Skip to main content

NUG အကြမ်းဖက်အဖွဲ့ရဲ့ “Hit List” ဘာလဲ၊ ဘယ်လဲ

ယခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ Hot ဖြစ်နေတဲ့ကိစ္စတစ်ခုကတော့ NUG အကြမ်းဖက် အဖွဲ့ရဲ့ အကြမ်းဖက်သတ်ဖြတ်မယ့်အမည်စာရင်း "Hit List" ထွက်လာပြီး လက်အောက်ခံ PDF အဖွဲ့တွေကို NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူက တိုက်ရိုက်ညွှန်ကြားဆောင်ရွက်နေတယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေအကြားမှာ ဟိုးလေး တကျော်ကျော် ဖြစ်သွားခဲ့တာပါ။ ဒီသတင်းထွက်ပေါ်လာ ပြီးနောက်မှာ NUG အကြမ်းဖက် အဖွဲ့က ဆာဆာနဲ့ ဇင်မာအောင်တို့က ထွက်ပေါ်နေတဲ့ “Hit List” စာရင်းက သူတို့လုပ်တာ မဟုတ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို အသည်းအသန် ဖြေရှင်းချက်ပေး နေရတာကို တွေ့ရပါတယ်။

မဟာမိတ်လက်အောက်ခံအကြမ်းဖက်အဖွဲ့

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ရက်နေ့က ဆာဆာက NUG အဖွဲ့အနေနဲ့ အကြမ်းဖက် သတ်ဖြတ်ရမယ့် အမည်စာရင်း “Hit List” ကို ၎င်းရဲ့ မဟာမိတ် လက်အောက်ခံ အကြမ်းဖက်အဖွဲ့တွေဆီကို ပေးပို့ခဲ့ တယ်ဆိုတဲ့သတင်းက သတင်းမှားတွေသာ ဖြစ်တယ်ဆိုပြီး သဘောထားထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာလည်း NUG အကြမ်းဖက်အဖွဲ့က ဇင်မာအောင်ကလည်း အလားတူ ဖြေရှင်းချက်မျိုး VOA မီဒီယာကို ဘူးခံပြီး ငြင်းဆို ဖြေကြားခဲ့တာကို တွေ့ရပါတယ်။

သို့သော်လည်း ဒီလိုငြင်းဆိုနေတဲ့အချိန်မှာ “Hit List” ထဲမှာပါဝင်တဲ့ ငြိမ်းချမ်းရေးဆောင်ရွက် နေသူတစ်ဦးကနိုင်ငံတကာသံတမန်အသိုင်းအဝိုင်း ဆီကို အကူအညီတောင်းထားတဲ့ စာတစ်စောင်က ထပ်မံထွက်ပေါ်လာပါတယ်။ ဒီစာထဲမှာ NUG ရဲ့ လမ်းစဉ်က နိုင်ငံတကာက စံထားတဲ့တန်ဖိုးတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတဲ့ အကြောင်း၊ NUG/PDF တွေအနေနဲ့ အောက်တိုဘာလတစ်လအတွင်းမှာ တင် အပြစ်မဲ့ပြည်သူ ၁၈၈ ဦးကို သတ်ဖြတ်ခဲ့ကြကြောင်း၊ ယခုအချိန်အထိသတ်ဖြတ်ခံရတဲ့ အပြစ်မဲ့ပြည်သူ ၆၀၀ ကျော်ပြီဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မကောင်းဆိုးဝါးဖြစ်လာ နေတဲ့ NUG/PDF ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ပေးနိုင်ဖို့ စိတ်ဓာတ်နဲ့ နိုင်ငံရေးဩဇာ အာဏာရှိပါကြောင်း၊ ဒီ “Hit List” မှာ စစ်တပ်ကို ထောက်ပံ့ပေးနေတယ်လို့ NUG အနေနဲ့ ယူဆထား တဲ့စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊

အနုပညာရှင်တွေအပြင်၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ပညာရှင်တွေပါ ပါဝင်နေကြောင်း၊ ပြည်သူ့ပါတီမှ ဦးကိုကိုကြီး၊ မွန်ညီညွတ်ရေးပါတီက ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးနဲ့ ပါတီဝင်တွေကိုလည်း အကြိမ်ပေါင်းများစွာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း။

