Sep 04, 2022
လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ ပြောကြားသည်။
Sep 04, 2022
မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် ဌာနအလိုက် နေထိုင်သူ နိုင်ငံ့ဝန်ထမ်း အရာ ထမ်း ၆၈ ဦး၊ အမှုထမ်း ၄၃၂ ဦး၊ စုစုပေါင်းဝန်ထမ်း ၅၀၀ ကို နေရာချထားပေးပြီး ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု ရေကြည်မြောက်ကွင်း ကွင်း အမှတ်(၅၀၆)တွင်လည်း မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 04, 2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့်အကူအညီအထောက်ပံ့များ ပေးအပ်လျက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တောင်သူများ လက်တွဲဆောင်ရွက်ကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယမန်နေ့က သွားရောက်ခဲ့သည့်ဧရာဝတီ တိုင်းဒေသကြီးခရီးစဉ်တွင် တိုက်တွန်းပြောကြားခဲ့ပြီး လေးမျက်နှာမြို့နယ် သခွပ်ချောင်း ကျေးရွာအုပ်စု ကွမ်းခြံကုန်း(အရှေ့)ကျေးရွာသို့ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 04, 2022
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက မကြာမီရိုက်ကူးထုတ်လွှင့်မည့် “နိပါတ်တော်လာဇာတ်သဘင်မဟာ” အစီအစဉ်မှ “တံခါးမှူးဒတ္ထဇာတ်တော်” အထူးတင်ဆက်မှုအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြုလုပ်သည်။
Sep 03, 2022
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားရေးဝတ်ရေး ဖူလုံစေရန်နှင့် တောင်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားစေရန်တို့အတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိသကဲ့သို့ နိုင်ငံ၏စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေမည့် မူဝါဒများဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပြောကြားသည်။
Sep 02, 2022
ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးပြီးပါကလည်း လယ်ယာမြေများကို အလွတ်မထားဘဲ ရာသီသီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးသွားရေးနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အုန္နဲကျေးရွာ၌ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။
Sep 02, 2022
နိုင်ငံတော်အစိုးရက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံ စိုက်ဧရိယာဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးရန် လမ်းညွှန်ချက်အရ မိုးနေကြာ ဧက ၂၇၀၀၀၀ ကျော် စိုက်ပျိုးရမည်ဖြစ်ကြောင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားခဲ့သည်။
Sep 02, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စွာမင်းနှင့်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပြီး Mtube Video Sharing and Live Streaming Platform နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
Sep 01, 2022
အင်ဂျင်နီယာများသည် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဘောဂဗေဒဘာသာရပ်ကို မဖြစ်မနေ သိရှိနားလည်ပြီး လက်တွေ့ကျင့်သုံး ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ဘောဂဗေဒဘာသာရပ်ကို သင်တန်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
Sep 01, 2022
AMI စနစ်ကို Energy Meter , Server , Data Base နှင့် ဆက်သွယ်ရေးနည်းပညာ ပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ်၊ ဓာတ်အား ကွပ်ကဲ/ ထိန်းသိမ်း/ မောင်းနှင် စနစ်တို့ဖြင့် မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်စေရေး၊
Sep 01, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဌာန၏ (၅၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၉)၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
Sep 01, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 01, 2022
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ပင်လုံခန်းမ၌ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်မည့် အလုပ်သမားများကို ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရအေဂျင်စီများက စာချုပ်ချုပ်ဆို ပေးနေမှုနှင့် မိသားစုလွှဲပို့ငွေများ အဆင်ပြေချောမွေ့စွာ ပေးပို့နိုင်ရေး ပုဂ္ဂလိကဘဏ်များမှ ဝန်ဆောင်မှုပေးနေမှုများကို ကြည့်ရှုအားပေးသည်။
Sep 01, 2022
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၅)ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု ထက်ဦးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
Sep 01, 2022
ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။
Sep 01, 2022
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင်ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈) ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ၂၁ရက်မှ စတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
Sep 01, 2022
အမျိုးသားပြတိုက် (နေပြည်တော်) ၌ ဗုဒ္ဓအနုပညာပြခန်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ပြခန်း နှစ်ခန်း ထပ်မံတိုးချဲ့ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။
Sep 01, 2022
ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွက်အနီး ပေါင်းလောင်းမြစ်ရေပြင်၌ ကျင်းပသည်။
Aug 31, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်း (Gold Medal Hall) ၌ ကျင်းပသည်။
Aug 31, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် United Nations Office for the Coordination of Humanitarian Affairs (UNOCHA) တို့အကြား သဘောတူညီမှုစာလွှာ (Letter of Agreement - LoA) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
