Skip to main content
Jan 13, 2024
ဆောင်းပါး
နေ့စဉ်နှင့်အမျှ ပြောင်းလဲမှုများဖြစ်ပေါ်နေသည့် မျက်မှောက်ခေတ်ကမ္ဘာတွင် ရှင်သန်ရပ်တည်နိုင်ရန်နှင့် မိမိတစ်ဦးချင်းစီ၊ အစုအဖွဲ့နှင့် နိုင်ငံအတွက် အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန်တို့အတွက် စွမ်းဆောင်ရည်တည်ဆောက်ခြင်း (Capacity Building) သည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
Jan 12, 2024
ဆောင်းပါး
၂၁ ရာစု ပညာရေးစနစ်တွင် ကျောင်းသားများကို ကျွမ်းကျင်စွာရေးတတ်၊ ဖတ်တတ်၊ ပြောတတ်စေရန် သင်ကြားပေးနိုင်ရုံဖြင့် မလုံလောက်တော့ဘဲ ပြဿနာအခြေပြုသင်ကြားခြင်း၊ စီမံကိန်းအခြေပြု သင်ကြားခြင်းများအဖြစ် ပြောင်းလဲခဲ့ကြသည်။ နိုင်ငံအများအပြား၏ သင်ရိုးညွှန်းတမ်းများတွင် အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှု၊ မီဒီယာ၊ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာတတ်မြောက်မှု၊ လက်တွေ့ဘဝနှင့်ကိုက်ညီသည့် ဘာသာရပ်ဖြစ်မှုစသည့် အခြေခံအချက်များပါဝင်ရန် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ ပညာရေးကိုလူတိုင်းလက်လှမ်းမမီနိုင်သေးခြင်းမှာ ကမ္ဘာကြီးအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေသည်။ နိုင်ငံအချို့တွင် အွန်လိုင်းပလက်ဖောင်းများ၊ တီဗွီ၊ ရေဒီယိုအစီအစဉ်များဖြင့် အဝေးသင်ပညာရေး ပလက်ဖောင်းများအသုံးပြု၍ သင်ယူမှုမပြတ်တောက်စေရန် လုပ်ဆောင်ခဲ့ကြသည်။ ဒစ်ဂျစ်တယ်နှင့် ကွာဟမှုရှိနေသည့် သုံးပုံတစ်ပုံကျော်သော ကျောင်းသားများအတွက်မူ အဆိုပါသင်ကြားမှုမျိုးကို လက်လှမ်းမမီဖြစ်နေရသည်။
Jan 12, 2024
အစည်းအဝေးတွင် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုသည် ရှီကျင့်ဖျင်သံတမန်ဆက်ဆံရေး အတွေးအခေါ်၏ အဓိကအယူအဆဖြစ်ကြောင်း၊ ရေရှည်ငြိမ်းချမ်းသော၊ ယေဘုယျအားဖြင့် လုံခြုံသော၊ အတူတကွစည်ပင်ဝပြောသော၊ တံခါးဖွင့်၍ အားလုံးပါဝင်မှုရှိသော၊ သန့်ရှင်းသာယာလှပသော ကမ္ဘာကြီးတည်ဆောက်ခြင်းကို ကြိုးပမ်းမှုရည်မှန်းချက်အဖြစ်ထားရှိခြင်း၊ အတူတကွ ဆွေးနွေး၊ အတူတကွတည်ဆောက်၊ အတူတကွမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု တွန်းအားပေးခြင်းအား အကောင်အထည် ဖော်ဆောင်သည့် လမ်းကြောင်းအဖြစ်ထားရှိခြင်း၊ လူသားအားလုံး ဘုံတန်ဖိုးဖော်ဆောင်ခြင်းအား ယေဘုယျအားဖြင့်လိုက်နာခြင်း၊ နိုင်ငံတကာဆက်ဆံရေး ပုံစံအသစ်တည်ဆောက်ခြင်းကို အခြေခံကျားကန်မှုအဖြစ်ထားရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ အကောင်အထည်ဖော်ဆောင်ခြင်းအားမဟာဗျူဟာမြောက် ဦးဆောင်မှုအဖြစ်ထားရှိခြင်း၊ “Belt and Road” အရည်အသွေးမြင့် အတူတကွတည်ဆောက်ခြင်းအား လက်တွေ့အကောင်အထည်ဖော်ဆောင်သည့် ပလက်ဖောင်းထားရှိခြင်းတို့ဖြင့် နိုင်ငံအသီးသီးနှင့်အတူလက်တွဲကာ စိန်ခေါ်မှုများရင်ဆိုင်၍ အတူတကွစည်ပင်ဝပြောမှု အကောင်အထည်ဖော်ဆောင် ပြီး ကမ္ဘာကြီးက ငြိမ်းချမ်းသော၊ လုံခြုံသော၊ စည်ပင်ဝပြောသော၊ တိုးတက်သော ထွန်းပြောင်သည့်အနာဂတ်သို့ လျှောက်လှမ်းရန် တွန်းအားပေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း ထောက်ပြပြောဆို ခဲ့သည်။