နိုင်ငံတကာသံတမန်အသိုင်းအဝိုင်း

၎င်းတို့ကဘက်မလိုက်သူ (ကြားနေ) မှန်သမျှကို ခြိမ်းခြောက်သတ်ဖြတ်နေကြကြောင်း၊ အကြမ်းဖက် NUG အဖွဲ့တွင် ပစ်မှတ်ထားသတ်ဖြတ်သည့် ပုံစံ () မျိုးရှိကြောင်း၊ ပထမတစ်မျိုးမှာ NUG က တိုက်ရိုက်ထိန်းချုပ်စေခိုင်းခြင်းဖြစ်ကြောင်း၊ ဒုတိယတစ်မျိုးမှာ လိုအပ်တဲ့ သတင်းအချက် အလက်တွေနဲ့ လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှုကို NUG က စီစဉ်ပေးပြီး ၎င်းတို့နဲ့ ဆက်စပ်အဖွဲ့တွေက ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တတိယတစ်မျိုးကတော့ ဒေသ အလိုက် PDF တွေက ဆောင်ရွက်နေခြင်းဖြစ်ပြီး NUGမှလွင်ကိုလတ်(တရားခံပြေး) က ကြိုးကိုင်နေကြောင်းနဲ့ ၎င်းအနေနဲ့ PDF အဖွဲ့ ၆၀ ကျော်နဲ့ အွန်လိုင်းတွေ့ဆုံပွဲလုပ်နေတဲ့ အထောက်အထား ဓာတ်ပုံကိုပါ တွဲဖက်ပြီးပေးပို့ပါကြောင်းစသဖြင့် ဖော်ထုတ်ရေးသားထားပြီး နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းကို အကူအညီတောင်းခံခဲ့တာကို တွေ့ရပါတယ်။

NUG အကြမ်းဖက်အဖွဲ့အနေနဲ့ ပြောင်လိမ်နေ ပေမယ့်လည်း ဒီလိုနိုင်ငံရေးနဲ့ သံတမန်အသိုင်းအဝိုင်း ကို ရောက်ရှိခဲ့တဲ့ “Hit List” ဆိုတာက အမှန်တကယ် ရှိနေတာဖြစ်လို့ NUG ကို ထိတွေ့ဆက်ဆံပြီးထောက်ပံ့ပေးနေတဲ့ အချို့နိုင်ငံတကာအသိုင်းအဝိုင်းက သတိပြုမိလာပြီး သူတို့အကြမ်းဖက်လုပ်ရပ်တွေ မဖုံးနိုင်မဖိနိုင်ဖြစ်လာရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ကုလ သမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာထုတ်ပြန်ချက်မှာတောင် ယခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ အရပ်သားတွေရဲ့ လုံခြုံရေးသေချာအောင်ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကိုတိုက်တွန်းထားတဲ့အချက်တွေ ပါဝင်လာတာကို တွေ့ရပါတယ်။ NUG/PDF တွေရဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံနိုင်ကြတော့တာကြောင့် ၎င်းတို့ကို ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကဒီ “Hit List” အကြောင်းကို ထုတ်ဖော်သတိပေးလာကြတာ ဖြစ်ပါတယ်။

