Skip to main content

ထိုင်းဘုရင့်တပ်မတော်နေ့ ဧည့်ခံပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၀

ထိုင်းဘုရင့်တပ်မတော်နေ့ ဧည့်ခံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် မြို့ရှိ နိုင်ငံခြားသံရုံးများမှ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဉီးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် ဧည့်သည် တော်များအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံဒုတိယ သံအမတ်ကြီး Mrs.Kanokwan Pengsuwan၊ ထိုင်းနိုင်ငံစစ်သံမှူး Senior Colonel. Saranyanis Sutthiwajchinadej နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းကို ဖွင့်လှစ်ကာ အလေးပြုကြပြီး ထိုင်းစစ်သံမှူးက နှုတ်ခွန်းဆက် စကား ပြောကြားသည်။ ဆက်လက်၍ ထိုင်းဘုရင့်တပ်မတော်နေ့၏ video ကို ဖွင့်လှစ် ပြသသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် ထိုင်းစစ်သံမှူးတို့က ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ် ကိတ်မုန့်အား လှီးဖြတ်ကြပြီး တက်ရောက် လာကြသော ဧည့်သည်တော်များနှင့် အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ထိုင်းစစ်သံမှူးနှင့်ဇနီးတို့က အခမ်း အနားသို့ တက်ရောက် လာကြသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည့်ခင်း ဧည့်ခံ ခဲ့ကြောင်း သတင်းရရှိသည်။