကို ယနေ့ညနေပိုင်းက နေပြည်တော်-တပ်ကုန်းရှိ MRTV Auditorium ခန်းမ၌ ကျင်းပသည်။ ။
Jun 27, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များသည် ဇွန် ၂၅ ရက်တွင် တာတာစတန်ပြည်နယ် ကာဇန်မြို့ရှိ အထင်ကရ နေရာများသို့ သွားရောက်ကြည့်ရှု လေ့လာကြပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။
Jun 27, 2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russia 24 ရုပ်သံသတင်းဌာန၊ International Review အစီအစဉ်မှ ပင်တိုင်သတင်း တင်ဆက်သူ Mr.Fedor Lukyanov အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားသည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ရပါသည်-
Jun 27, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။
Jun 27, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် Republic of Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ၏ ဖိတ်ကြား ချက်အရ Republic of Tatarstan ၏ ရိုးရာနွေရာသီပွဲတော် (Sabantuy) အခမ်း အနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်သည်။
Jun 27, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၂၅ ရက် ဒေသစံတော်ချိန် ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatastan၊ Kazan မြို့တော်ရှိ PJSC “Kazan Helicopters”ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှု လေ့လာသည်။
Jun 27, 2021
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မဟာလောကရန်နှိမ် အောင်တော်မူ မြတ်စွာဘုရား ပရဝဏ်အတွင်းရှိသာသနာ့ ဗိမာန်ကိစ္စနှင့်ပတ်သက်၍ ဆရာတော် ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနား ကိုယနေ့နံနက် ၁၀ နာရီကအောင်တော်မူ မြတ်စွာဘုရား နှစ်ကျိပ်ရှစ်ဆူ နှစ်ထပ် ဓမ္မာရုံ၌ ကျင်းပသည်။
Jun 27, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် ကိုယ်စား လှယ် အဖွဲ့ဝင်များ လိုက်ပါ၍ ဇွန် ၂၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatastan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် တွေ့ဆုံဆွေးနွေးသည်။.
Jun 27, 2021
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ တွေ့ရှိမှု ရာခိုင်နှုန်း သိသိသာသာ မြင့်တက် လာနေပြီဖြစ်ရာ ကမ္ဘာ့ကပ်ရောဂါ မိမိတို့ထံ ကူးစက်မလာစေရေးအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး အထူး ဂရုပြုကြရန် တိုက်တွန်းနှိုးဆော်လိုသည်။ ဓာတ်ခွဲအတည်ပြုလူနာ များအတွင်း မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးများ ကူးစက်ခံထား ရမှုများကိုပါ တွေ့ရှိခဲ့ရာ ယင်းတို့၏ ရောဂါပိုးကူးစက်နိုင်မှုနှင့် ထပ်မံ ကူးစက်ပျံ့နှံ့နိုင်မှု၊ ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေတို့ မှာ ပိုမို၍ မြင့်မားပြင်းထန်ခြင်းကြောင့် ကြိုတင်ကာကွယ်မှုက ပို၍ အရေးပါလျက်ရှိသည်။
Jun 27, 2021
ကမ္ဘာပေါ်ရှိလူမှုဘဝအသိုက်အမြုံတိုင်းတွင် ဆိုင်ရာဆိုင်ရာကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများကို ပြဋ္ဌာန်းထားသည်။ ယင်းတို့ကို လိုက်နာဆောင်ရွက်ကြမှသာလျှင်လောကအသိုက်အမြုံတို့သည် ငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ ကျင့်ဝတ် သည် ဆိုင်ရာတို့စောင့်ထိန်းရမည့်အလုပ်၊ စည်းကမ်းသည် ဆောင်ရွက်ရမည့်အလုပ်၊ ဥပဒေသည် လိုက်နာရမည့်အလုပ်ဖြစ်သည်။ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေတို့ကို မလိုက်နာပါက လူ့ဘောင်အသိုက်အဝန်းသည် မငြိမ်းချမ်း ပျက်စီးမည်ဖြစ်သည်။
Jun 26, 2021
Jun 26, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့်(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲ တွင် သဘောရေးဖြေအောင်မြင်တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒနှင့် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ်များအား ဘွဲ့တံ ဆိပ်တော်နှင့်အောင်လက်မှတ်ဆက်ကပ်ချီးကျူးပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင်ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြု လုပ်သည်။