စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော် Grand Final တတိယအဆင့် သီချင်းသီဆိုမှု ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်မှုကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ရန်ကင်းမြို့နယ် ပြည်သာယာရှိ မြဝတီ မီဒီယာစင်တာ၌ ကျင်းပရာ ရန်ုကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဂုဏ်ပြုယာဉ်များနှင့်အတူ ဖျော်ဖြေရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂုဏ်ပြုယာဉ်များနှင့်အတူ ဖျော်ဖြေရေးနှင့် စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှုကို မလိုလားသော ပြည်ဖျက်မီဒီယာများက အမုန်းတရားများ ဖြစ်ပေါ်အောင် သတင်းမှားများဖြင့် လှုံ့ဆော်လျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ပုဂ္ဂလိကရုပ်မြင်သံကြားနှင့် FM အသံလွှင့် လုပ်ငန်းရှင်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အခုကျင်းပခဲ့တဲ့ လူငယ်နှင့်စာပေပွဲတော်ဟာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လူငယ်တွေအပေါ်မှာ ထားတဲ့ စေတနာကို ပေါ်လွင်စေတယ်လို့ မြင်မိပါတယ်
မြန်မာနိုင်ငံ၏အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့်ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ်အယူအဆ များ ထက်မြက်လာစေရန်ရည်ရွယ်၍ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် အောင်မြင်စွာ ကျင်းပပြီးစီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက် ပါဝင်ဆင်နွှဲ
စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် တတိယနေ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနများရှိ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်ပါဝင်ဆင်နွှဲကြသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုကို တည်ဆောက်ဖို့ဆိုရင် လူငယ်တွေရဲ့ စိတ်ထဲမှာ ငယ်ငယ်ကတည်းက ဆန်းသစ်တီထွင်လိုတဲ့ အတွေးတွေရှိဖို့ လိုအပ်ပါတယ်
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနတို့ ပူးပေါင်းစီစဉ်ပြီး စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်တွင် ကျင်းပသည့် လူငယ်နှင့် စာပေပွဲတော် ဒုတိယနေ့ကိုဆက်လက် ကျင်းပလျက်ရှိရာ ပြသထားသည့် ပြခန်းပေါင်း ၄၀ ကျော်ကို နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူ လူငယ်များ လာရောက်လေ့လာလျက် ရှိသည်။
စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ
စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် လူငယ်နှင့်စာပေပွဲတော် ဒုတိယနေ့အဖြစ် ယနေ့နံနက် ၉ နာရီခွဲမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ဆက်လက် ကျင်းပလျက်ရှိရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသားကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ ကြည့်ရှုကြသည်။
စာပေဗိမာန် စာမူဆုရစာအုပ်များနှင့် လူငယ်များ အသိပညာတိုးပွားရေးဆိုင်ရာ စာအုပ်များ ထုတ်ဝေဖြန့်ချိ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆုရစာအုပ်များနှင့် ပြည်သူများ ပညာဗဟုသုတ တိုးပွားစေရေးအတွက် မြန်မာစာပေ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် အများပြည်သူ ဗဟုသုတတိုးပွားရေးအတွက် စာကောင်းပေမွန်များကို ထုတ်ဝေလျက်ရှိသည်။
နည်းပညာပြပွဲ၊ ပညာရေးဆိုင်ရာပြပွဲတွေ ပြုလုပ်ပေးမယ်ဆိုရင် ကလေးများရဲ့ ဉာဏ်ပညာ အတွေးအခေါ်တွေ ပိုမိုတိုးတက်လာပြီး တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံဟာလည်း နည်းပညာ တိုးတက်ထွန်းကားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာပါ
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ယနေ့ ဇန်နဝါရီ ၂၉ ရက်မှစတင်ကာ ဇန်နဝါရီ ၃၁ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် စတင်ကျင်းပ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များ တစ်ခဲနက်ပါဝင်ဆင်နွှဲ
စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ယနေ့ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စတင် ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များနှင့် လူငယ်များ တစ်ခဲနက် ပါဝင် ဆင်နွှဲကြသည်။