Skip to main content

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ နှစ်(၇၀)မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ နှစ်(၇၀)မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မန္တလေးမြို့ရှိ မြန်မာအနုပညာဗဟိုဌာန တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့ ၇၃ လမ်းနှင့် ၁၀၉ လမ်းထောင့်ရှိ မြန်မာအနုပညာဗဟိုဌာန (Myanmar Art Centre) တည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန (နတ်မောက်) အဆောက်အအုံသစ် ဖွင့်လှစ်

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နတ်မောက်မြို့၌ တည်ဆောက်ပြီးစီးသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ အဆောက်အအုံသစ်ရှေ့၌ ကျင်းပသည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပြန်ကြားပေးခြင်းနှင့်အသိပညာပေးခြင်းတို့ကို ကြိုးစားဆောင် ရွက် ခဲ့ကြသည့်အတွက် ဂုဏ်ယူအသိအမှတ်ပြု

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မတ် ၁၄ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးနှင့် စာကြည့်တိုက် တို့ကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဝေါ၊ သနပ်ပင်နှင့် ကဝ မြို့နယ်တို့မှ မြို့နယ်ဦးစီးအရာရှိများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပဲခူးထပ်ဆင့်လွှင့်စက်ရုံမှူး တို့အား တွေ့ဆုံ၍လုပ်ငန်း ဆိုင်ရာများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များမှာကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှု အခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၊ ဂျပန်နိုင်ငံ Nikkei Asian News၊ Kyodo News၊ TBS နှင့် Asahi Shinbon သတင်းဌာနများမှ သတင်းထောက်များ၏ မေးမြန်းမှုများကြား

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၊ ဂျပန်နိုင်ငံ Nikkei Asian News၊ Kyodo News၊ TBS နှင့် Asahi Shinbon သတင်းဌာနများမှ သတင်းထောက်များအား ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

စာပေဗိမာန်စာမူဆုရ စာအုပ်များ ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာစာပေ ပထမဆုရရှိသည့် စာရေးသူ လွင်မြန်မာ (မန်းတက္က သိုလ်) ၏ “မြန်မာ့ရွှေချည်ထိုး” စာအုပ်နှင့် စာပေဗိမာန် စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် တတိယဆုရရှိသည့် စာရေးသူ သောင်းမြင့်ဦး (ကွမ်းခြံကုန်း)၏ “နားဝင်ပီယံ ခလောက်သံနှင့် အခြားဝတ္ထုတိုများ” စာအုပ်တို့ကို ဖြန့်ချိလိုက်ပြီဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (YMBA)နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Subscribe to MOI News