Skip to main content

Sep 16, 2022

၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် စီပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Nanning International Exhibition and Convention Center ၌ ယနေ့တွင် Hybrid စနစ်ဖြင့် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက ဗီဒီယိုအမှာစကား ပေးပို့ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက် (Myanmar Sustainable Development Plan – MSDP)၊ အာဆီယံ မဟာဗျူဟာလုပ်ငန်း အစီအစဉ် (၂၀၂၅) (ASEAN Enabling Master plan: 2025) တို့နှင့်အညီ ရေးဆွဲထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) အား မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနား၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

စာသင်ကျောင်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် အဆောက်အအုံ၊ သင်ထောက်ကူများ အရှည်တည်တံ့ရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် မှာကြားခဲ့ပြီး လိုအပ်ချက်များရှိပါက အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နေ့စဉ်ထုတ်လွှင့်လျက်ရှိသော ရုပ်သံလိုင်းများနှင့် ရေဒီယိုလိုင်းများတွင် အသံလွှင့်သူများ၊ သတင်းဖတ်ကြားသူများနှင့် အစီအစဉ် တင်ဆက်သူများကို မြန်မာစာ/မြန်မာစကား၊ ပါဠိစာလုံးများ အသံထွက်မှန်ကန်မှုနှင့် စကားလုံး အထားအသို အရေးအသား မှန်ကန်မှုရှိစေရန်အတွက် မြန်မာစာနှင့် ပါဠိစာလုံးများ အသံထွက်သင်တန်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

၂၀၂၂ ခုနှစ် အာဆီယံမီဒီယာမိတ်ဖက်များဖိုရမ် (2022 ASEAN Media Partners Forum) ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ နန်နင်းမြို့ Wuxiang Resort ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ စတုတ္ထအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Towards A Health Silk Road) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Hybrid method ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (40th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကြီးမှူးကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2022

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဆောင်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း အခန်း ၁၀၀၀၀ ၏ ပထမအဆင့်အခန်းပေါင်း ၅၀၀၈ ခန်းကို အသင်းချုပ် သုံးသင်းနှင့် အသင်းဝင်ကုမ္ပဏီများ၏ တာဝန်ယူမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ နေပြည်တော်တွင် ၁၀၀ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ၆၉ ရာခိုင်နှုန်းနှင့် မန္တလေးတွင် ၉၅ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးလျက်ရှိပါကြောင်း၊ အသင်းချုပ်များမှလည်း စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြီးပြတ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2022

ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2022

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ်လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ (၃) လပတ်အတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၆၀၊ ဘိုးဘွားရိပ်သာ ၈၈ ခု၊ အမျိုးသမီးဂေဟာ ၁၀ ခု၊ မသန်စွမ်းဂေဟာ ၁၁ ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း ၁၅၆၁ ကျောင်း၊ စေတနာ မူလတန်း ညကျောင်း ၁၄ ကျောင်းနှင့် လူငယ့်ရိပ်သာ ခြောက်ခုတို့အတွက် ထောက်ပံ့ ကြေးငွေစုစုပေါင်း ငွေကျပ် ၂၆၈၉ ဒသမ ၈၂၈ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2022

ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေသော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော ဆင့်ပွားအကျိုးသက်ရောက်မှုများ ရရှိနိုင်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၌ မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုနေရာများကို ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင်ရွက် ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍ မှန်ကန်သော သတင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်း၊ မြန်မာနိုင်ငံ၏ ကောင်းမွန်သော ပုံရိပ်ကို မြှင့်တင်ခြင်းလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2022

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2022

ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံတော်က ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2022

လူကုန်ကူးမှုသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သော ခေတ်သစ်ကျေးကျွန်စနစ်အသွင် ပြဿနာတစ်ခုဖြစ်ပါသည်။ လူကုန်ကူးမှုပြဿနာကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခံစားနေရပြီး အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော နိုင်ငံများသည် လူကုန်ကူးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမိုခံစားနေကြရပါသည်။ မျက်မှောက်ခေတ်တွင် လူကုန်ကူးမှုပြဿနာသည် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ် လာသဖြင့် ကမ္ဘာ့နိုင်ငံများက နည်းလမ်းမျိုးစုံဖြင့် ထိရောက်စွာ ကြိုးပမ်းအားထုတ် တားဆီးကာကွယ်ကြသော်လည်း ဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်ကြောင်း နိုင်ငံတကာမှ အသိအမှတ်ပြုဖော်ပြလျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက် ၉ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2022

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု လူထုအသိပညာပေးမှုများ လာမည့်နိုဝင်ဘာ (၂၅) ရက်မှ ဒီဇင်ဘာ (၁၀) ရက်အတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည့်အတွက် သတ်မှတ်ကာလအတွင်း အားလုံးဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 12, 2022

အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးအပိုင်းတွင်ပါဝင်သည့် အတ္ထရံတံတား A1 Side နှင့် A2 Sideတို့တွင် တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေပြီး ဂျိုင်း (ဇာသပြင်) တံတား၌ Bored Pile လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းခွင်များ၌ မျိုးဆက်သစ်အင်ဂျင်နီယာများအား တံတားတည်ဆောက်ရေး နည်းပညာများ မျှဝေသင်တန်းပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်