နေပြည်တော် မတ် ၂၆
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ မတ် ၂၆ ရက်တွင် ရန်ကုန်ဆိပ်ကမ်းများမှ Infusion Set ၄၀၀ ၊ Scalp Vein Set ɔ၂၀၀၀ နှင့် ဆေးဝါးမျိုးစုံ ၁၄မျိုး စုစုပေါင်း၅၃၂၁၀.၇၆ KG၊ နယ်စပ် (ကန်ပိုက်တီ)တွင် Surgical Mask အခု ၁၂၀ ၊ Examination Glove ၁၀၀ တို့ကို ထုတ်ပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်