နေပြည်တော် မတ် ၂၆
မင်္ဂလာဒုံမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၅ ရက် ညနေ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲ(၂)ရပ်ကွက် ဂန္ဓမာလမ်းတွင် နီလင်းအောင်(ခ) မွန်လေး မောင်းနှင်ပြီး ခိုင်မိုးလင်း (ခ) ကိုခိုင် လိုက်ပါလာသည့် Nissan AD Van ယဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ မင်္ဂလာဒုံမြို့နယ် ပုလဲ(၁)ရပ်ကွက် ခိုင်ရွှေဝါလမ်း အိမ်အမှတ်(၃၁၉) နေ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အားလို(ခ) အိုက်စိုင်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ ပြည့်စုံအောင်၊ ဇော်မျိုး နိုင် (ခ) ဇေရဲ (ခ) ကုလားနှင့် မယုဝတီအောင်တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၈ သိန်းနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန် သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်