Skip to main content
Oct 24, 2023
ယနေ့ အဆို အက အရေး အတီး ပြိုင်ပွဲများက ပေးနေသော ယဉ်ကျေးမှုအသိဉာဏ်
​​​​​​​မိုးကေနိုင် ယဉ်ကျေးမှုဟူသည်ကို သဘာဝကပေးထားသော အသိဉာဏ်ပညာတစ်ခုအဖြစ် မှတ်ယူပါသည်။ ထိုသဘာဝတရားကို လူတို့က ဖန်တီး ယူလိုက်သောအခါ လူသားယဉ်ကျေးမှုဟူ၍ ဖြစ်လာသည်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအသီးသီးက ဖန်တီးရယူလိုက်သော ထိုယဉ်ကျေးမှု သည်ပင် သူတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သွားသည်။
Oct 24, 2023
ကြည်မြသည့်ဂီတ ပီသသည့်အသံ အံဝင်သည့်စာသား စံထားရသည့်အက မြန်မာ့အနုအလှ သုခုမ
မြန်မာစာပေသမိုင်းကို လေ့လာသုတေသနပြုမည်ဆိုလျှင် ပုဂံခေတ်မှသာ အစပြုနိုင်သော်လည်း မြန်မာ့အနုသုခုမသမိုင်းကို လေ့လာမည်ဆိုပါက ပျူခေတ်မှပင် စတင်ရပါလိမ့်မည်။
Oct 23, 2023
2
“ကျူရှင်ဟာ အာရှမှာ မိဘနဲ့ ကလေးတွေကြား အတော်ခေတ်စားနေတဲ့ လုပ်ငန်းဖြစ်နေပါတယ်။ ဒါပေမဲ့ကလေးတွေရဲ့ ပညာရေးကို ထက်မြက်အောင် စီစဉ်ရာမှာ မိဘတွေကသာ အခရာပါ။ ကျူရှင်က အဓိကမဟုတ်ပါ။ ဒါကို အမှတ်မမှားကြဖို့လိုပါတယ်။ ကလေးတွေအပေါ် မလွှမ်းမိုးပါစေနဲ့၊ ကျူရှင်ကို အထိရောက်ဆုံးအသုံးချဖို့က မိဘတွေရဲ့တာဝန်ပါ။”
Oct 23, 2023
ယဉ်ကျေးမှုဟူသည်ကို သဘာဝကပေးထားသော အသိဉာဏ်ပညာတစ်ခုအဖြစ် မှတ်ယူပါသည်။ ထိုသဘာဝတရားကို လူတို့က ဖန်တီးယူလိုက်သောအခါ လူသားယဉ်ကျေးမှုဟူ၍ ဖြစ်လာသည်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအသီးသီးက ဖန်တီးရယူလိုက်သော ထိုယဉ်ကျေးမှုသည်ပင် သူတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သွားသည်။
Oct 23, 2023
1
၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း တရုတ်သံရုံးကဖိတ်ကြားတဲ့ မီဒီယာခရီးစဉ်မှာ ပေကျင်းမြို့မှာရှိတဲ့ တရုတ်လူမျိုးတို့ရဲ့ ပထမဆုံးရုပ်ရှင်ရုံကိုလည်း မထင်မှတ်ဘဲ ကြည့်ရှုလေ့လာခွင့်ရလိုက်ပါသေးတယ်ဗျ။ ဒီရုပ်ရှင်ရုံက ဘယ်မှာလဲဆိုတော့ ပေကျင်းမြို့ရဲ့ ခြယ်ရာမင်လမ်း (Qianmen Street)မှာ ရှိတာပါ။ ခြယ်ရာမင်လမ်းကို မြို့တော်ပေကျင်းရဲ့ ဗဟိုဝင်ရိုးပေါ်မှာရှိတယ်လို့ ဆိုပါတယ်။ အရှည်အားဖြင့်တော့ ၈၄၅ မီတာရှိပြီး လမ်းအကျယ် မီတာ ၂၀ ရှိတယ်လို့ သိရပါတယ်။ ဒီလမ်းကို Zhengyangmen Street လမ်းလို့လည်း ဆိုကြပါသေးတယ်။ ဒီလမ်းကို ၁၉၆၅ ခုနှစ်မှစပြီး တရားဝင် ခြယ်ရာမင်လမ်းအဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
Oct 23, 2023
01
အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခချဲ့ထွင်ခြင်းသည် ဆိုးရွားသောအကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ကြောင်း ရုရှားနိုင်ငံက သတိပေးပြောကြားလိုက်သည်။ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခကိုချဲ့ထွင်ရန် ခြိမ်းခြောက်မှုရှိနေသေးပြီး ယင်းသည် ဒေသတစ်ခုလုံးအတွက် ဆိုးရွားသောအကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်၏ ပြောကြားချက်ကို ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။
Oct 22, 2023
ဆောင်းပါး
ဒွါရာဝတီ ခေါ် သံတွဲမြို့ကို ရခိုင်ရိုးမတောင်စွယ် တောင်တန်းများက ဝိုင်းပတ်ကာရံထားသည်။ မြို့ကိုဝန်းရံထားသည့် ရိုးမတောင်စွယ်တောင်တန်းများပေါ်မှ စီးဆင်းလာသော ချောင်း မြောင်းများကလည်း မြို့အနီးမှ ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ မြို့၏အရှေ့မြောက်ဘက်မှ စီးဆင်းနေသော သူဌေးချောင်းရေကို အသုံးပြု၍ ပြည်နယ်အတွက် နိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။
Oct 22, 2023
ဆောင်းပါး
လူတစ်ယောက်ရဲ့ စိတ်ခံစားမှုအရည်အသွေးတွေထဲ က အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို ပြပါဆိုရင် ကိုယ်ချင်းစာမှုကို ပြချင်ပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ချင်းစာစိတ်ကြောင့် ဖြစ်လာတဲ့ ကိုယ်နဲ့ယှဉ်တဲ့ စိတ်သဘောထား၊ စဉ်းစားတွေးခေါ်မှု၊ ရှုမြင်မှု၊ အပြောအဆို၊ အပြုအမူတွေနဲ့ တုံ့ပြန်မှုတွေဟာ အဲဒီလူရဲ့ အဆင့်အတန်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေသဘောထားမြင့်မားမှုတွေကို ညွှန်ပြနေပါတယ်။ ကိုယ်ချင်းစာတရားကို ပညာ၊ ရာထူး၊ ငွေကြေး ပိုင်ဆိုင်မှု၊ ဂုဏ်၊ ဒြပ်တွေနဲ့ တိုင်းတာလို့ မရပါဘူး။ အဲဒီကိုယ်ချင်းစာ စိတ်ထားရှိနိုင်မှုဟာ လူသားဆန်မှု ရဲ့လက္ခဏာတစ်ခုလို့ ဆိုနိုင်ပါတယ်။
Oct 21, 2023
ဆရာကြီးက ဤစာရေးသူဖတ်ရန်ဟုပြောကာ အမေရိကန်မှ ဘာသာဗေဒပါမောက္ခစာရေးဆရာပညာရှင် နိုအမ်ချွမ်စကီး (Noam chumski) ရေးသားသော အရှေ့တောင်အာရှနိုင်ငံများတွင် အမေရိကန်မွှေနှောက်နေပုံ စာအုပ်တစ်အုပ်ပေးခဲ့သည်။