Skip to main content

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဂုဏ်ပြုယာဉ်များနှင့်အတူ ဖျော်ဖြေရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ  ၃

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂုဏ်ပြုယာဉ်များနှင့်အတူ ဖျော်ဖြေရေးနှင့် စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ယခုအခါ အားလုံး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုကြောင့် လုပ်ငန်းများအရှိန်အဟုန်ရနေပြီ ဖြစ်ပါကြောင်း၊ ဂုဏ်ပြုယာဉ်များအား မိမိတိုင်းဒေသကြီး / ပြည်နယ်အလိုက် ခမ်းနားထည်ဝါစွာ ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြီးစီးရန် လိုအပ်နေသေးသည်များကို ယခုရက်များအပြီး  ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပြီး ဂုဏ်ပြုအခမ်းအနား၌  ပါဝင်မည့်သူများ အားလုံးကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Booster များ ထိုးနှံပေးလျက်ရှိသည့်အတွက် ဆေးမထိုးရသေးသူများ  ဆေးထိုးနှံရေး၊ လေ့ကျင့်ရေး၊ ကျန်းမာ ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး /  ပြည်နယ်ဝန်ကြီးများ၊ တက်ရောက်လာသူများက ဂုဏ်ပြုယာဉ်များနေရာယူခြင်း၊ ချီတက်မောင်းနှင်ခြင်းနှင့် ယာယီရပ်နားနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဂုဏ်ပြုယာဉ်များနှင့်အတူ  တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုအကများနှင့် အနုပညာရှင်တို့မှ ဖျော်ဖြေတင်ဆက်မှု၊ ဇာတ်တိုက်လေ့ကျင့်နေမှုနှင့် ဂုဏ်ပြုညစာစားပွဲတွင် သီဆိုကပြ ဖျော်ဖြေမည့်အစီ အစဉ်များကို   ဆွေးနွေးတင်ပြကြသည်။

ယင်းနောက်  ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။  

( သတင်းစဉ် )