Skip to main content
Feb 07, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Feb 07, 2024
ဆောင်းပါး
ရန်ကုန်တိုင်းဒေသကြီး၏ တောင်ဘက်အပိုင်းရှိ ဒလမြို့သည် ဧရာဝတီတိုင်းဒေသကြီးသို့ ထွက်ပေါက်မြို့တစ်မြို့ဖြစ်ပြီး ရန်ကုန်မြို့တော်နှင့် အနီးဆုံးဖြစ်သော်လည်း ရန်ကုန်မြစ်နှင့် ပိုင်းခြားထားသဖြင့် ရေလမ်းဖြင့်သာ ရန်ကုန်မြို့သို့သွားရောက်ရပြီး လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နည်းပါးခဲ့ရပါသည်။
Feb 06, 2024
အားလုံးဟာတိုင်းရင်းသားချင်း ညီရင်းအစ်ကိုမောင်ရင်းနှမတွေပါပဲ။ ပြည်ထောင်စုဖွားသွေးရင်းသားရင်းတွေပါ။ ပြည်ထောင်စုစိတ်ဓာတ်မှာ ဘယ်လူမျိုး၊ ဘယ်မျိုးစုကမှ မကြီးစိုး၊ ကြီးစိုးခွင့်လည်းမရှိ။ လူမျိုးကြီးဝါဒဟူ၍လည်း မကျင့်သုံး၊ မိသားစုလို သဘောထား၊ မိတ်ဆွေလိုချစ်ခင်ကြသလို အားလုံးကချစ်ချစ်ခင်ခင် သဘောထားပါတယ်။ အသိုက်အမြုံတစ်ခုတည်းကမို့ အနိုင်ကျင့်လိုတဲ့စိတ်မရှိ၊ အားနည်းသူကို အကူအညီပေးဖေးမ၊ အေးအတူပူအမျှ သဘောထားတန်းတူရည်တူရှိအောင် ဆောင်ရွက်ပေးတာပဲရှိပါတယ်။
Feb 06, 2024
ပြည်ထောင်စုနေ့ရောက်တိုင်း ပြောနေကျစကားတွေထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့စကားဟာ ထိပ်ဆုံးကပါပါတယ်။ ဒီကနေ့အထိ မြန်မာနိုင်ငံအတွက် အဓိကအလိုအပ်ဆုံးကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေ စုစည်းနေထိုင်ကြတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကိုယ့်တိုင်းရင်းသားညီအစ်ကိုအချင်းချင်း စည်းလုံးညီညွတ်နေမှ ရေရှည်လက်တွဲ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလျှော့ချဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်‌ထောင်စုတည်ထောင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အခြေခံလိုအပ်ချက်လည်းဖြစ်ပါတယ်။
Feb 05, 2024
ဆောင်းပါး
ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက် (Need) နှင့် လိုချင်မှု (Want) ကို ခွဲခြားနိုင်ရန် စနစ်တကျစိစစ်ရန် လိုအပ်သလို တကယ်လိုအပ်သည့်နေရာ၊ လိုအပ်သည့်လုပ်ငန်း လုပ်နိုင်ရန်အတွက် စီမံကိန်းလျာထားမှုမှာ လိုအပ်ချက်အလိုက် ဦးစားပေးအစီအစဉ်နှင့် အံဝင်ခွင်ကျဖြစ်ရန် လျာထားဆောင်ရွက်နိုင်ရေး အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ဦးစားပေးရွေးချယ်ခြင်းဗျူဟာ (Targeting Strategy) ကို ကျေးလက်ဖွံ့ဖြိုးရေးမူဘောင်တွင် ချမှတ်ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်ပါသည်။
Feb 05, 2024
ဆောင်းပါး
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့အတွင်း နွေစပါးစိုက်ပျိုးပြီးစီးမှုများကို ကွင်းဆင်းလေ့လာ သတင်းစကားရယူလိုသောကြောင့် စာရေးသူတို့အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့မှ သူငယ်ချင်း၏ မော်တော်ယာဉ်ဖြင့် ဇန်နဝါရီ ၂၀ ရက်တွင် ကွင်းဆင်းခရီး သွားရောက်ခဲ့သည်။