NUG အဖွဲ့ရဲ့ အကြမ်းဖက်သတ်ဖြတ်မယ့် “Hit List” သတင်း online ပေါ်မှာ ပျံ့နှံ့နေပြီး လက်တွေ့မှာလည်း အကြမ်းဖက် NUG/ PDF အဖွဲ့ တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရကော စိတ်ဓာတ်ပိုင်း ဆိုင်ရာအရပါ အကြမ်းဖက်မှုတွေကျူးလွန်နေကြောင်းကို ပြည်သူလူထုရဲ့ နေ့စဉ်လူမှုဘဝမှာ ထင်ရှားစွာမြင်တွေ့ကြားသိနေရပါတယ်။ အပြစ်မဲ့ ပြည်သူတွေနဲ့ သံဃာတော်တွေကို ဒလန်လို့စွပ်စွဲ သတ်ဖြတ်နေမှုတွေ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေကို အကြောင်းမဲ့သတ်ဖြတ်နေမှုတွေ၊ ကျောင်းဆရာ၊ ဆရာမနဲ့ ပညာရေးဝန်ထမ်း တွေကို ရက်ရက်စက်စက် မိသားစုလိုက် လုပ်ကြံသတ်ဖြတ်မှုတွေ၊ အရပ်ဘက်ပစ်မှတ်တွေနဲ့ စာသင်ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်နေမှုတွေ၊ ကိုဗစ်ရောဂါ ကာကွယ်၊တားဆီး၊ တိုက်ဖျက်ရေးဆောင်ရွက်နေတဲ့နေရာတွေကို အကြမ်းဖက်ခဲ့ကြတာတွေ၊ လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေကြတဲ့ကိစ္စတွေကို NUG ကမွေးဖွားခဲ့ တဲ့ PDF နဲ့ အစွန်းရောက် NLD ထောက်ခံသူတွေက နေ့စဉ်လုပ်ဆောင်နေကြတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။

ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံ

အဆိုးဆုံးကတော့ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြတဲ့ မြန်မာနိုင်ငံလို လူ့အဖွဲ့အစည်းမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား  အနန္တဂိုဏ်းဝင် သံဃာတော်တွေကို ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်နေကြတာနဲ့ အပြစ်မဲ့ဆရာ ဆရာမတွေကို သတ်ဖြတ်နေကြတာက လောကီရေး အရရော လောကုတ္တရာအရပါ ဘယ်လိုမှလက်ခံလို့မရတဲ့ အကြမ်းဖက်မှုတွေဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မေလ ရက်နေ့ကနေ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ အကြမ်းဖက်သတ်ဖြတ်ခံရတဲ့ သံဃာတော် ၁၂ ပါးနဲ့ ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ သံဃာ ၁၃ ပါး ရှိပြီဖြစ်ပါ တယ်။ ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံ အဖြစ် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုထားရတဲ့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်တွေကို ယခုလို သတ်ဖြတ်မှုတွေဟာ ဘာသာသာသနာ အတွက် အလွန်အန္တရာယ်ကြီးမားပြီး ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ဝမ်းနည်းစိတ်မကောင်းစရာ ဖြစ်ရပ်ဆိုးကြီး တွေဖြစ်ပါတယ်။

အလားတူ နောက်ထပ်စိတ်မကောင်းစရာ ဖြစ်ရပ်တွေကတော့ ပညာရေးကဏ္ဍကို အကြမ်းဖက် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ NUG အဖွဲ့ရဲ့ စီစဉ်စေခိုင်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်လာအောင် Social Punishment အမည်တပ်ပြီး လူမှုရေးအရ အသရေဖျက် အနိုင်ကျင့်ခဲ့ကြပါတယ်။ ကျောင်းတွေပြန်ဖွင့်ချိန်မှာလည်း ကလေးငယ်တွေ စာမသင်ကြားနိုင်အောင် စာသင်ကျောင်း တွေကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတွေကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်ခဲ့ကြပါတယ်။ CDM မလုပ်ဘဲ ဂုဏ် သိက္ခာပြည့်ဝစွာနဲ့ ဆရာ့ကျင့်ဝတ်တွေနဲ့အညီ တာဝန်ကျေပွန်စွာ ပညာသင်ကြားပေးနေကြတဲ့ အပြစ်မဲ့ဆရာ ဆရာမတွေကိုလည်း ဘာရန်ငြိုး ရန်စမှမရှိဘဲ ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက စာသင်ကျောင်းတွေကို ဗုံးခွဲမီးရှို့ တိုက်ခိုက်မှု ၄၄၄ ကြိမ်ရှိပြီး အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဆရာ ဆရာမ သေဆုံးသူ ခုနစ် ဦး၊ ဒဏ်ရာရ ၁၃ ဦးနဲ့ ပညာရေးဝန်ထမ်းသေဆုံး သူ ငါးဦး၊ ဒဏ်ရာရ နှစ်ဦး စုစုပေါင်း ၂၇ ဦး ရှိပါတယ်။

ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို မိဘတိုင်း သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင် ကြပါတယ်။ NUG/ PDF အကြမ်းဖက် အဖွဲ့တွေက ကလေးတွေ ကျောင်းသွားလို့မရအောင် အကြမ်း ဖက်နေကြတာက မိဘတိုင်းရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးနေတာဖြစ်ပါတယ်။ ပညာရေးကဏ္ဍကို အကြမ်းဖက်တာက တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးဖို့စီစဉ်စေခိုင်း သူတွေဟာ နိုင်ငံရေးအတ္တကြီးနေတဲ့ ဝရမ်းပြေး NUG အဖွဲ့ကဖြစ်ပြီး လက်တွေ့လုပ်ဆောင်နေသူ တွေက အစွန်းရောက် NLD ပါတီဝင်နဲ့ အကြမ်းဖက်သမား PDF တွေဖြစ်တယ်ဆိုတာ ဘယ်လိုမှငြင်းလို့ မရတဲ့သက်သေတွေ အခိုင်အမာရှိနေပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ ယုံကြည် ကိုးကွယ်မှုအရ အနန္တောအနန္တဂိုဏ်းဝင်ဖြစ်တဲ့  ရဟန်းသံဃာတော်နဲ့ ဆရာ ဆရာမတွေကို ရန်ငြိုးရန်စမရှိဘဲ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်  နေတာက NUG/ PDF နဲ့ အစွန်းရောက် NLD ထောက်ခံသူတွေဟာ လူမဆန်တဲ့အကြမ်းဖက် သမားတွေဖြစ်တယ်ဆိုတာ ရှင်းရှင်း လင်းလင်းပြ ဆိုနေပါတယ်။ သံဃာတော်တွေနဲ့ ဆရာ၊ ဆရာမ တွေကိုအကြောင်းမဲ့ သတ်ဖြတ်တဲ့ကိစ္စက အင်မတန်မှ ယုတ်မာရိုင်းစိုင်းလှပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းသာမက ကမ္ဘာ့လူ့အဖွဲ့ အစည်းမှာပါ ဘယ်လိုမှလက်ခံလို့မရနိုင်တဲ့နိုင်ငံရေးအစွန်းရောက်  အကြမ်းဖက်လုပ်ရပ်တွေ ဖြစ် ပါ တယ်။

ဒါ့အပြင် NUG/ PDF တွေအနေနဲ့ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ အယ်လ်ခိုင်ဒါ (Al-Qaeda)  နဲ့ အိုင်းစစ် (ISIS) တို့နည်းတူ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတဲ့လုပ်ရပ်တွေလည်း ရှိပါတယ်။ I၂၀၂၁ ခုနှစ်သြဂုတ်လ ၁၂ ရက်နေ့မှာ အကြမ်းဖက်သမားတွေက AIR KBZ က ပြည်တွင်းခရီးစဉ် ပြေးဆွဲလျက်ရှိတဲ့ ATR-72-600 အမျိုးအစား  လေယာဉ်အမှတ် (XY-AMP) (XY-AMN) (XY

AMO) လေယာဉ်သုံးစင်းရဲ့ Pitot Tube တွေထဲမှာ သစ်ရွက်စိမ်း၊ သစ်ရွက်ခြောက်တွေထည့်ပြီး  လေယာဉ်ပျက်ကျအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ တာဝန်ရှိသူတွေက အချိန်မီစစ်ဆေးတားဆီး နိုင်ခဲ့လို့ ခရီးသည်တွေ အစုလိုက်အပြုံလိုက်သေဆုံးမယ့်ဘေးကနေ ကံကောင်းစွာလွတ်မြောက်ခဲ့ ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ရက်နေ့ မှာလည်း PDF အကြမ်းဖက်အဖွဲ့က ရန်ကုန်  တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဆင်မလိုက် မှတ်တိုင်အနီးမှာ YBS 20 ခရီးသည် ယာဉ်တစ်စီးကို ဖောက်ခွဲမီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ခရီးသည်တွေကို ကံကောင်းစွာနဲ့ ဘေးလွတ်ရာ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။