Jan 12, 2024
ဆောင်းပါး
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားကြသောနိုင်ငံတို့သည် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားအောင် ကြိုးစားဆောင်ရွက်ကြပါသည်။ လယ်ယာလုပ်ငန်းတွင် ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားလာခြင်းသည် အခြားကဏ္ဍများအတွက် အလုပ်သမားများကို ဖြန့်ဖြူးပေးပြီး လုံလောက်သော အစားအစာနှင့်စက်မှုကုန်ထုတ် လုပ်ခြင်းအတွက် ကုန်ကြမ်းပစ္စည်းများကိုလည်း ထောက်ပံ့ပေးနိုင်ပါသည်။ စိုက်ပျိုးရေးတွင် အလုပ်သမားတို့၏ ကုန်ထုတ်လုပ်မှုနှုန်းကြီးထွားမှုသည် စက်မှုနိုင်ငံများတွင် စီးပွားရေးဆိုင်ရာအခြားကဏ္ဍများထက် ပိုမိုများပြားပါသည်။ ၁၉၆၇-၁၉၆၈ ခုနှစ် မှ ၁၉၈၃-၁၉၈၄ ခုနှစ်အထိ စက်မှုနိုင်ငံ ၁၈ နိုင်ငံမှ ၁၇ နိုင်ငံကို အချက်အလက်ကောက်ယူခဲ့ရာ စိုက်ပျိုးရေး၏ နှစ်စဉ်ကြီးထွားမှုနှုန်းသည် ၄ ဒသမ ၃ ရာခိုင်နှုန်းဖြစ်၍ အခြားကဏ္ဍများသည် ၂ ဒသမ ၆ ရာခိုင်နှုန်းဖြစ်နေပါသည်။ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုနှုန်းတိုးတက်မှုသည် ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အလုံးစုံသောစီးပွားရေးဆိုင်ရာ ကောင်းကျိုးချမ်းသာများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသော အရင်းအမြစ်တစ်ခုဖြစ်ပါသည်။
Jan 11, 2024
နတ်တော်လနှင့်ပတ်သက်၍ စာအလင်္ကာများ ဖွဲ့ဆိုရာတွင်- ပုပ္ပားနတ်တောင်လင်္ကာသည် ရှေးအကျဆုံးဖြစ်သည်။ “သိုးကလေ…” အစချီ ပုပ္ပားနတ်တောင်လင်္ကာဘွဲ့ကို အများသိရှိကြလေသည်။ ကျောင်းသင်ခန်းစာအနေဖြင့် ပါဝင်၍လည်း မြန်မာ့နယ်ပယ်၌ အသိများကြလေသည်။ ပုပ္ပားနတ်တောင်လင်္ကာဘွဲ့နောက် ပုပ္ပားမဟာဂီရိနတ်ချင်းပေါ်လာပေသည်။ အောက်ပါအတိုင်းဖြစ်သည်။
Jan 11, 2024
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်းအစည်း အဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပေကျင်းမြို့၌ကျင်းပခဲ့ရာ သမ္မတရှီကျင့်ဖျင်က အရေးပါမိန့်ခွန်း ပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖျင်က ခေတ်သစ် တရုတ်ဝိသေသ ဆောင်သောနိုင်ငံကြီး သံတမန်ဆက်ဆံရေး၏ သမိုင်းဝင်အောင်မြင်မှုနှင့် အဖိုးတန်အတွေ့အကြုံများကို စနစ်တကျခြုံငုံ၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးလုပ်ငန်းတွင် ရင်ဆိုင်ရသော နိုင်ငံတကာပတ်ဝန်းကျင်နှင့် ထမ်းဆောင်ရသည့်
Jan 10, 2024
