Skip to main content

Sep 28, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ အကြမ်းဖက်သူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စားသောက်ကုန်များတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင် များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား မေးမြန်း အားပေးစကားပြော ကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့-၂၀၂၁အထိမ်းအမှတ် အခမ်း အနားသို့ ပေးပို့သည့်အမှာစကား

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ရာ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာ စကားပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါး လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏စီစဉ်မှုဖြင့် ဒုတိယ နေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၁၂ ခုမှ အိမ်သုံးဆေးဝါး ၁၄၄ မျိုး ရောင်းချ ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

၁။ ယခုအချိန်ကာလသည် နိုင်ငံငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လျှောက်လှမ်းနေသော ဒီမိုကရေစီ လမ်းကြောင်း တည့်မတ်ခိုင်မာစေရေးတို့အတွက်၊ မဏ္ဍိုင်ကြီး ၄ ရပ်လုံးမှ အလေးအနက်ထားကာ ဦးတည်ဆောင်ရွက်နေသော ကာလဖြစ်၍ သတင်းတု၊ သတင်းမှားများသည် ပြည်သူလူထုကို အဆိပ်သင့်စေနိုင်ကြောင်း အထူးဂရုပြုရမည့် ကာလ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ နန်နင်းမြို့၌ ယနေ့တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ၂၀၂၁ခုနှစ် တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်း ပညာရေးပြပွဲနှင့် ဖိုရမ်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တက်ရောက်၍ Video Message ဖြင့်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

တိရစ္ဆာန်အစာပင် ပြောင်းစိုက်ခင်း ရိတ်သိမ်းခြင်းနှင့် ပြောင်းချဉ်ဖတ်ပြုလုပ်ခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် သဲကောလေးကျေးရွာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့် နှင့်အတူ ယနေ့ညနေပိုင်းက နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ MRTV စိန်ရတုပြတိုက် တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး MRTV ဝန်ထမ်းများကတင်ဆက် ပြသမည့် အဉ္စလီအငြိမ့် ရိုက်ကူးရေးဆောင်ရွက် နေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုသည် မည်သည့်အခြေအနေရှိသည်ဖြစ်စေ မဆုတ်ယုတ်ဘဲ တည်တံ့နေရန် အရေးကြီးသည်။ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးတိုးတက်သည်ဆိုသော်လည်း ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တည်ငြိမ်မှုကို တည်ဆောက်နိုင်သည်။ ဖွံ့ဖြိုးမှု ဆိုသည်မှာ လူမှုဘဝဆုတ်ယုတ်ယိုယွင်းခြင်းမရှိဘဲ အစဉ်ရှင်သန် လည်ပတ်နေခြင်းဖြစ်သည်။ စစ်အတွင်းကာလပင်ဖြစ်သော်လည်း ကုန်ထုတ်လုပ်ရေး၊ ရောင်းဝယ် ဖောက်ကားရေး၊ တည်ဆောက်ရေးတို့ပြုလုပ်ကြသည်ကို ကမ္ဘာ့သမိုင်းတွင် တွေ့ရ မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2021

ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) သည် (၁၅) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါနေ့ (15th world Rabies Day) ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခွေးရူးပြန်ရောဂါဆိုင်ရာ အသိပညာပေးမှု များကို ပြည်သူများအား လှုံ့ဆော်ပညာပေးခြင်းဖြင့် ဂရုပြုလာစေပြီး ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ ခွေးရူးရောဂါ လုံးဝ ကင်းစင်စေရေးကို အဓိကဦးတည်ရည်မှန်းခြင်း ဖြစ်သည်။ ။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ပိုမိုပူးပေါင်း လာစေရန်အတွက် လည်းကောင်း၊ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ပြည်သူများ အသိပညာပေး လုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စေရေးနှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရေး အတွက်လည်းကောင်း “ကိုဗစ် - ၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်နှင့် “ကိုဗစ် - ၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်များဖြင့် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲများကို ပြန်ကြားရေး ဝန်ကြီးဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအသုတ်(ဒုတိယအကြိမ်)အဖြစ် ဒုတိယနေ့ ထိုးနှံပေးခြင်း ကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ဆေးထိုးစုရပ်ဖြစ်သည့် ဂန့်ဂေါခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)နည်းစနစ်ဖြင့် မွေးမြူ တတ်စေရန်၊ အစားအသောက် ဘေးဥပဒ်ကင်းရှင်းသည့် မွေးမြူရေး ရေထွက်ကုန် ငါးရိက္ခာများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဖျာပုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်း (ဖျာပုံ)တွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းကို စက်တင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးနှင့် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ပြင်ဦးလွင်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူး၊ စဉ့်ကူးမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး၊ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ငါးဖမ်းကိရိယာ စစ်ဆေးခြင်း၊ ရေတော်ကျေးရွာ၏ အနောက်ဘက်ဆောက်ကြီးအင်း နယ်စပ်သောင်ခုံပေါ်ရှိ ရေလုပ်သားများအား ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

ကျွဲ၊ နွားအရှင်ကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရာ၌ မွေးမြူသောတောင်သူနှင့် ထုတ်လုပ်သူတို့ အကျိုးအမြတ်ရရှိကြပြီး ထိုသို့ အရှင်တင်ပို့ခြင်းထက် တန်ဖိုးမြင့်နှင့်အရေအသွေးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ် တင်ပို့နိုင်ပါက နိုင်ငံတော်နှင့်တောင်သူ၊ ထုတ်လုပ်သူတို့ ပိုမိုအကျိုးရရှိစေမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်ပပို့ကုန် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မန္တလေးမြို့မတူရိယာအသင်းအတွက် ပေးအပ်ချီးမြှင့်သည့် တူရိယာပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေး မြို့မတူရိယာအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်