သက်သေအထောက်အထားများစွာရှိ

NUG အကြမ်းဖက်အဖွဲ့အနေနဲ့ လက်တွေ့  ရုပ်ပိုင်းဆိုင်ရာအရသာမက စိတ်ပိုင်းဆိုင်ရာအရပါ အကြမ်းဖက်ဝါဒကို ကိုင်စွဲထားကြောင်း အကြမ်းဖက် NUG အဖွဲ့က ဝရမ်းပြေးပုဂ္ဂိုလ်တချို့နဲ့ NLD အမာခံလော်ဘီတွေ ဆောင်ရွက်ခဲ့ကြတဲ့သက်သေ အထောက်အထားများစွာလည်း ရှိနေပါတယ်။ NUG အကြမ်းဖက်အဖွဲ့က ဆာဆာအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ အမေရိကန်နိုင်ငံသားတစ်ဦးရဲ့ အွန်လိုင်းအကြမ်း ဖက်သင်တန်းမှာ တက်ရောက်အားပေးစကား ပြောကြားခဲ့ပါတယ်။ အဲဒီသင်တန်းမှာ လက်လုပ်သေနတ်၊ လက်လုပ်ဗုံးပြုလုပ်နည်းတွေ၊ အကြမ်းဖက်ဖောက်ခွဲနည်းတွေနဲ့ အစွန်းရောက်အတွေး အခေါ်တွေကို သင်ကြားပေးခဲ့တာဖြစ်ကြောင်းကို လွတ်လပ်တဲ့ အင်တာနက်မီဒီယာတစ်ခုဖြစ်တဲ့ New Naratif က စက်တင်ဘာလ ရက်နေ့မှာ  ဖော်ထုတ်ရေးသားခဲ့ပါတယ်။

အမေရိကန် နိုင်ငံအနေနဲ့ ၉/၁၁ ဖြစ်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရအပြီး ကမ္ဘာမှာ အစွန်း ရောက်အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်မှုနည်းလမ်းတွေ မပြန့်ပွားစေရေး ဒီလိုတရားမဝင် လက်နက်ပြုလုပ်နည်းတွေကို တားဆီးထိန်းချုပ်ဖို့ အကြမ်းဖက်မှုတားဆီးရေးဥပဒေများစွာနဲ့ ပြဋ္ဌာန်းကာကွယ်ထားပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာတွေ ချမှတ်ထားပါတယ်။ ဒီလိုနိုင်ငံတကာက  လက်မခံတဲ့ဆောင်ရွက်ချက်တွေကို New Naratif က ဖော်ထုတ်ရေးသားလို့ NUG အကြမ်းဖက်အဖွဲ့က ဆာဆာက ထိုသတင်းဌာနကို တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဆိုလိုတာက ယခု ပေါ်ထွက်နေတဲ့ “Hit List” ကိစ္စလိုမျိုးပဲ NUG/PDF ရဲ့ အကြမ်းဖက်လုပ်ရပ်တွေရဲ့ သက်သေအထောက် အထားတွေအဖြစ် နိုင်ငံတကာက သိရှိသွားမှာ စိုးရိမ် ပြီး အကြောက်အကန်ငြင်းဆိုခဲ့ရတဲ့ သာဓကတွေ ဖြစ်ပါတယ်။

