Skip to main content

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် တတိယအကြိမ် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်မည်

နေပြည်တော် မတ် ၂၆

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို ၂၀၀၉ ခုနှစ်က နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့က သဒ္ဓါ တရားထက်သန်စွာ လှူဒါန်း၍ တည်ထားကိုးကွယ်ခဲ့ရာ စေတီတော်မြတ်ကြီး၏ ကြာနုအောက်ခြေအထိ ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခဲ့သည်။

စေတီတော်မြတ်ကြီး၏ ဖောင်းရစ်သုံးခုအနက် အပေါ်ပိုင်း တတိယဖောင်းရစ်နှင့် ဒုတိယဖောင်းရစ် ၃ ပေအထိ ဧရိယာ ၂၂၈၀ ဒသမ ၀၃ စတုရန်းပေကို ရွှေစင်ရွှေပြား ၂၅၅၄ ချပ်ဖြင့် လည်းကောင်း၊ ကျန်ရှိနေသော ဒုတိယဖောင်းရစ်ဧရိယာ ၂၂၀၀ ဒသမ ၉၆ စတုရန်းပေကို ရွှေစင်ရွှေပြား ၂၂၃၂ ချပ်ဖြင့် လည်းကောင်း ကပ်လှူပူဇော်ခဲ့ပြီး ဖြစ်သည်။

ဆက်သွယ်လှူဒါန်းနိုင်

ယခုအခါ တတိယအကြိမ်အဖြစ် ကျန်သော ပထမဖောင်းရစ် ဧရိယာ ၂၆၀၄ စတုရန်းပေကို ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ရန် စီစဉ်လျက်ရှိရာ တစ်ပေပတ်လည် ရွှေစင်ရွှေပြားတစ်ချပ် (အလေးချိန် တစ်ကျပ်သား) ၏ ကုန်ကျစရိတ်မှာ ငွေကျပ် ၁၆၀၀၀၀၀ ဖြစ်သဖြင့် ပါဝင်လှူဒါန်း ကုသိုလ်ယူနိုင်ကြောင်းနှင့် ကုသိုလ်ပါဝင် လှူဒါန်းလိုပါက နေပြည်တော် သာသနာရေးမှူး ရုံး(ဖုန်း) ၀၆၇-၅၅၀၁၈၃၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့  (ဖုန်း) ၀၆၇-၂၁၂၁၇၊ ၀၉၅၁၃၅၆၉၈၊ ၀၉-၂၅၀၇၉ ၇၇၇၂၊ ၀၉-၂၅၀၇၉၇၄၇၁၊ ၀၉၄၉၂၀၄၁၃၀၊ ၀၉-၄၅၂၄ ၇၈၈၉ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်