နေပြည်တော် နိုဝင်ဘာ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်ရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် ပခုက္ကူခရိုင်ရုံးနှင့် ညောင်ဦးခရိုင်ရုံးတို့သို့ ရောက်ရှိပြီး ခရိုင်ရုံးဝန်ထမ်းများနှင့် လက်အောက်မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ယနေ့နံနက်ပိုင်းက မိတ္ထီလာခရိုင်ရုံးသို့ ရောက်ရှိ၍ စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မလှိုင်မြို့နယ်ရုံးနှင့် ဝမ်းတွင်းမြို့နယ်ရုံးတို့မှ ဦးစီးအရာရှိများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ ထိုသို့မှာကြားရာတွင် မြင်းခြံခရိုင်ဦးစီးမှူး၊ တောင်သာမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ သာစည်မြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများက အွန်လိုင်းမှ တက်ရောက်ကြသည်။ ထို့နောက် မိတ္ထီလာမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ မွန်းလွဲပိုင်းတွင် ပျော်ဘွယ်မြို့နယ်ရုံးနှင့် ရမည်းသင်းခရိုင်ရုံး၊ ညနေပိုင်းတွင် တပ်ကုန်းမြို့နယ်ရုံးတို့သို့ ရောက်ရှိပြီး လုပ်ငန်းဆိုင်ရာများ စစ်ဆေးမှာကြားသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းကောင်းများပီပီ ကွပ်ကဲကြပ်မတ်မှုနည်းနည်းဖြင့် လုပ်ငန်းတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ကျေပွန်စွာထမ်းဆောင်ရေး၊ စာကြည့်တိုက်လုပ်ငန်းများနှင့် လူငယ်အသိပညာပေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရေး၊ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး သင်တန်းများ၊ ပြပွဲများ၊ ပြိုင်ပွဲများပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာများနှင့်ညှိနှိုင်းဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်အပါအဝင် လုံခြုံရေးဂရုပြုဆောင်ရွက်ရေးတို့ကို အသေးစိတ်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်