Skip to main content
Jan 18, 2024
ပေးဝေမျှကူ တိုင်းပဲခူး၏ အခမဲ့ ဆေးကုသမှုအလှူ
ထိုကဲ့သို့ နိုင်ငံ့တာဝန်ကို တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီး ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ငွေကြေးကုန်ကျမှုအနည်းဆုံးဖြင့် လက်လှမ်းမီ သာတူညီမျှရရှိနိုင်ရေး ရည်ရွယ်၍ လစဉ်အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 18, 2024
ယခုရက်ပိုင်း ဈေးထဲမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက စိမ်းစိမ်းစိုစို လတ်လတ်ဆတ်ဆတ်နဲ့ဝယ်ချင်စရာတွေချည်းပဲ။ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ သခွား၊ မုန်လာ၊ ဘူး၊ ဖရုံ၊ ဘူးညွန့်၊ ဖရုံညွန့်၊ ပဲညွန့်၊ ကန်စွန်း၊ နံနံ၊ ပူဒီနာတွေ၊ ကန်စွန်းဥ၊ ပဲမြစ်၊ ဖရဲ၊ ထောပတ်၊ လိမ္မော်၊ ပန်းသီး စတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေက မျိုးစုံအောင်ပါပဲ။
Jan 17, 2024
ဆောင်းပါး
မိဘတို့သည်သားသမီးများ စကားပြောတတ်သည့်အရွယ်သို့ရောက်လျှင်ပင် စာရေးတတ်၊ စာဖတ်တတ်လေအောင် ကျောင်းသို့စေလွှတ်၍ စာသင်စေသည်။ ကလေးများကျောင်းသို့ရောက်သော် ဆရာ ဆရာမ တို့သည် ထိုကလေးများကို စာရေးတတ်၊ စာဖတ်တတ်ကြစေရန် ပထမဦးဆုံး ဗျည်းအက္ခရာများမှစ၍ စာကြီးပေကြီးများအထိ သင်ကြားပို့ချကြလေသည်။ ဤသို့ ငယ်စဉ်ကအစပြု၍ မိဘဆရာသမားတို့က စာဖတ်တတ်အောင် သင်ကြားပေးကြသည်မှာ စာဖတ်တတ်ခြင်းကြောင့် ကလေးတို့၏ အနာဂတ်ကောင်းကျိုးကို ဖန်တီးနိုင်စေရန် ရည်သန်သောကြောင့်ဖြစ်လေသည်။ လူမျိုးအသီးသီး၊ ဘာသာအသီးသီးတို့တွင် အများအားဖြင့်စာနှင့် စာပေဟူ၍ရှိကြသည်။ စာပေသည် စာမှပေါ်ပေါက်လာသည်။ စာသည်စကား၏ သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စနစ်တကျ စီစဉ်ရေးသားတင်မှတ်ထားသော အမှတ်အသားဖြစ်သည်။ အချို့နိုင်ငံများတွင် ရုပ်ပုံသင်္ကေတများမှ ဆင်းသက်လာသည့် အရေးအမှတ်များကိုပါ စာဟုခေါ်ကြသည်။
Jan 16, 2024
ခိုင်မာပြီး သုတေသနကျင့်ဝတ်နှင့်ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် “(၅၂)ကြိမ်မြောက်မြန်မာနိုင်ငံ ကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံ”ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်- ၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပမည် ဖြစ်ပါသည်။
Jan 16, 2024
ပျော်ပျော်ပါးပါး ကြက်တောင်ကစားကြမလား
​​​​​​​အားကစားဝါသနာရှင်တစ်ဦး အိမ်ရှေ့ဥပစာမြေကွက်လပ်တစ်ခုတွင် သမီးငယ်နှစ်ဦး ကြက်တောင်ရိုက်ဆော့ကစားနေကြသည်။ ဟေမန္တရာသီဆောင်းနံနက်ခင်းက အေးမြမြချမ်းစိမ့်စိမ့်ရှိလှသော်လည်း သူတို့နှစ်ဦးအဖို့မူ ချွေးများပင်စို့လို့နေသည်။
Jan 16, 2024
ကမ္ဘာ့စစ်ပွဲကြီးများနှင့် ကုလသမဂ္ဂရှေ့ခရီး
၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က ဂျပန်နိုင်ငံဟီရိုရှီးမားမြို့ပေါ်သို့ အမေရိကန်က အဏုမြူဗုံးတစ်လုံး ကြဲချခဲ့ရာ ထိုနေ့သည် သမိုင်းတစ်လျှောက် လူအသေအပျောက် အများဆုံးနေ့ ဖြစ်ခဲ့သည်။ နောက်သုံးရက်အကြာ ဩဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီမြို့သို့ ဒုတိယမြောက် အဏုမြူဗုံးတစ်လုံးကို ထပ်မံကြဲချခဲ့ပြန်သည်။ ထိုစဉ်ကကြဲချခဲ့သော အဏုမြူဗုံးကြောင့် လူပေါင်း ၁၂၉၀၀၀ မှ ၂၂၆၀၀၀ အကြားသေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။ ထိုမြို့များရှိ အဆောက်အအုံပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူ အများအပြားသည်လည်း အဏုမြူရောင်ခြည်သင့်မှုကြောင့် နောက်ဆက်တွဲရောဂါဝေဒနာများကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမနီသည် လက်နက်ချခဲ့ပြီး ဖြစ်သော်လည်း ဂျပန်က လက်နက်ချရန် ငြင်းဆန်နေသဖြင့် စစ်ပွဲအဆုံးသတ်ရန်အတွက် အမေရိကန်က အဏုမြူဗုံး အသုံးပြုခဲ့ခြင်းဖြစ်သည်။ ရွေးချယ်စရာမရှိသော ဂျပန်သည် ဩဂုတ် ၁၅ ရက်တွင် မဟာမိတ်များထံ လက်နက်ချခဲ့ရသည်။ လက်နက်ချအခမ်းအနားကို စက်တင်ဘာ ၂ ရက်တွင် တိုကျိုပင်လယ်အော်၌ လက်မှတ်ရေးထိုးခြင်းဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့သည်။ အမေရိကန်သည် ဂျပန်ကို အဏုမြူဗုံးဖြင့် အနိုင်ယူခဲ့သော်လည်း အရပ်သားများအပေါ် ပစ်မှတ်ထားမှုကြောင့် ပြင်းထန်သော ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
Jan 15, 2024
ကမ္ဘာ့နေရာအနှံ့ဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါကြောင့် အများပြည်သူတို့အကြား စိတ်ပိုင်းဆိုင်ရာအခြေအနေများအပါအဝင် အခြားသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပြဿနာတို့နှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေထိုင်ကြရသည့်ဖြစ်စဉ်များကြောင့် အီလက်ထရွန်နစ်ကုန်သွယ်ရေး (e-commerce) လုပ်ငန်းများ၊ အွန်လိုင်းဈေးဝယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်မှာ အဆိုးထဲမှ အကောင်းဟု မှတ်ယူရမည်ဖြစ်သည်။ အီလက်ထရွန်နစ် ကုန်သွယ်ရေးဆိုသည်မှာ အွန်လိုင်းဝန်ဆောင်မှုများ သို့မဟုတ် အင်တာနက်ပေါ်မှ ကုန်ပစ္စည်းများကို အီလက်ထရွန်နစ်နည်းဖြင့် ဝယ်ခြင်း သို့မဟုတ် ရောင်းချခြင်းဖြစ်သည်။ ကပ်ရောဂါကာလ၏ e-commerce ရောင်းအားလည်း လက်လီရောင်းချမှုအားလုံးတွင် သိသိသာသာမြင့်တက်ခဲ့သည်။ ကိုဗစ်ကာလအကျပ်အတည်းသည် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကိုလည်း အရှိန်မြှင့်တင်ပေးခဲ့သည်။ စားသုံးသူများ၏ဘဝကို နေ့ချင်းညချင်းပြောင်းလဲသွားစေပြီး လက်လီရောင်းချမှုတွင် အွန်လိုင်းလက်လီဈေးကွက်က ထဲထဲဝင်ဝင် နေရာယူခဲ့သည်။
Jan 15, 2024
သက်ရှည်ကျန်းမာဖို့ ပုံမှန်လမ်းလျှောက်ကြပါစို့
လူတိုင်းသည် အသက်ရှည်ကျန်းမာလိုကြသည်။ ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အချိန်မှသာ သိရှိကြသည်။ ငွေကြေးဓနမည်မျှပင်ကြွယ်ဝ ပိုင်ဆိုင်နေစေကာမူ ကျန်းမာရေးချို့ယွင်းနေသူ တစ်ဦး၏ဘဝသည် အဓိပ္ပာယ်မဲ့နေတတ်သည်။ လူတိုင်းသည် ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့နေထိုင်လိုကြသော်လည်း ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်လေ့မရှိကြပေ။ စိတ်အလိုလိုက်ပြီး စားသောက်နေထိုင်တတ်ကြသည်။ ရလဒ်အနေဖြင့် ကျန်းမာရေးချူချာလာပြီး လူ့လောကမှ အချိန်မတိုင်မီ ထွက်ခွာသွားကြရသည်။
Jan 14, 2024
ဆောင်းပါး
လတ်တလောမှာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲကြောင့် ကမ္ဘာ့နိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေထပ်မံတွေ့ရှိခဲ့ပါတယ်။ ဗီဇပြောင်းမျိုးကွဲကူးစက်ဖြစ်ပွားမှုဟာ အမေရိကန်မှသည် ဥရောပထိုမှတစ်ဖန် အာရှ၊ အရှေ့တောင်အာရှအထိ လွှမ်းမိုးလာခဲ့တာဖြစ်ပါတယ်။
Jan 13, 2024
ဆောင်းပါး
မနေ့က ဆရာမကြီးက သိပ်နေမကောင်းဘူး။ ထုံးစံအတိုင်း အိပ်ရာထဲကွေးရင်း ဖုန်းဖွင့်မိတော့ “ဆရာမကြီး သမီးတို့လာနေပြီ၊ လမ်းမှာဆိုင်ဝင်ပြီး စားသောက်နေတယ်’’ လို့ message ရိုက် CB ကနေ ပြောထားတာတွေ့ရတယ်။