Skip to main content

Jan 21, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုနှင့် ပူးပေါင်းအဖွဲ့များမှ နယ်မြေ ရှင်းလင်းစစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ရာ သံတွဲ မြို့နယ်အတွင်း သစ်မျိုးစုံ ၃၈ ဒသမ ၅၉၄၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၃၀၀၀) နှင့် ဇန်နဝါရီ ၁၆ ရက်တွင် တောင် ကုတ်မြို့နယ်နှင့် မြို့နယ်များမှ တောင်သရက်သစ် ၃ ဒသမ ၃၁၁၄တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၇၉၈) စုစုပေါင်းသစ်မျိုးစုံ ၄၁ ဒသမ ၉၀၅၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၃၄၇၉၈) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏လုပ် ထုံးလုပ်နည်းများနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၈၁)နှင့် တပ်မတော် (ရေ)အရာရှိငယ် (အင်ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၅)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိရေတပ် လေ့ကျင့်ရေးဌာနချုပ်စစ်ရေး ပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မိုးအောင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော ကလေးပြုစုရေးဌာနများမှ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်ထားရှိသည့် ပရဟိတဂေဟာ များမှ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်များအတွက် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ ILDONG FOODIS Co, Ltd မှဆိတ်နို့မှုန့် ဘူးများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် Virtual ပုံစံဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ထိုင်းနိုင်ငံသတင်း မီဒီယာကောင်စီတို့ ယနေ့ နံနက်ပိုင်းတွင် video conferencing စနစ်ဖြင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော် စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအခြေခံ ကျသည့်အရေး ပါသောကဏ္ဍဖြစ်သည်။ ပညာအရည်အသွေးမြင့်မားသည့်လူ့စွမ်းအား အရင်းအမြစ်များ ပေါများသောနိုင်ငံသည် ဘယ်မှာလျှင်မဖွံ့ဖြိုးဘဲ ရှိနိုင်ပါအံ့မည်နည်း။ ပညာအရည်အချင်း နိမ့်ကျပြီး လူ့စွမ်းအားအရင်းအမြစ် နည်းပါး သောနိုင်ငံသည် မဖွံ့ဖြိုးဘဲ ဆင်းရဲတွင်းသံသရာ လည်နေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ပညာအရည်အသွေးမြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဦးစားပေးဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

ဒုတိယကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံသည် စစ်မြေပြင်ဖြစ်ခဲ့ရာ စစ်အပြီးတွင် ပြာပုံမျှသာ ကျန်ရစ်ခဲ့ရသည်။ စစ်မဖြစ်မီက ကိုလိုနီနယ်ချဲ့တို့၏ စီးပွားရေး လုပ်ငန်းများမှာ မြေလှန်စနစ်ဖြင့် မီးရှို့ဖျက်ဆီး သွားခြင်းကြောင့် လည်းကောင်း၊ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လည်းကောင်း လုံးဝပျက်စီးသွားခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်းကစစ်ကြီး ပြီးသည့်နောက် ကမ္ဘာပေါ်မှာရှိသည့် နိုင်ငံများထဲမှ မိအေးနှစ်ခါနာ ဖြစ်သည့် မြန်မာနိုင်ငံလို နိုင်ငံမရှိသေးဟု ဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်ကာ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက် သမားများ အနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲ ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင် ကြားပြသပေး လျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင် အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့အား ဖမ်းဆီးခေါ်ဆောင် သွားပြီး သတ်ဖြတ်ခဲ့ရာမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံး၍ အမျိုးသား ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

ထိုင်းဘုရင့်တပ်မတော်နေ့ ဧည့်ခံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် မြို့ရှိ နိုင်ငံခြားသံရုံးများမှ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ သက်ကိုဦး (ဘ)ဦးဌေးဝင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၁)ရပ်ကွက်နေ မျိုးမင်းခိုင် (ခ)မင်းခန့်(ဘ)ဦးသိန်းဇံ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ် ရပ်ကွက်နေ နေအေး(ခ) အာကာသက်ပိုင်မျိုး(ဘ)ဦးမျိုးလင်းနှင့် ဗဟန်းမြို့နယ်။ ရေတာရှည်ရပ်ကွက်နေ အောင်ရဲဝင့်(ခ) တိုက်တိုင်းအောင်(ဘ) ဦးစောဝင်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ယနေ့ မွန်းလွဲ (၂) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းအရှိန်အဟုန်ဖြင့်ဆောင်ရွက်ရမည့် ပန်းခင်းစီမံချက် နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများကို တွေ့ဆုံမှာကြားသည့် အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

တပ်မတော်က ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသတို့ကို အမှူးပြု၍ နတ်စင်တစ်ရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇနှင့် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မျာ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2022

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံလူရွှင်တော်အသင်း (ဗဟို) တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၃)ကို ဇန်နဝါရီ (၂၂)ရက်၊ စနေနေ့ည(၈)နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်