Skip to main content

Nov 22, 2023

ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 22, 2023

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေ စီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၈) ကြိမ် မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 21, 2023

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိ၍ သံရည်ကျိုမီးဖို (Electric Arc Furnace)နှင့် သံရည် အချောသပ်မီးဖို (Ladle Refining Furnace) တို့တွင် သံရည်ကျိုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ် သံရည်များသွန်းလောင်းနေမှု၊ သံမဏိလေးထောင့်တုံးများ ထွက်ရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 21, 2023

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ် သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 21, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာနက နေပြည်တော် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း GAP နည်းပညာပေးစိုက်ကွင်း(GAP Model Farm)ကို ကွင်းဆင်းစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 21, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နေသည့် မြနန်းစံကျော်ရွှေနန်းတော် နန်းဆောင်ပတ်လည် သစ်သားကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်း၊ မြေနန်းပြာသာဒ်ဆောင်နှင့် မှန်နန်းဆောင်တို့တွင် ခင်းကျင်းပြသရန် ဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 21, 2023

ဒီနေ့မှာတော့ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကောလာဟလများ ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ တချို့သောမြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကျောင်းပိတ်ရမယ့် အခြေအနေရှိတယ်၊ ကျောင်းပိတ်မယ်ဆိုတာမျိုးတွေကို ကောလာဟလ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မည်သည့်ကျောင်းမှ ပိတ်တာမရှိပါဘူး။ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမယ်ဆိုတာကို ပြောကြားလိုပါတယ်။ ဒါတွေကို ကျွန်တော်မနေ့က ပြောခဲ့သလိုမျိုး နိုင်ငံတော်ရဲ့ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍတွေကို ထိခိုက်ပျက်စီးစေလိုတဲ့ ပြည်တွင်းပြည်ပအဖျက်သမားတွေက ကောလာဟလထုတ်လွှင့်နေတာပဲ ဖြစ်ပါတယ်။ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဆက်လက်ပညာသင်ကြားကြဖို့ ပြောကြားလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ တက္ကသိုလ်၊ ကောလိပ်တွေကိုလည်း ဒီလ ၂၃ ရက်နေ့မှာ ပြန်ဖွင့်မှာဖြစ်ပါတယ်။ ၁၆ ရက်နေ့ကနေစပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ လက်ခံတဲ့နေရာမှာ အရင်နှစ်ကထက် ပိုမိုလက်ခံရရှိကြောင်း တွေ့ရပါတယ်။ ဒီကြားထဲမှာတော့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အဝေးသင်စာမေးပွဲတွေ ဖြေဆိုရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လုံခြုံရေးအခြေအနေအရ လွိုင်ကော်နဲ့ ကသာမှာပဲ ဖြေဆိုလို့မရခဲ့တာရှိပါတယ်။ အဲဒီဒေသတွေမှာ စာမေးပွဲတွေကို ဆိုင်းငံ့ထားပြီးတော့ ပြန်လည်ဖြေဆိုသွားမှာ ဖြစ်ပါတယ်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 21, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်ရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 19, 2023

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် မန္တလေးတိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် ပြည်ကြီးတံခွန် မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)၌ တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 19, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆောက်အဦဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦအထူးအဖွဲ့(၆)က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်(ခ)အဆင့် စုပေါင်းရုံး သုံးထပ်အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်