Skip to main content
Feb 12, 2024
ဆောင်းပါး
ဩစတြေးလျနိုင်ငံမှ Think Tank အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Australian Strategic Policy Institute (ASPI) က အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာကဆောင်ရွက်နေတဲ့ သုတေသနလုပ်ငန်းတွေကို လေ့လာခဲ့ပြီး မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ စာတမ်းတစ်စောင်ဟာ အံ့ဩထူးဆန်းဖွယ်မဟုတ်သော်လည်း နိုင်ငံတကာက အလေးထားလာရတဲ့ တွေ့ရှိချက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
Feb 12, 2024
ဆောင်းပါး
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သော နိုင်ငံဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းလူမျိုးစုကြီးများအပြင် လူမျိုးခွဲ၊ လူမျိုးငယ်များ ၁၃၅ မျိုးခန့် စုစည်းနေထိုင်ကြသည်ဟု အသိအမှတ်ပြုထားသည်။ စတင်အခြေချ မွေးဖွားရှင်သန်ရာ နယ်မြေဒေသအလိုက် ကချင်လူမျိုးအများစု နေထိုင်ရာဒေသကို ကချင်ပြည်နယ်၊ ရှမ်းလူမျိုးအများစုနေထိုင်ရာဒေသကို ရှမ်းပြည်နယ်၊ ကရင်လူမျိုးအများစုနေထိုင်ရာဒေသကို ကရင်ပြည်နယ်စသည်ဖြင့် အများစုလူမျိုးကို အစွဲပြု၍ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အမည်နာမသတ်မှတ်ထားသော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် လူမျိုးပေါင်းစုံတို့ စုစည်းနေထိုင်ကြသည်။
Feb 10, 2024
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည်ကား မြန်မာ့မြေပေါ် အတူဖွား၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ မရှိအတူ၊ ရှိအတူ၊ အေးအတူပူအမျှ၊ အတူတကွ ဥမကွဲသိုက်မပျက်နေထိုင်ကြသည့် တိုင်းရင်းသား ပြည်ဆွေပြည်မျိုး၊ သွေးချင်းသားချင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး တည်းဟူသော မြန်မာအားလုံး တို့၏ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နေ့မြတ်မင်္ဂလာဖြစ်ပါသည်။
Feb 09, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Feb 09, 2024
မြန်မာစာဆို ရှေးကဗျာဝိဇ္ဇာဓိုရ်ကြီးတို့သည် ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်သည် လူသားများ ဆက်စပ်ပုံတို့ကို စာပန်းချီခြယ်သ၍ ကိုယ်စီကိုယ်ငှ ကိုယ်အာရုံစိုက်ရာ သီကုံးစပ်ဆိုခဲ့ကြပေသည်။ ထို ၁၂ လရာသီဘွဲ့ စာအလင်္ကာများမှာ မြန်မာ့သုခုမအနုပညာများ ဖြစ်ချေသည်။ မြန်မာမှုအဖြာဖြာတို့သည် ဤ ၁၂ လရာသီဘွဲ့ကဗျာတို့တွင် ထင်ဟပ်နေသည်။
Feb 08, 2024
ငှက်ပျောပင်သည် မြန်မာနိုင်ငံတွင် အနှံ့အပြားပေါက်ရောက်သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ အပါအဝင်ဖြစ်သော အာရှတိုက်တောင်ပိုင်းဒေသသည် ငှက်ပျောပင်၏ မူလပေါက်ရာဒေသများဖြစ် သည်။ တစ်နှစ်ခံပင်မျိုးဖြစ်၍ ရှည်ဖားဖား အရွက်ကြီးများရှိသည်။ ငှက်ပျောပင်တစ်ပင်မှ ငှက်ပျော တစ်ခိုင်သာထွက်၍ အခိုင်ကိုခုတ်ယူပြီးနောက် အပင်မကြီးကို ခုတ်ပစ်ရသည်။ ပင်စည်ရင်းမှ အတက် ငယ်များ ဖြာလာ၍ ထိုသားတက်ခေါ် ငှက်ပျောခေါင်းများကိုပင်မမှ ခွဲထုတ်၍ စိုက်ပျိုးကြလေ့ရှိသည်။
Feb 08, 2024
မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးစိုက်ပျိုးမှု၏ (၄၀%) ဖြစ်သည်။ ထွက်ရှိမှုမှာ တစ်နိုင်ငံလုံး၏ (၈၀%)ရှိပါသည်။
Feb 08, 2024
ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံမှန်သရွေ့ ရွေးကောက်ပွဲလမ်းကြောင်းကို မလွဲမသွေဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ အဲဒီကမှ တစ်ဆင့်ပြည်သူတွေကရွေးကောက်ခံအစိုးရနဲ့ ပြည်သူ့ကိုယ်စားလှယ် တွေကိုရွေးချယ်တင်မြှောက်ကြရတာဖြစ်ပါတယ်။ ဒီမိုကရေစီ ရင့်ကျက်တဲ့နိုင်ငံကြီးတွေက ပြည်သူအများစုကတော့ နိုင်ငံရေးရေချိန်မြင့်မားလေ့ ရှိကြပါတယ်။ မြန်မာနိုင်ငံဟာလည်း ပါတီစုံဒီမိုကရေစီစနစ်ကို လက်ရှိကာလတိုင် ကျင့်သုံးနေဆဲဖြစ်တဲ့အတွက် သာမန်ပြည်သူများအနေနဲ့ နိုင်ငံရေးအသိအမြင်ဗဟုသုတတွေရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးဆိုတာ ဘာလဲ၊ နိုင်ငံရေးသမားတို့ရဲ့ ရုပ်ပုံလွှာက ဘယ်လိုလဲ ဆိုတာကိုအကြမ်းဖျင်း နားလည်သဘောပေါက်ထားဖို့တော့ လိုတာပေါ့။
Feb 08, 2024
ပြာသိုလဝေါဟာရကို ရှေးပုဂံခေတ်က “ပ္လသိုဝ်လပ္လည်” (ငနွယ်သင်ကျောက်စာ သက္ကရာဇ် ၅၀၉ ခရစ် ၁၁၄၇) ပ္လ လဆုတ် (အထောလက်ကျောက်စာ-သက္ကရာဇ် ၅၂၇) ပ္လသုဂ်လ (သူငွေပုခ်ဂူဘုရား ကျောက်စာ သက္ကရာဇ် ၅၅၉) ပ္လါသိုလ်လ (ငပိုက်သင်လင်မယားကျောက်စာ) ပြတ်သိုဝ်လ (သိဓ်ဆိမ့်မင်းတုရင် သိန်းစည်းကျောင်း ကျောက်စာသက္ကရာဇ် ၇၉၂) စသည်ဖြင့် ရေးထိုးခဲ့ကြရာ ယခင်လများက တင်ပြခဲ့သည့်အတိုင်း မြန်မာစာအရေးအသား သတ်ပုံသတ်ညွန်း မတည်ငြိမ်သေးရကာ ရေးနည်းရေးဟန် ကွဲပြားနေပေသေးသည်ဟု ဆိုရပါမည်။
Feb 08, 2024
အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်သည် စည်းလုံးညီညွတ်ခြင်း၏ ဒိဋ္ဌဓမ္မ အကျိုးတရားကို “သမဂ္ဂါနံ တပေါ သုခေါ”= သမဂ္ဂါနံ-စည်းလုံးညီညွတ် သောသူတို့၏၊ တပေါ-အကျင့်သည်၊ သုခေါ-အေးချမ်းသာယာတိုးတက် ကြီးပွားစမြဲဖြစ်သည်ဟု “ဗုဒ္ဓဝစနံသစ္စံ” အဖြစ် ဟောဖော်ညွှန်ပြတော်မူခဲ့သည်။ ထို့ပြင် အချင်းချင်း မသင့်မမြတ် မညီမညွတ်ဘဲ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင် ကျင့်ကြံဆောင်ရွက်ကြလျှင် ပျက်စီးဆုံးရှုံးခြင်းဖြင့်သာ နိဂုံးချုပ်ရသည်ကိုလည်း မြတ်ဗုဒ္ဓသခင်က ခုဒ္ဒက နိကာယ် မဟာသုတသောမဇာတ်တော်ဖြင့် ဟင်္သာကိုးသောင်းပျက်စီးဆုံးရှုံး နိဂုံးချုပ်ခဲ့ရပုံကို ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့ပါသည်။