NUG အကြမ်းဖက်အဖွဲ့က ဇော်ဝေစိုးအနေနဲ့လည်း ၎င်းရဲ့ မိတ်ဖက်ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ Zoom Meeting တစ်ခုမှာ အကြမ်းဖက် လုပ်ငန်းဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့အစီအစဉ် တွေကို ၂၀၂၁ ခုနှစ် ဇွန်လ ရက်နေ့က ဖော်ထုတ် ပြောကြားခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ အိတ်သေး သေးလေးတွေနဲ့ သယ်လာတာကို ဖွင့်မကြည့်မိဖို့ လိုကြောင်း၊ ဖွင့်ကြည့်ရင် ကိစ္စတုံးသွားနိုင်ကြောင်း၊ အစားအစာတွေမှာလည်း အဆိပ်ခတ်ထား ကြောင်း စသည်ဖြင့် အကြမ်းဖက်မှုဆောင်ရွက်ဖို့အတွက်  ညွှန်ကြားထားတဲ့ အချက်အလက်တွေ ကို ဖွင့်ဟပြောကြားခဲ့တာကို တွေ့ရှိရပါတယ်။ ဖျောက်ဖျက်လို့မရတဲ့ ဗီဒီယိုမှတ်တမ်းတွေ အတိအကျရှိပါတယ်။ NUG/PDF ရဲ့ အကြမ်းဖက်လုပ်ငန်းတွေအတွက် လော်ဘီလုပ်ပေးနေသူ ဖြစ်တဲ့ ယခင် NLD ပါတီမှာသုတေသနတာဝန်ထမ်းဆောင်ခဲ့သူ ဝရမ်းပြေး မျိုးရန်နောင်သိန်း အနေနဲ့လည်း မိဘပြည်သူတွေရဲ့ သားသမီးတွေကို ကျောင်းမပို့ကြဖို့နဲ့ ကျောင်းပို့ရင် ခြေပြတ်လက်ပြတ်ဖြစ်သွားနိုင်ကြောင်း၊ အသက်သေဆုံးနိုင်ကြောင်း ခြိမ်းခြောက်တဲ့ အစွန်းရောက် အကြမ်းဖက်လှုံ့ဆော်မှုတွေကို ဆိုရှယ်မီဒီယာ များကတစ်ဆင့် ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့ပါတယ်။

ငြင်းမရတဲ့နှုတ်ထွက်စကားတွေ

ဆိုရှယ်မီဒီယာတွေပေါ်မှာ အလားတူရေးသား ပြောဆိုနေကြတဲ့ အခြားသောအစွန်းရောက် လော်ဘီတွေ၊ အကြမ်းဖက် NUG အဖွဲ့ဝင်တွေ၊ အမည်အမျိုးမျိုး နဲ့ ဖွဲ့စည်းထားတဲ့ PDF အဖွဲ့တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဆာဆာ၊ ဇော်ဝေစိုးနဲ့ NUG/ PDF လော်ဘီတွေရဲ့ လုပ်ဆောင်၊ ပြောကြားချက် တွေဟာ လုပ်ကြံဖန်တီးထားတဲ့အချက်တွေ မဟုတ် ဘဲ အများပြည်သူအကြားမှာ ပျံ့နှံ့နေပြီး အလွယ်တကူရရှိနိုင်တဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။ ငြင်းမရတဲ့ နှုတ်ထွက်စကားတွေဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတချို့က NUG/PDF ကို တရားဝင်အသိအမှတ် မပြုပေမယ့်လည်း ဒီလိုအကြမ်းဖက်သမားတွေကို သူတို့ရဲ့ နိုင်ငံတွေမှာ လက်ခံထားတာတွေ၊ ထိတွေ့ ဆက်ဆံနေတာတွေက အကြမ်းဖက်ဝါဒနဲ့ အကြမ်း ဖက်မှုတွေကို အားပေးနေတာလားလို့ မေးခွန်း ထုတ်ရမလိုဖြစ်နေပါတယ်။ ISIS Al-Qaeda နဲ့ Hezbollah လို အကြမ်းဖက်အဖွဲ့အစည်းတွေ မြန်မာနိုင်ငံနဲ့ဒေသတွင်းမှာ ထပ်ပြီးမွေးထုတ် ပေးနေတာလား ဆိုတာ သံသယဖြစ်ဖွယ်ရှိပါတယ်။

အထူးသဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လို တဲ့ အပြစ်မဲ့ပြည်သူတွေကိုငါနဲ့မတူ ငါ့ရန်သူ အယူအဆနဲ့အကြမ်းဖက်လုပ်ကြံသတ်ဖြတ်နေတဲ့ ဝရမ်းပြေး NUG အဖွဲ့ဝင်တွေကို ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတချို့နဲ့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ NUG အဖွဲ့က အကြမ်းဖက်လမ်းစဉ်နဲ့ နိုင်ငံရေး ရည်မှန်းချက်ရဖို့ လုပ်နေတာကို သိရှိနားလည်ပြီး ဝိုင်းဝန်းရှုတ်ချတားဆီးကြဖို့ တိုက်တွန်းလို ပါတယ်။

