Feb 01, 2024
“ရေဝပ်ဒေသများ ကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar) ၌ ဖွဲ့စည်းခဲ့သဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့သည် အစိုးရအချင်းချင်း သဘောတူစာချုပ်ဖြစ်သည့် Wetlands Convention (Ramsar Convention) ၏ နှစ်ပတ်လည်နေ့ဖြစ်သကဲ့သို့ ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) လည်း ဖြစ်ပါသည်။
Jan 31, 2024
“ရေဝပ်ဒေသများ ကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar) ၌ ဖွဲ့စည်းခဲ့သဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့သည် အစိုးရအချင်းချင်း သဘောတူစာချုပ်ဖြစ်သည့် Wetlands Convention (Ramsar Convention) ၏ နှစ်ပတ်လည်နေ့ဖြစ်သကဲ့သို့ ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) လည်းဖြစ်ပါသည်။
Jan 31, 2024
EAAFP ကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အတွင်းရေးမှူးရုံးကို ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့၌ ရုံးစိုက်ထားရှိပါသည်။ ယနေ့အထိ အဖွဲ့ဝင်နိုင်ငံ ၁၉ နိုင်ငံ၊ နိုင်ငံတကာအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အေဂျင်စီ (Intergovernmental Agency) များ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း (Internatio- nal Non-Government Organizations-INGOs) များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ (Inter-national Organizations) များ ၂၁ ခု၊ စုစုပေါင်းအဖွဲ့ဝင်နိုင်ငံ၊ မိတ်ဖက်အဖွဲ့အစည်း ၄၀ ဖြင့် ဖွဲ့စည်းထားပါသည်။ အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာ လမ်းကြောင်းရှိ ငှက်ပျံသန်းကွန်ရက် နယ်မြေ ၁၅၅ ခု သတ်မှတ်ထားပြီးဖြစ်ရာ မြန်မာနိုင်ငံတွင် ငှက်ပျံသန်းကွန်ရက်နယ်မြေရှစ်ခု သတ်မှတ်ထားရှိပြီး ဖြစ်ပါသည်။
Jan 31, 2024
ရွှေအကြောင်း ဖယောင်းသိ၊ လူ့အကြောင်းပေါင်းမှသိဆိုတဲ့ စကားလိုပါပဲ။ မိတ်ဆွေတုတွေဟာ သူတို့အကျိုးစီးပွားကိုပဲ ကြည့်တတ်ကြတဲ့အတွက် ဒုက္ခနဲ့ မှတ်ကျောက်တင်တဲ့အခါမှာ ဖုံးကွယ်ထားတဲ့ စိတ်ရင်းအမှန်တွေ ပေါ်လာကြပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာလည်း အလားတူပါပဲ။ ကိုယ့်နိုင်ငံရဲ့အကျိုးကို အမှန် တကယ်လိုလားတဲ့ နိုင်ငံတွေရှိသလို၊ ကိုယ့်နိုင်ငံကို အသုံးချဖို့ ကြိုးပမ်းနေကြတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ အခုမြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာဆိုရင် မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုတွေရဲ့ သရုပ်မှန်တွေကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။
Jan 30, 2024
ကျွန်တော်မေးသမျှကို အတိုင်အဖောက်ညီစွာ ပြန်လည်ဖြေကြားနေသည့် သူတို့လေးတွေ၏ အသံက စားရိပ်သာခန်းမအတွင်းမှာ ဟိန်းထွက်သွားသည်။ သူတို့လေးတွေဆိုသည်မှာ အခြားမဟုတ်ပါ။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း ငါးကျောင်းဖြစ်သော မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ်မြို့များတွင် ဖွင့်လှစ်ထားသည့် သင်တန်းကျောင်းများမှ ပထမနှစ်ကျောင်းသား ကျောင်းသူလေးများ ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၏ညွှန်ကြားမှုဖြင့် သူတို့လေးတွေအတွက် နေပြည်တော်နှင့်ပတ်ဝန်းကျင်လေ့လာရေးခရီးစဉ် သုံးရက်ကို ရေးဆွဲစီစဉ်ဆောင်ရွက်ပေးခဲ့သည်။
Jan 29, 2024
