ရန်ကုန် မတ် ၁
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် နယ်စပ်ဒေသများမှ တိုင်းရင်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး ခေတ်မီမော်တာ အထည်ချုပ်သင်တန်း အမှတ်စဉ် (၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် သင်တန်းခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်း ဖွင့်ပွဲအမှာစကား ပြောကြားသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများမှ တိုင်းရင်းသူ အမျိုးသမီးငယ်များအား လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်ရည်ရွယ်ပြီး အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွား မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ ၁၃၅ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်