ဒီလိုအစွန်းရောက်အကြမ်းဖက်မှု အားပေး နေတဲ့ကိစ္စတွေကို Facebook ဆိုတဲ့ဆိုရှယ် မီဒီယာရဲ့ ပေါ်လစီနဲ့ နည်းပညာကလည်း လျစ်လျူ ရှုထားလို့ အကြမ်းဖက်မှုတွေ၊ အစွန်းရောက်မှုတွေ မြင့်တက်လာနေတဲ့အကြောင်း နိုင်ငံတကာမှာ ဖော်ထုတ်ဝေဖန်မှုတွေရှိနေသလိုပဲ တစ်ဖက်မှာ လည်း အခုလို NUGi PDF နဲ့ NLD အစွန်းရောက် ပြည်ဖျက်သမားတွေရဲ့ အကြမ်းဖက်လုပ်ရပ် တွေကို လျစ်လျူရှုပြီး အကြမ်းဖက်ကြောင်းသိပါလျက် နှုတ်ဆိတ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေနဲ့ ဒီမိုကရေစီလက်ခံကျင့်သုံး နေကြတဲ့ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးသား တွေ၊ အစိုးရတွေကိုလည်း စာရေးသူအနေနဲ့ ဘာအတွက်ကြောင့် အကြမ်းဖက်မှု တစ်စုံတစ်ရာအတွက် မှတ်ချက်ပေးဖို့၊ ရှုတ်ချဖို့၊ တားမြစ်ဖို့ လက်တွန့်နေတာကို အံ့သြဘနန်းဖြစ်ရသလို ဒီမိုကရေစီလက်ခံကျင့်သုံးနေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့လည်း စိတ်မကောင်းဖြစ်မိ ပါတယ်။

NUG/ PDF အကြမ်းဖက် အဖွဲ့တွေရဲ့ နိစ္စဓူဝဆောင်ရွက်နေကြတဲ့ အကြမ်းဖက်မှုတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတဲ့ အထောက်အထား တွေကိုကြည့်ရင် အခုထွက်ပေါ်နေတဲ့ “Hit List” ဆိုတာက အများကြီးငြင်းချက်ထုတ်နေဖို့ မလိုပါဘူး။ လူအများစိတ်ဝင်စားနေတဲ့ “Hit List” က ဘာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ “Hit List” စာရင်းသတ်မှတ်ထားတာလဲဆိုတာ ယနေ့အကြမ်း ဖက်လူသတ်ဖောက်ခွဲ ဖျက်ဆီးရေး လုပ်နေတဲ့ NUG နဲ့ PDF အဖွဲ့တွေရဲ့ လုပ်ရပ်တွေကိုကြည့်ရင် မြင်တွေ့ သိရှိရမှာဖြစ်ပါတယ်။

NUG/PDF ဆိုတာ ကမ္ဘာ့ပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းကမျှ လက်မခံနိုင်တဲ့ အကြမ်း ဖက်ဝါဒ (Terrorism) ကို ကိုင်စွဲဆောင်ရွက်နေတဲ့ အကြမ်းဖက်အဖွဲ့ တွေဖြစ်တယ်ဆိုတာ သူတို့ ကိုယ်တိုင်ပြောကြားချက်တွေ၊ နေ့စဉ်အကြမ်းဖက်မှုတွေနဲ့ ယခုတလောခေတ်စားနေတဲ့ “Hit List” ဆိုတဲ့ ငြင်းမရနိုင်တဲ့ အထောက်အထားတွေက ထပ်ဆင့်သက်သေညွှန်းဆို ပြသနေပါတယ်။ ဒီလို NUG/ PDF ရဲ့ “ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီး အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေတဲ့ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်ဝါဒကို မြန်မာနိုင်ငံမှာသာမက ဒေသတွင်းနဲ့ နိုင်ငံတကာမှာပါ ခြေကုပ်မယူနိုင်ရေးက အလွန်အရေးကြီး ပါတယ်။

ဒါကြောင့် NUGi PDF နဲ့ အစွန်းရောက် NLD အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေကို အကြမ်းဖက်ဝါဒကို မလိုလားတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူတွေ အားလုံး လက်တွဲညီညီ ဝိုင်းဝန်းပူးပေါင်းတိုက်ဖျက်ကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။ ။

မင်းခန့်