Feb 04, 2024
ပြည်ထောင်စုအနာဂတ်အတွက် မလွဲမသွေလုပ်ဆောင်ရမည့်အရာ
ဗြိတိသျှတို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့်အခါ ရေရှည်အုပ်ချုပ်ခွင့်ရရှိစေရန် တိုင်းရင်းသားများကို သွေးခွဲအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးပရိယာယ်ကြောင့် တိုင်းရင်းသား အချင်းချင်းသံသယများဖြင့် ရင်းနှီးမှုအားနည်း၊ သွေးကွဲခဲ့ရသည်။ အင်္ဂလိပ်တို့ သိမ်းပိုက်ခံရသည့် မူလနှစ် ၇၀ ဝန်းကျင်အထိ မြေပြန့်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှပူးပေါင်း၍ လွတ်လပ်ရေးကို မကြိုးပမ်းခဲ့ဖူးကြ။ ဖက်ဆစ်ကို တော်လှန်ကြမှသာ တိုင်းရင်းသားအားလုံးပေါင်းစည်းမိသည်။ ထိုမှတစ်ဖန် အင်္ဂလိပ်ကို တော်လှန်ခဲ့ကြချိန်တွင်တော့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ လွတ်လပ်ရေးပန်းတိုင်သို့ ရောက်ရှိခဲ့သည်။ သို့သော် တစုတစည်းတည်း လွတ်လပ်ရေးရရှိလာခဲ့ခြင်းသည် လွယ်ကူသည့် ခရီးတော့မဟုတ်ခဲ့။ ခက်ခဲကြမ်းတမ်းလှသည်။
Feb 03, 2024
ဝဿကာရတွေကြားက တို့ပြည်ထောင်စုနယ်မြေ
၂၀၂၄ ခုနှစ်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့နီးကပ်လာခဲ့ချေပြီ။ အသက် ၅၀ ကျော်အရွယ် မိမိတို့မျိုးဆက်များအဖို့ ပြည်ထောင်စုနေ့နှင့်ပတ်သက်လျှင် အမှတ်ရစရာများက အများသားလား။ ဦးစွာအောက်မေ့ အမှတ်ရမိသည်က မီးအလှရောင်စုံများ ဖြာဝေစွာဆင်ယင်ထွန်းညှိပြီး တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြသည့် ကျိုက္ကဆံပြည်ထောင်စုပွဲတော်နှင့် ပြည်ထောင်စုအလံတော်ကို လက်ဆင့်ကမ်းသယ်ယူခဲ့ကြသည့် မြင်ကွင်းပုံရိပ်များပင် ဖြစ်ပါတော့သည်။
Feb 02, 2024
ဆောင်းပါး
၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နီးကပ်လာခဲ့ချေပြီ။ အသက် ၅၀ ကျော်အရွယ် မိမိတို့မျိုးဆက်များအဖို့ ပြည်ထောင်စုနေ့နှင့်ပတ်သက်လျှင် အမှတ်ရစရာများက အများသားလား။ ဦးစွာအောက်မေ့အမှတ်ရမိသည်က မီးအလှရောင်စုံများ ဖြာဝေစွာဆင်ယင်ထွန်းညှိပြီး တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြသည့် ကျိုက္ကဆံပြည်ထောင်စုပွဲတော်နှင့် ပြည်ထောင်စုအလံတော်ကို လက်ဆင့်ကမ်းသယ်ယူခဲ့ကြသည့် မြင်ကွင်းပုံရိပ်များပင်ဖြစ်ပါတော့သည်။
Feb 01, 2024
ချင်းတောင်တန်း
မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်တဲ့ ပြည်ထောင်စုနေ့ ဂုဏ်ပြုတေးအစီအစဉ်ထဲက “တောင်ဇလပ်တေးကဗျာ” အစီအစဉ်ကို ကြည့်ရှုနားဆင် မိတော့ ချင်းလူငယ်အဆိုတော် တွေနဲ့အတူ ချင်းပြည်နယ်ရဲ့အလှ တောင်ဇလပ်ပန်းတို့ရဲ့ မွှေးရနံ့ကို မျှဝေခံစားမိခဲ့ရပါတယ်။ ချင်းတောင်ကို ခွဲခွာသွားကြတဲ့ ချစ်သူတွေရဲ့ ပြန်အလာမှာ တောင်ဇလပ်ပန်းတွေလည်း မွှေးပျံ့လာမယ်ဆိုတဲ့ ယုံကြည်ချက်တွေ ပြည့်လို့ပါပဲ။ ကိုယ်တိုင်အကြိမ်ကြိမ် ရောက်ခဲ့ရတဲ့ ကျွန်တော့်အတွက်လည်း မျှဝေခံစားမိရတာပါပဲ။