ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုး တိုးတက်စေရေး ကြည့်ရှုစစ်ဆေး
သာယာဝတီ ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ (၃၀)ရက် မွန်းလွဲပိုင်းက သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ဟိန္ဒူဘုရားကျောင်းသို့ရောက်ရှိပြီး ဘုရားကျောင်းပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ထောက်ပံ့ငွေ(၁၀)သိန်းပေးအပ်သည်။
ထို့နောက် မင်းလှမြို့နယ် သစ်တောဦးစီးဌာန ရွှေဝါမြိုင်ပျိုးဥယျာဉ်သို့ ရောက်ရှိပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ မန်ဂျန်ရှားနှင့် အခြားနှစ်ရှည်ပျိုးပင် ပျိုးထောင်ထားရှိမှုများကို လည်းကောင်း၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာ အုပ်စု၌ ဧက(၅၀) နေကြာသီးညှပ် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနှင့် အီအမ်ဘိုကာရှီ သာဘာဝမြေသြဇာ ပြုလုပ်ထားရှိမှုတို့ကို လည်းကောင်း၊ သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမှ နွယ်ခွေကျေးရွာသို့ ဆက်သွယ်ထားသည့် အရှည်(၁)မိုင်(၃)ဖာလုံ ကျောက်ချောလမ်း ခင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ် ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)