Jan 20, 2022
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်အမှတ် (၅၀)ကို ဇန်နဝါရီ (၂၁)ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည် ဖြစ်သည်။
Jan 20, 2022
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(င) ပထမပွဲစဉ်ကို ဇန်နဝါရီ ၂၁ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည် ဖြစ်သည်။
Jan 20, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဉီးစီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အရာထမ်း၊ အမှုထမ်းများဖြင့် ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုး တိုးတက်မှု အလားအလာကောင်း တစ်ရပ်၏ ပြယုဂ်-ခေါင်းဆောင်မှု အရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
Jan 20, 2022
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ ပြည်ထောင်စုအလံတော် သယ်ယူပို့ဆောင်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 20, 2022
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်း များကို ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် ဇန်နဝါရီ ၁၉ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Hexisol Hand Rub With Dispenser ၁၀၀၀၊ Spinocan ၂၅၀၀၀ ၊ Original Perfusor Line ၂၅၀၀၀၊ Infusomat Space Line ၅၀၀၀၊ I.V Administration Set ၁၀၀၀၀ ၊ Surgical Glove ၈၁၀၀၊ ဆေးဝါးမျိုးစုံ ၆၀ စုစုပေါင်း ၂၀၅၅၈၇ ဒသမ ၈၄ kg၊ နယ်စပ် (ချင်းရွှေဟော်) တွင် ကုမ္ပဏီတစ်ခုမှ Oxygen Cylinder ၁၁၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Jan 20, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ဦးစားပေး အစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ ထိုးနှံပေးလျက် ရှိသည်။
Jan 20, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jan 20, 2022
ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တပိတ်ထားခဲ့သည့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ ပြည်ပကုန်သွယ် စီးပွားလုပ်ငန်းများကို ပြုလုပ်ရာတွင် အများအားဖြင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို အဓိကအားပြုလျက် ရှိပြီး လွန်ခဲ့သောကာလများက တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးကို ခေတ္တပိတ်ထား လိုက်သဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သူနှင့်ကုန်သည်များ ထိခိုက်နစ်နာမှုများစွာ ဖြစ်ခဲ့ရသည်။
Jan 20, 2022
ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်အဟုန် ပြန်လည်မြင့်တက်လာခဲ့ရာ နိုင်ငံအချို့၌ နေ့စဉ်ကူးစက်မှုများ စံချိန်တင်လျက်ရှိကြောင်း နိုင်ငံတကာသတင်းများ၌ တွေ့ရှိနေရသည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်ခုဖြစ်သည့် အမေရိကန် နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်သန်းခွဲအထိ ပင်ရှိခဲ့ကြောင်း သိရပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင် ကမ္ဘာ့ ဒုတိယအများဆုံး ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် နေ့စဉ် ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော် ရှိနေသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ကပ်ရောဂါကူးစက်မှု အရှိန်မပြေသေးသည်မှာလည်း ဂရုပြုဖွယ်ဖြစ်သည်။
Jan 19, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Jan 19, 2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တတိယနေ့ အစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
Jan 19, 2022
၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင် တက်ရောက်ကြည့်ရှု အားပေးကြသည်။
Jan 19, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
Jan 19, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် (၃) ၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၏ စားသောက်ရေးနှင့် သက်သာချောင်ချိရေး အထောက်အကူ ဖြစ်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။
Jan 19, 2022
ပွင့်လင်းရာသီတွင် ဖြစ်ပေါ်လေ့ရှိသော တောမီးလောင်ခြင်းနှင့် တောင်ယာမီးရှို့ခြင်းတို့မှ ထွက်ရှိသော မီးခိုးမြူငွေ့နှင့် ပြာမှုန့်များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိသဖြင့် Fire Hotspots မီးလောင်ကျွမ်းမှု များပြားနေခြင်းကို လျှော့ချသွားရန်၊ မီးလောင်ကျွမ်းခြင်းများကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ ညစ်ညမ်းမှုကြောင့် ဂေဟစနစ်နှင့် လူသားတို့၏ ကျန်းမာရေးအတွက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 19, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jan 19, 2022
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ရေမြောင်းရေစီးရေလာကောင်းမွန်စေရန် အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် ကားပါကင်အောက် မြေအောက်မြောင်း ရှင်းလင်းနေမှု ကိုသွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည် များမှာကြားသည်။
Jan 19, 2022
ကချင်ပြည်နယ်အတွင်း မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မလိခခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီအသင်းနှင့် ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jan 19, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း များတွင်မွေးမြူရေးဒီပလိုမာသင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရာတွင် သင်ကြားမှုအထောက်အကူဖြစ်စေရန်အတွက် ပုသိမ်ကြီး စိုက်ပျိုးရေး သိပ္ပံကျောင်းရှိ ငါးကန်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက အဆိုပါကျောင်း ငါးမွေးကန်တွင် ပြုလုပ်သည်။
Jan 19, 2022
ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုရရှိစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးတို့အတွက် သဘာဝ မြစ်ချောင်းအင်းအိုင် ဆည်တမံများအတွင်း ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ နေပြည်တော် တိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံအတွင်း ရေဆင်းငါးလုပ်ငန်းစခန်းမှ ထုတ်လုပ်သော နှစ်လက် မအောက်ခံအရွယ် ငါးမြစ်ချင်းသား ပေါက်ကောင် ရေ ၁၀၀၀၀၀ မျိုးစိုက်ထည့်သည့် အခမ်းအနားကို ဇန်နဝါရီလ ဒုတိယပတ်က ကျင်းပသည်။
