Oct 08, 2020
မြန်မာ-ကိုရီးယား သံတမန်ချစ်ကြည်ရေး (၄၅)နှစ်မြောက် အထိမ်းအမှတ် ယဉ်ကျေးမှု ပူးပေါင်းဖျော်ဖြေပွဲ အစီအစဉ်ကို အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီမှ ညနေ ၅ နာရီ ၄၅ မိနစ်အထိ မြန်မာ့ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး MRTV Facebook Page နှင့် MRTV Live တို့တွင် ညနေ ၅ နာရီ မှ ညနေ ၆ နာရီခွဲအထိ Live Streaming ထုတ်လွှင့်သွားမည်ဖြစ်သည်။
Oct 03, 2020
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပသည့် ဒစ်ဂျစ်တယ်မီဒီယာ ရေစီးနှင့် အခွင့်အလမ်းများဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ (Digital Media Trends and Opportunities Webinar) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ သတင်းမီဒီယာသမားများနှင့် စိတ်ပါဝင်စားသူများက သက်ဆိုင်ရာနေရာ အသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
Oct 02, 2020
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Sep 29, 2020
ကိုဗစ် - ၁၉ ကာလအတွင်း စာပေ၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်တို့မှ အနုပညာ ရှင်များအတွက် နယ်ပယ် တစ်ခုလျှင် ငွေကျပ်သန်း ၃၀ ဖြင့် နယ်ပယ်ငါးခုအတွက် စုစုပေါင်း ငွေကျပ်သန်း ၁၅၀ ထောက်ပံ့လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် ကျင်းပသည်။
Sep 24, 2020
ဝန်ကြီးဌာနအသီးသီးနှင့် ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်တွေ တည်ဆောက်နိုင်ရေးဆိုတာ နိုင်ငံတော်ရဲ့ e-government လုပ်ငန်းစဉ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက e-government လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ရင်း တစ်ဖက်မှာလည်း သတင်းမီဒီယာကဏ္ဍကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ သတင်းထုတ်ပြန်ရေးကဏ္ဍကို ပူးတွဲတာဝန်ထမ်းဆောင် ပေးနေတဲ့ အွန်လိုင်းပလက်ဖောင်းကတော့ www.moi.gov.mm ပဲ ဖြစ်ပါတယ်။
Sep 23, 2020
နေပြည်တော် စက်တင်ဘာလ ၂၃
Sep 12, 2020
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၊ အတွဲ (၄၇)၊ အမှတ် (၉)ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
Sep 10, 2020
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး ဆပ်ကော်မတီနှစ်ရပ် ပူးပေါင်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။
Sep 09, 2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ကဗျာပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာ မောင်ဟန်တင့် (ပင်လည်ဘူး)၏ “စိန်စီသောမြစ်နှင့် အခြားကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိပါသည်။
Aug 31, 2020
Myanmar International (MITV Channel) ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်သည်။
Aug 27, 2020
နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ မိတ်ဆက်ဖြန့်ချိပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Aug 24, 2020
မြန်မာနိုင်ငံရှိ မီဒီယာနှင့် ရွေးကောက်ပွဲများ ခေါင်းစဉ်ဖြင့် အဋ္ဌမအကြိမ် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Park royal ဟိုတယ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
Aug 22, 2020
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား အပ်နှံ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပေးရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန စုဝေးခန်းမကြီး၌ ပြုလုပ်သည်။
Aug 21, 2020
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃) ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များပေးနိုင်ရန်တို့အတွက် စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
Aug 15, 2020
မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေး ဉီးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
Aug 14, 2020
အွန်လိုင်းမီဒီယာနှင့် မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
Aug 11, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၀)ဦးအား (၁၃)ကြိမ်မြောက် မြန်မာအမျိူးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) နာရီအချိန်တွင်လည်းကောင်း၊ နိုင်ငံအရပ်ရပ်တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၉၇)ဦးအား ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် (၁၇)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀၀၀) နာရီအချိန်တွင် လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ အသီးသီး ပြန်လည် ရောက်ရှိ ခဲ့ကြပါသည်။
Mar 27, 2020
ရန်ကုန် မတ် ၂၅
“သင်္ကြန်ရင်ခုန်သံ” အစီအစဉ်အဖြစ် “မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို၌ ဆက်လက် ရိုက်ကူးသည်။
Mar 26, 2020
ရန်ကုန် မတ် ၂၆
“သင်္ကြန်ရင်ခုန်သံ” အစီအစဉ်အဖြစ် “မှုံရွှေရည်” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို၌ ဆက်လက် ရိုက်ကူးသည်။
