Jan 26, 2021

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကိုယ့်ကိုယ်ကိုယ် မင်းတုပ်ချ စာရေးစာဖတ် အလုပ်လုပ်နေတဲ့ ကျွန်တော်ဟာ မြန်မာစံတော်ချိန် ည ၈ နာရီတိတိမှာတော့ တီဗွီရှေ့အမြဲရောက်ပါတယ်။ ည ၈ နာရီနောက်ပိုင်း သတင်းအပြီး မြန်မာ့ရုပ်သံ က ထုတ်လွှင့်တဲ့အစီအစဉ်များဟာ ကျွန်တော်တို့ အဘိုးကြီးလေးများကို အိပ်ရာမဝင်မီ ကြည်နူးနှစ်သိမ့်မှု တစ်ခုခုပေး သွားမြဲဖြစ်လို့ တီဗွီရှေ့ထိုင်ဖြစ်အောင် ထိုင်လေ့ရှိပါတယ်။ ည ၈ နာရီမှာ အိမ်ရှင်မက အမ်အာရ်တီဗွီ အိပ်ခ်ျဒီလိုင်းကို ပြောင်းပေးပြီး သူ့လက်ထဲနာရီအတော်ကြာ ကိုင်ထားတဲ့ တီဗီရီမုဒ်ကို အသာချထားခဲ့ပါတယ်။ ပြီးတော့ ထိုင်နေတဲ့ နေရာက ထသွားတယ်။ စိတ်လိုလက်ရရှိမှ ပြန်လာထိုင်တတ်ပ
Jan 24, 2021

ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို သက်သာစေရေးစီမံချက်အတိုင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများသို့ ငွေကြေးနှင့် စားသောက်ကုန် ပစ္စည်းများ ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ ထို့ပြင် အလုပ်သမားများအပေါ် ဆိုးကျိုး သက်ရောက်မှု လျော့နည်းစေရေးနှင့် အိမ်ထောင်စုများ အပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရေး
Jan 24, 2021

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (မြန်မာ့ရုပ်သံ) သည် တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှုပြုခဲ့သည်မှာ သက်တမ်း ၇၅ နှစ်သို့ တိုင်ချေပြီ။ “စိန်ရတုမြန်မာ့ရုပ်သံ” အဖြစ် ကမ္ပည်းတင်နိုင်၊ မော်ကွန်းထိုးနိုင်ခဲ့ပြီ။ “ရာပြည့်မြန်မာ့ ရုပ်မြင်”သည်လည်း ဖြစ်တည်လာမည်မှာ မြေကြီး လက်ခတ်မလွဲ။ သို့သော် ရာပြည့်ပွဲကိုတော့ ကျွန်တော် မြင်နိုင်ကြားနိုင်မည်မထင်။ သက်မဲ့ဖြစ်သော မြန်မာ့ရုပ်သံ ကို သက်ရှိဖြစ်သော “လူသား”နှင့် နှိုင်းယှဉ်ကြည့်မိသည်။ အရွယ်တော် တစ်ဆိတ်ဟိုင်းနေပြီဖြစ်ကြောင်း သိသာ သည်။
Jan 24, 2021

ကျွန်တော်၏ ငယ်ဘဝစာမျက်နှာတွင် စိတ်နှလုံး ကြည်လင်ပျော်ရွှင်စေရန် ရှေးဦးစွာ ဆုံစည်းသည်က ရေဒီယိုမဟုတ်ပါချေ။ နှစ်ခြိုက်စွာ ပွေ့ပိုက်ခဲ့ရသည်က မဟော်ဂနီရောင် အသံမှော်သေတ္တာတစ်လုံးပဲ ဖြစ်ပါသည်။ အလျားအနံ တစ်ပေခွဲ၊ တစ်ပေနှင့် အမြင့်တစ်ပေခန့်ရှိ ဓာတ်စက်ဖြစ်၏။ သီချင်းများကို ထွက်ပေါ်စေသဖြင့် စက်သီချင်းဟုလည်း ခေါ်ပါသည်။
Jan 24, 2021

လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်လောက်ကတည်းက အတွေးအခေါ်ပညာရှင် အရစ္စတိုတယ်က တရားဥပဒေစိုးမိုးရေး သို့မဟုတ် တရားဥပဒေဖြင့် အုပ်ချုပ်ခြင်းနဲ့ လူတစ်စု၊ လူတစ်ဖွဲ့က အုပ်ချုပ်ခြင်းတို့ကို ခွဲခြားသိမြင်ခဲ့ပါတယ်။ Rule of Law is better than any individual. “လူတစ်စု၊ လူတစ်ဖွဲ့က အုပ်ချုပ်ခြင်းထက် ဥပဒေဖြင့်အုပ်ချုပ်ခြင်းက သာလွန်ကောင်းမွန်တယ်” ဆိုပြီး သူ့ရဲ့အတွေးအခေါ်နဲ့ တရားဥပဒေစိုးမိုးရေးသဘောတရားကို အလင်းပြခဲ့ပါတယ်။
Jan 23, 2021

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို သက်သာစေရေးစီမံချက်အတိုင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများသို့ ငွေကြေးနှင့် စားသောက်ကုန်ပစ္စည်းများ ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အလုပ်သမားများအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရေးနှင့် အိမ်ထောင်စုများအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရေး ရည်မှန်းချက် ပန်းတိုင်များကို ချမှတ်ကာ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုသက်သာစေရေး စီမံချက်ထားကာ ဆောင်ရွက်လျက်ရှိပါသည်။ တီထွင်ဆန်းသစ်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန် အားပေးမြှင့်တင်ဆောင်ရွက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ရေးများကိုလည်း ပန်းတိုင်ထားကာ COVID-19 ကြောင့် ပြည်သူများ စီးပွားရေးထိခိုက်မှု သက်သာစေရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါသည်။
Jan 23, 2021

“ဗုဒ္ဓစာပေဝတ္ထုတွေအကြောင်း ဆရာပြောပြလို့ တော်တော်မြင်သွားပါပြီဆရာ။ ဇာတက၊ ဗုဒ္ဓဝင်၊ ဇင်းမယ်ပဏ္ဏာသ၊ ဓမ္မပဒဝတ္ထုတွေဟာ ပါဠိက မြန်မာစာကိုပေးတဲ့ အမွေအနှစ်တွေလို့ ဆရာသုံးသပ်ပြတာ အများကြီး ဗဟုသုတတိုးပါတယ် ဆရာ”
Jan 23, 2021

ပေးခဲ့သည့်ကတိအတိုင်း ကျွန်မဆယ်တန်းအောင်လို့ ပါပါ (အဖေ့ကို ကျွန်မတို့မောင်နှမတွေအခေါ်) က ရေဒီယိုလေး ဝယ်ပေးခဲ့သည်။ ထိုစဉ်က အိမ်တိုင်းတွင် ရေဒီယိုမရှိ သေးပေ။
Jan 23, 2021

“ဝင်းကိုကိုအောင် ရေးသားပြုစုတဲ့ ၂၁ ရာစု လူငယ် တစ်ယောက် (A 21st CENTURY BURMESE GUY) အကြောင်း မိတ်ဆက်ရေးသားချင်လို့ပါ။ လူငယ်တွေအကြောင်း လေ့လာသုံးသပ်တဲ့သဘောပါ”
Jan 23, 2021

လူတိုင်း ငြိမ်းချမ်းရေးကို လိုလားကြပါသည်။ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ငြိမ်းချမ်းစွာ အချင်းချင်း ပေါင်းသင်းဆက်ဆံကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ နေထိုင်လိုကြပါသည်။ ထို့ကြောင့် ဘေးအန္တရာယ် ဒုက္ခပေါင်းစုံမှ လွတ်မြောက်နိုင်ရန်အတွက် ကာကွယ် စောင့်ရှောက်ပေးပါရန် ရှေးအခါက နတ်ဘုရားပေါင်းစုံ တို့ကို အားကိုးတကြီး ကိုးကွယ်ခဲ့ကြပါသည်။ ဒုက္ခပေး တောက်လောင်တတ်သည့် မီးကိုလည်း ကိုးကွယ်ခဲ့ကြပါသည်။ မြွေနဂါးများကိုပင် ကိုးကွယ်ခဲ့ကြပါသည်။ အုပ်ချုပ်သူမင်းတရားများနှင့် အင်အားကြီးသူများထံ ခိုကိုး အားထားခဲ့ကြပါသည်။ သို့ရာတွင် ကမ္ဘာ့သမိုင်း အဆက်ဆက်မှာ လူသားတို့ ငြိမ်းချမ်းမှု မရရှိခဲ့ကြဘဲ ဒုက္ခဆင်းရဲပေါင်းစုံတို့ကို ခံစားနေရသည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။