နေပြည်တော် မတ် ၁
(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီ ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျန်ဆပ်ကော်မတီဥက္ကဌများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန့်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၁၂ ရက်တွင်ကျင်းပခဲ့သည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ ခဲ့မှုနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များကို ကြိုတင်စီမံမှုများဖြင့် ပြင်ဆင်ဆောင်ရွက် ခဲ့ကြသော်လည်း အားသာချက်နှင့် အားနည်းချက်များရှိပါကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့် အလားတူအခမ်းအနားများတွင် အားသာချက်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အားနည်းချက်များကို ပြန်လည်သုံးသပ်၍ အားသာချက် များဖြစ်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က (၇၅)နှစ် မြောက်ပြည်ထောင်စုနေ့ အခမ်းအနားသည် စိန်ရတု အခမ်းအနားဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်အဖြစ် ထူးခြားလေးနက်စွာ ကျင်းပနိုင်ရန်တာဝန်ပေးအပ်ခဲ့ကြောင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ချိန် ကာလသည် တိုတောင်းခဲ့သော်လည်း ခမ်းနားအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ထို့အတူ ၂၀၁၆ ခုနှစ်ကတည်းက ရန်ကုန်မြို့တော်ခန်းမ၌ရပ်နားထားသည့်ပြည်ထောင်စုအလံကို နေပြည်တော် မြို့တော် ခန်းမသို့အောင်မြင်စွာသယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့အောင်မြင်စွာကျင်းပဆောင်ရွက် နိုင်ခဲ့ခြင်းသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စည်းလုံးညီညွတ် ခြင်း၏ ရလဒ်သက်သေ တစ်ခုပင်ဖြစ်ပြီး ကောင်းမွန်သည့် အစဉ်အလာတစ်ရပ်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်ရောက်ရှိမည့် လွတ်လပ်ရေးနေ့သည် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်သည့် အတွက်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် အခြေအနေများကိုအခြေခံ၍ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကို ပိုမိုကောင်းမွန် သည့် နိုင်ငံတော်အဆင့် အခမ်းအနား အဖြစ်ကျင်းပနိုင်ရန်ရည်ရွယ်ကာ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း။
(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ခဲ့သော်လည်း အားသာချက်နှင့် အားနည်းချက်များ ရှိပါကြောင်းအဆိုပါ အားသာချက်၊ အားသာချက်များကို မူတည်၍ အားသာချက်များကို ပေါင်းစပ်ပြီး အားနည်း ချက်များကို ပြုပြင်ဆောင်ရွက်ကာ ပိုမိုကြီးကျယ် ခန်းနားသည့် စစ်ရေးပြမှုများ၊ ပြကွင်းပြကွက်များ၊ ခင်းကျင်းပြသမှုများဖြင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန်ဦးတည်၍ ကဏ္ဍအလိုက် အားသာချက် အားနည်းချက်များကို ပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်တို့ က ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ခဲ့မှုများနှင့် စပ်လှဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် လုံခြုံရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဆပ်ကော်မတီသဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော် မတီဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၊ ယဉ်ကျေးမှုအဖွဲ့များတည်းခို နေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင်အခမ်းအနားစီစဉ် ရေးဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများ စိုက်ထူရေးဆပ်ကော်မတီ၊ ညစာစားပွဲဖျော်ဖြေ ရေးဆပ်ကော်မတီကျန်းမာရေး ဆပ်ကော်မတီ ပြန်ကြားရေးဆပ်ကော်မတီ ညစာစား ပွဲခင်းကျင်းကျွေးမွေးရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီနှင့် အလှပြ Drone လွှတ်တင်ရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် အားသာချက်နှင့် အားနည်းချက်များကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြရာ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးကိုကို၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးရွှေလေး ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းမြင့် ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့က ဖြည့်စွက်ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးချုပ်ကလိုအပ်သည်များကိုအကြံပြု ဆွေးနွေးသည်။
ထို့နောက် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။