Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မတ် ၂၆

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ယာဉ်တစ်စီးဖြင့် နှာခေါင်းစည်း တစ်တန်နှင့် လက်အိတ် ၀ ဒသမ ၄တန်ကို တင်သွင်းခဲ့သည်။

မတ်၁ ရက်မှ ၂၆ ရက်အတွင်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ကုန်သွယ်ရေးစခန်းများမှ ကုမ္ပဏီ ခြောက်ခု၊ ယာဉ်စီးရေ ၁၀ စီးဖြင့် Oxygen အိုးခွံ ၆၈၀၊ OxygenPlant တစ်ခု၊ Oxygen Generator တစ်ခု၊ Oxygen Concentrator အခု ၁၀၀၊ လက်အိတ် ၂၂ တန်နှင့် နှာခေါင်းစည်း တန် ၇၀ တင်သွင်းခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက် များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

သတင်းစဉ်