လတ်တလောမှာတော့ဥရောပမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုမြင့်မားလာတဲ့အတွက် သတိထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တောင်းဆိုထားတယ်လို့ သိရပါတယ်။ တုပ်ကွေးကူးစက်မှုတွေကြောင့် ဆေးရုံတက်ရတဲ့သူတွေ များပြားလာတယ်လို့ ကိုပင်ဟေဂင်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဥရောပဒေသဆိုင်ရာ ဒါရိုက်တာဟန့်စ် ဟန်ရီပီ-ကလူဂါ ကပြောပါတယ်။ ဒါ့အပြင် လာမယ့်သီတင်းပတ်တွေမှာ ရောဂါဖြစ်ပွားမှု ပိုမိုများပြားလာနိုင်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း သူကတိုက်တွန်းပြောကြားခဲ့ပါတယ်။
Jan 29, 2024
အိမ်ဘေးမြေကွက်လပ်တစ်ခုတွင် ဆယ်ကျော်သက်အရွယ် အစ်မနှင့်သူ့သူငယ်ချင်းများ ကရာတေးသင်ယူကစားနေကြသည်။ အိမ်နီးချင်း ကရာတေးဆရာတစ်ဦးက အစ်မနှင့် သူ့သူငယ်ချင်းများကို ကရာတေးပညာ အခမဲ့သင်ကြားပေးနေခြင်း ဖြစ်ပါသည်။
Jan 29, 2024
ယနေ့ကမ္ဘာကြီးမှာ ပထဝီနိုင်ငံရေး၊ စီးပွားရေးအရ အချက်အချာကျတဲ့နိုင်ငံ၊ အချင်းချင်းညီညွတ်မှု အားနည်းတဲ့နိုင်ငံ၊ အားနည်းချက်တွေရှိတဲ့နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံမျိုးစုံရဲ့ ဖိအားအမျိုးမျိုးနဲ့ ထိုးဖောက်မွှေနှောက် တိုက်ခိုက်ခံရတတ်တဲ့ အစဉ်အလာဆိုးကြီးဟာ မဆန်းတော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ အမျိုးမျိုးဖိနှိပ်ကြတဲ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ အင်အားချည့်နဲ့အောင် မီဒီယာအားနဲ့ဝါဒအမျိုးမျိုးဖြန့် နှောင့်ယှက်လေ့ရှိကြပါတယ်။ တောင်အာရှနဲ့အရှေ့တောင်အာရှရဲ့ ဗဟိုချက်မတစ်ခုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အားသာချက်ကိုရိုက်ချိုးဖို့ အင်အားကြီးနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့က ကြိုးပမ်းအားထုတ်နေကြမှုကို မြင်အောင်ကြိုးစားရာမှာ သတင်းမီဒီယာအားနဲ့ ဝိုင်းဝန်းဖိနှိပ်မှုတချို့ကို ကျွန်တော်တို့မြန်မာပြည်သူတွေ မျက်ခြည်မပြတ် သိရှိထားဖို့လိုပါတယ်။
Jan 29, 2024
ဘူမိဗေဒအထောက်အထားများအရ မြန်မာနိုင်ငံသည် ငလျင်ဖြစ်ပေါ်ခံစားရနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အတိတ်ကာလကလည်း အပျက်အစီးရှိသော အင်အားပြင်းငလျင်ကြီးများ လှုပ်ရှားခဲ့ဖူးပါသည်။ ငလျင်အန္တရာယ်သည် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး လူနေမှုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငလျင်အန္တရာယ်ကို အထူးဂရုပြုကြရန် လိုအပ်ပါသည်။ မြေထုချပ် (Plate) ဟုခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာ၍ အဆိုပါတွန်းတိုက်သည့်နေရာတွင် အားများ တဖြည်းဖြည်းစုစည်းမိလာကာ တစ်ချိန်တွင် စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ အဘက်ဘက်သို့ ပြန့်ထွက်သွားပါသည်။ အဆိုပါအားများ (စွမ်းအင်များ) ဖြတ်သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြားခံအရာများ အားလုံးတုန်ခါ၍သွားခြင်းကို ငလျင်လှုပ်သည်ဟု ခေါ်ဆိုကြပါသည်။ မီးတောင်ပေါက်ကွဲခြင်း၊ မြေအောက်မိုင်းခွဲခြင်း၊ အာကာသမှ ဥက္ကာခဲကြီးများ ကမ္ဘာမြေပေါ်သို့ ကျရောက်ခြင်းတို့ကြောင့်လည်း ငလျင်များ လှုပ်ရှားတတ်ပါသည်။
Jan 29, 2024
ထိုင်းနိုင်ငံအခြေစိုက် TNN ဆိုတဲ့ အွန်လိုင်းမီဒီယာတစ်ခုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းသုံးသပ်ချက်တစ်ခုကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရှိလိုက်ရပါတယ်။ သတင်းသုံးသပ်ချက်စာသားမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြဿနာတွေကို ဆွေးနွေး သုံးသပ်ထားပါတယ်။ သုံးသပ်ချက်မှာ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့သုံးဖွဲ့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစလို့ တိုက်ပွဲတွေ ဖော်ဆောင်လာတာကို အစချီထားပါတယ်။