လွတ်လပ်ရေးနဲ့တပ်မတော်၊ တပ်မတော်နဲ့အချုပ်အခြာတွဲပြီးမြင်တတ်ရင် ယနေ့နိုင်ငံရဲ့ ဘက်စုံပြဿနာအရပ်ရပ်အပေါ်မှာ ဘယ်လိုမှန်ကန်တဲ့အမြင်နဲ့ ချဉ်းကပ်ဖြေရှင်း သင့်သလဲ နားလည်နိုင်ပါလိမ့်မယ်။ တပ်မတော်ရဲ့ကံကြမ္မာဟာ တိုင်းပြည်ရဲ့ကံကြမ္မာနဲ့ တစ်ထပ်တည်းရှိတယ်ဆိုတာ မြင်နိုင်ရမယ်။ တပ်မတော်ရဲ့ဆုံးရှုံးမှုတိုင်းဟာ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုပဲဆိုတဲ့ဒဿန၊ တချို့မမြင်ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။
Jan 10, 2024
မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းကို ဝိမုတ္တိအမြင်ဖြင့် လေ့လာခြင်း
အမှတ်(၁)စက်မှုဝန်ကြီးဌာန အောက်ရှိလုပ်ငန်း၊ စက်ရုံများသည် ပြည်သူလူထု စားဝတ်နေရေးအတွက် နေ့စဉ်အသုံးပြုနေသည့် လူသုံးကုန် ပစ္စည်း၊ အထည်အလိပ်၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့်အခြား အထွေထွေကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်ဖွဲ့စည်းထားသကဲ့သို့ အမှတ်(၂)စက်မှုဝန်ကြီးဌာနသည် နိုင်ငံတော်၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့ မြင့်မားလာစေရေး၊ ယင်းတို့ကို အထောက်အကူဖြစ်စေသည့် ယာဉ်နှင့်စက်ကိရိယာအမျိုးမျိုးတို့ကို ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
Jan 10, 2024
အင်ဒိုနီးရှားပိုင်နက်ရေပြင်မှာ နယ်စပ်ဖြတ်ကျော် ဒုက္ခသည်လှေတွေ တစ်စင်းပြီးတစ်စင်း ဝင်လာနေခဲ့တာ ခန့်မှန်းခြေလူဦးရေ ၁၅၀၀ ခန့် ရှိလာပါပြီလို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြကြတယ်။ သူတို့တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပင်လယ်ကြီးကိုဖြတ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာနဲ့ဒီဇင်ဘာလတွေမှာ အများဆုံးလာရောက်ခဲ့ကြတယ်လို့ သိရှိရပြီး နောက်ထပ် အားချေးပြည်နယ် ကမ်းရိုးတန်းဆီ ဒုက္ခသည်လှေတစ်စင်းဦးတည်လာနေတာကို အင်ဒိုနီးရှားရေတပ် ကမ်းခြေစောင့်တပ်က တွေ့ရှိတာကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ အင်ဒိုနီးရှားရေပိုင်နက်ထဲကို ပြန်မလာနိုင်အောင် ကမ်းရိုးတန်းနဲ့ ရေမိုင် ၆၃ မိုင် အကွာအထိ ရေတပ်သင်္ဘော KRI Botang-907 က မောင်းထုတ်ခဲ့ရတယ်လို့ အင်ဒိုနီးရှားရေတပ်ဝက်ဘ်ဆိုက်မှာ ကြေညာချက်ထုတ်ထားခဲ့ပါတယ်။
Jan 09, 2024
၂၀၂၃ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းက ရာနဲ့ချီတဲ့ ဘင်္ဂါလီလှေစီးရွှေ့ပြောင်းသွားလာသူ တွေ အင်ဒိုနီးရှားကို တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာ တကယ်တော့ ဒေသတွင်းမှာ ထူးဆန်းတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ၁၉၇၀ ပြည့်နှစ်ကျော် ကာလတွေတုန်းကလည်း ဗီယက်နမ်လှေစီးဒုက္ခသည်တို့၊ ကမ္ဘောဒီးယား လှေစီးဒုက္ခသည်တို့ ပြဿနာကိစ္စတွေ ရှိခဲ့ဖူးတာပါပဲ။ ရွှေ့ပြောင်းသွားလာသူတွေရဲ့ Boat People ဆိုတဲ့ လူကုန်ကူးလှေတွေဆိုလည်း အင်ဒိုနီးရှားမှမဟုတ်ပါဘူး။ မလေးရှား၊ ထိုင်း၊ မြန်မာစတဲ့ ကမ်းရိုးတန်းရေပိုင်နက်အထိ ရောက်ရှိလာခဲ့လို့ သက်ဆိုင်ရာနိုင်ငံတွေက ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့ကြရပါတယ်။