Jan 17, 2021

စာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက် မှုများ၊ ဖိုနိုဂရမ်ထုတ်လုပ်မှုများနှင့် ထုတ်လွှင့်ခြင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် စာပေနှင့် အနုပညာ ဆိုင်ရာ ထုတ်လုပ်မှုအဆင့်အတန်း မြင့်မားတိုးတက် စေရန်၊ မူလလက်ရာရှင်နှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် ပိုင်ရှင်၏ စာပေနှင့်အနုပညာမူပိုင်ခွင့်များကို ဤဥပဒေနှင့် အညီ အကာအကွယ်ပေးနိုင်ရန်၊ ဖျော်ဖြေသူ၊ ဖိုနိုဂရမ် ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့်အဖွဲ့အစည်းတို့၏ ဆက်နွှယ်သည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် နိုင်ရန်၊ ရိုးရာဓလေ့အမွေအနှစ်ဖော်ပြချက်များကို ကာကွယ်မြှင့်တင် နိုင်ရေး အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေကို ၂၄ - ၅ -၂၀၁၉ ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ပြီးဖြစ်ပါသည်။ ဤဥပဒေသည် နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်မည် ဖြစ်သည်။၁
Jan 16, 2021

ကိုဗစ်ကာလ မြန်မာ့စီးပွားရေးမျှော်မှန်းချက်
ကိုဗစ်- ၁၉ ရောဂါကူးစက်မှုသည် ကမ္ဘာတစ်ဝန်းတွင် ယနေ့ထက်တိုင် တိုးနေဆဲပင် ဖြစ်သည်။ တစ်နှစ် ကျော် ကြာမြင့်လာသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူဦးရေမှာလည်း သန်းချီရှိနေပါ၏။ ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ရရှိနေပြီဆိုသော်လည်း ယင်းကပ် ရောဂါကြီး အချိန်မည်မျှကြာ၍ လူသားများအပေါ် မည်မျှထိခိုက်နေဦးမည်ဆိုသည်က ခန့်မှန်းရန် ခက်ခဲ နေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ ကပ်ရောဂါ ဖြစ်ပွားမှုအကျိုး ဆက်မှာ နိုင်ငံအားလုံးတို့၏ စီးပွားရေး၊ ပညာရေး၊ လူမှု ရေးဆိုင်ရာများ ရပ်တန့်ခြင်း၊ တုံ့ဆိုင်းခြင်း၊ နှေးကွေး ခြင်းတို့ဖြစ်သည်။
Jan 16, 2021

“သတင်းစာဆရာတစ်ဦးသည် အလွန်ထူးသော သတင်း တစ်ပုဒ်ရသောအခါ ထိုသတင်းကို ရေးသား ဖော်ပြခြင်းဖြင့် သတင်းဦး၊ သတင်းထူးဖြစ်သောကြောင့် မိမိသတင်းစာ အတွက် အကျိုးရှိမည်ဖြစ်သော်လည်း အဆိုပါသတင်းရေးသားဖော်ပြခြင်းဖြင့် တိုင်းပြည်အကျိုးယုတ်မည့်ကိစ္စ မျိုးဖြစ်ပါက တိုင်းပြည်အကျိုးကို ဦးစားပေး၍ ထိုသတင်း ကို ဖော်ပြခြင်းမပြုရ။”
Jan 16, 2021

အရှေ့တောင်အာရှတွင် ထွန်းလင်းတောက်ပခဲ့သည့် ရန်ကုန်တက္ကသိုလ်ကြီးသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် နှစ် ၁၀၀ ပြည့်ခဲ့သည်။ ရာပြည့်အထိမ်းအမှတ်အဖြစ် အခမ်းအနားများကို လူစုလူဝေးဖြင့် စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ခဲ့သော်လည်း အွန်လိုင်းမှ တတ်နိုင်သမျှ ခင်းကျင်းပြသနိုင်ခဲ့သည်။ ယင်းတို့တွင် လူအများစိတ်ဝင်စားကြသည်မှာ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် ရာပြည့်အမှတ်တရတက္ကသိုလ်သီချင်း(၁၀၀)ပင်ဖြစ်သည်။ တိမ်မြုပ်နေသည့် သီချင်းများ၊ မူရင်း တေးသံရှင်အချို့ကိုပါ စင်တင်ဖျော်ဖြေခွင့်ရခဲ့၍ ကိုဗစ်ကာလ အိမ်တွင်းပုန်းရင်း အတန်ပင် အပန်းပြေခဲ့ရလေသည်။ စာအုပ်စာစောင်အချို့ ထွက်ခဲ့သော်လည်း ကိုဗစ်ကာလဖြစ်၍ လူထုကြားသို့ သိပ်မရောက်ခဲ့။ စာပေပြိုင်ပွဲအချို့ပြုလုပ်ကာ အွန်လိုင်းမှ ဆုပေးနိုင်ခဲ့သည်ကို တွေ့ရသည်။
Jan 14, 2021

ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် အထိမ်းအမှတ် စာပေတွေ၊ ရုပ်မြင်သံကြားမှ တင်ဆက် မှုတွေကို stay at Home ကာလမှာ ဖတ်ရှုရင်း၊ ကြည့်ရှုရင်း၊ ခံစားရင်းနဲ့ မိမိဘဝ ငယ်ပုံရိပ်တွေ၊ လုပ်သားများကောလိပ် ကျောင်းသူဘဝ၊ ရန်ကုန်တက္ကသိုလ်မှာ မဟာတန်းတက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူဘဝ၊ တက္ကသိုလ်ဆရာဘဝတွေကို ပြန်လည်တွေးတောမိရင်း ငယ်ဘဝ ငယ်ရိပ်တွေ ပြန်လည်လွမ်းမောမိပါတယ်။ ကံတရားရဲ့ ရိုက်ခတ်မှုတွေ ကိုလည်း ပြန်လည်ခံစား မိပါတယ်။ ကြံ့ကြံ့ခံကာ ကျော်လွှားနိုင်ခဲ့တာကိုလည်း လောကဓံဘဝ အစိတ် အပိုင်းတစ်ခု အနေနဲ့ ကျေနပ်နှစ်သိမ့်မိပါတယ်။
Jan 14, 2021

“ဆရာကြီးရဲ့ အမည်ရင်းက ဦးသိန်းဟန်ပါ။ ဖျာပုံ ဇာတိပါ။ ဆရာကြီးက ဒုတိယကမ္ဘာစစ် မတိုင်မီက ခေတ် စမ်းစာပေ လှုပ်ရှားမှုကို ဆရာမင်းသုဝဏ်၊ ဆရာသိပ္ပံ မောင်ဝတို့နဲ့အတူတူ စတင်လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင် တစ်ဦးပါ။ ဆရာကြီးရဲ့ ပထမဆုံးကဗျာက “ပိတောက်ပန်း” ကဗျာပါ။ ၁၉၆၃ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ ‘ဗေဒါလမ်း ကဗျာတွေ၊ ပြင်သစ်စာရေးဆရာကြီး ‘မိုးလျဲ’ ရဲ့ ပြဇာတ်ကို မှီငြမ်းရေးခဲ့တဲ့ ‘မဟာဆန်ချင်သူ’ ပြဇာတ်တို့၊ ၁၉၅၅ မှာ စာပေ ဗိမာန်ဆုရခဲ့တဲ့ ‘သခင်ကိုယ်တော်မှိုင်းဋီကာ’ တို့က နာမည်ကျော် လက်ရာတွေပါ။ ဆရာကြီးက အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်က စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့ကိုရခဲ့ပြီး ၁၉၄၁ ကတည်း က ရန်ကုန် တက္ကသိုလ်ရဲ့ ပိဋကတ်မှူး ဖြစ်ခဲ့သူပါ”
Jan 14, 2021

ဤသီချင်းကား မြန်မာ့အသံ၏မူဝါဒကို ဖော်ပြ၏။ မြန်မာ့အသံခေတ်က ဆိုသော်လည်း မြန်မာ့ရုပ်မြင်သံကြား ခေတ်ရောက်လာသည့် အခါတွင်လည်း ဆက်လက်သယ်ဆောင်လာခဲ့သော မူဝါဒ ပင်ဖြစ်မည်ထင်ပါသည်။
Jan 14, 2021

ဗြိတိသျှတို့လက်အောက်တွင် မြန်မာတို့၏ ရှေးရိုးစဉ်လာ ငွေပန်းထိမ်၊ ရွှေပန်းထိမ်၊ ရက်ကန်း၊ အိုးလုပ်ငန်း စသောအိမ်တွင်းလက်မှု လုပ်ငန်းများ မှာ တိမ်ကောပျောက်ကွယ် မသွားသော်လည်း များစွာမှေးမှိန်ခဲ့ရသည်။ ဗြိတိသျှအစိုးရ၏ Laissez Faire မူဝါဒကြောင့် ထိုအိမ်တွင်းလက်မှု လုပ်ငန်းများကို အားပေးမြေတောင်မြှောက်ပေးခြင်းမရှိဘဲ လျစ်လျူရှုထားခဲ့သည်။ ပထမ ကမ္ဘာစစ်ဖြစ်ပြီး နောက်ပိုင်း၌ အိန္ဒိယအစိုးရက အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို အားပေး လာပြီး ၁၉၁၆ ခုနှစ်တွင် Industrial Commission တစ်ခုကို ဖွဲ့စည်းခဲ့သည်။
Jan 14, 2021

ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝက ညဘက်လသာလျှင် အိမ်ရှေ့ကွပ်ပျစ်တွင် သူငယ်ချင်းများ စုဝေးပြီး အမျိုးမျိုးသော ကစားနည်းများကို ကစားတတ်ကြသည်။ မောလာလျှင် ကွပ်ပျစ်တွင် စုဝေးပြီးထိုင်ကာ အုပ်စုနှစ်စုခွဲ၍ ထိုင်ကစားရသော ခေါင်းတို့တမ်း၊ ကျားဗိုလ်ဆွဲတမ်းများ အပြင် စကားထာ ဖွက်တမ်းလည်း ကစားတတ်ကြသည်။
Jan 14, 2021

ဒစ်ဂျစ်တယ်မီဒီယာနှင့် ဈေးကွက်ကဏ္ဍ၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများဆိုင်ရာ ဗဟုသုတ မျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေး အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက် ပါသည်။