Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် မတ် ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သော ဘဏ္ဍာရေးစည်းမျဉ်း အထူးသင်တန်း အမှတ်စဉ် (၃၁)၊ ပစ္စည်းထိန်းသင်တန်း အမှတ် စဉ်(၈) နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး သင်တန်းဖြစ်သော ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ်(၂၆) သင်တန်းများ ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားသည်။

သင်တန်းများဆင်းပွဲ အခမ်းအနားကို ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် နယ်စပ်ဒေသ၊ ကျေးလက်ဒေသ များရှိ၊ တိုင်းရင်းသူ အမျိုးသမီးငယ်များကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးသည့် အပြင် အလုပ်အကိုင်ရရှိရေးအတွက် အထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

ယနေ့အထိ ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းဆင်း သင်တန်းသူ ၂၉၈၂ ဦးကို အထည်ချုပ်စက်ရုံများတွင် အလုပ်ခန့်အပ် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်