Jun 27, 2021

အထိနာဖို့လိုအပ်ပါတယ်
ကျွန်တော်တို့ဟာ အမြဲလိုလို အထိနာတဲ့အခါကျမှ သင်ခန်းစာ ရလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ လုပ်နေကျ အလုပ်တစ်ခုကို မကောင်းမှန်းသိလည်း လွယ်လွယ်ကူကူပဲ ဆက်လုပ်နေပါတယ်။ ပြောင်းလဲဖို့ဝန်လေးကြပါတယ်။ စီးကရက်သောက်တာကို မကောင်းမှန်းသိပေမယ့်လည်း စီးကရက်ကြိုက်သူ ကတော့ ဆက်သောက်နေတာပါပဲ။ “ဓာတ်မှန်ပေါ်က မြင်ရတဲ့ အဆုတ်မှာ ကင်ဆာလို့ထင်ရတဲ့ အစက်တွေရှိတယ်။ ခင်ဗျား ဆေးလိပ်ဆက်သောက်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သလိုဖြစ် မှာပဲ”လို့ ဆရာဝန်က ပြောလိုက်မှပဲသိပ်ကြောက်သွားပြီး ဆေးလိပ် ကိုဖြတ်ဖို့ စဉ်းစားကြပါတယ်။ ။
Jun 27, 2021
(ဇွန် ၂၅ ရက်နေ့မှအဆက်)
သမ္မတရွေးကောက်ပွဲများ
သမ္မတရွေးကောက်ပွဲတွင် Plurality System ကို အသုံးပြုပြီး တစ်နိုင်ငံလုံးတွင် ဆန္ဒမဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းက အနိုင်ရပါသည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း တစ်ယောက်တည်းရှိနေလျှင်သော်လည်း ရွေးကောက်ပွဲကျင်းပရပြီး ကိုယ်စားလှယ်လောင်းသည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ နိုင်ရန်အတွက် စုစုပေါင်းဆန္ဒမဲ၏ သုံးပုံတစ်ပုံထက် ကျော်လွန်ရရှိ ရမည်ဖြစ်သည်။ သမ္မတရွေးကောက်ပွဲများကို ၁၉၄၈ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၁၉၄၈၊ ၁၉၅၂၊ ၁၉၅၄၊ ၁၉၅၆၊ ၁၉၆၀၊ ၁၉၆၃၊ ၁၉၆၇၊ ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၂၊ ၂၀၀၇၊ ၂၀၁၂၊ ၂၀၁၇ ခုနှစ်တို့တွင် ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ထပ်မံကျင်းပမည် ဖြစ်ပါသည်။ သမ္မတသည် သက်တမ်းတစ်ကြိမ်သာ ရွေးချယ်ခံခွင့် ရှိပါသည်။
Jun 27, 2021

လူငယ်များသည် လက်ရှိနိုင်ငံရေးဖြစ်စဉ်များတွင် စိတ်ပါဝင်စားလာမှု အရှိန်အဟုန်မြင့်တက် လာမှုနှင့်အတူ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာကြသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် လူငယ်ထု၏ အခန်းကဏ္ဍသည် အဓိကအရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ် သောကြောင့် အဂတိလိုက်စားမှု ကို ထိန်းချုပ်ဟန့်တားရာတွင် လူငယ်များပါဝင်လာခြင်းသည် အောင်မြင်မှု ရောင်ခြည်တစ်ခုပင်ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကပင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် လူငယ်များပါဝင်ဆောင် ရွက်နိုင်မည့် အစီအစဉ်များကို ပြုလုပ်လာကြသည်။
Jun 27, 2021

ချစ်စွာသောတူမောင် ရွှင်လန်းချမ်းမြေ့ပါစေ ...
ပဏာမ
ဆရာအောင်သင်းရေးတဲ့ စဉ်းစားစရာလေးတွေဆိုတဲ့ စာအုပ် (၂၀၀၂ ခုနှစ် ဇွန်လထုတ်)မှာ အောက်ပါအတိုင်း ရေးသားထားတာကို ဖတ်ရှုရပါတယ်-
Jun 26, 2021

ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၂၁ ဇွန်လ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အဆိုမူကြမ်း တစ်ခုအပေါ် မဲခွဲဆုံးဖြတ်ပြီးတဲ့နောက်တစ်နေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ (၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ “Resolution for a return to democracy and respect for fundamental rights in Myanmar" ခေါင်းစဉ်ပါအဆိုပါမူကြမ်းကို အတည်ပြုချမှတ်ခဲ့ပါတယ်။ အချုပ်အခြာ အာဏာ ပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာညီလာခံကို အသုံးချခဲ့တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ များစွာ စိတ်မကောင်းဖြစ်မိပါတယ်။
Jun 26, 2021
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း နိုင်ငံများနှင့် လန်ချန်း-မဲခေါင်ဒေသအဖွဲ့ ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့အစည်းများဖြင့် သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်လျက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်။ တစ်ချိန်တည်းတွင် မူးယစ် ဆေးဝါးထုတ်လုပ်သူများနှင့် တရားမဝင် လုပ်ကိုင်သည့်ပညာရှင်တို့သည် ဒေသ တွင်းနှင့် ဒေသအပြင်ဘက်မှ ရောက်ရှိ၍ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးဂိုဏ်း များနှင့် ပါဝင်ပတ်သက်ကာ မူးယစ် ဆေးဝါး ထုတ်လုပ်မှုမှာ တစ်နှစ်ထက် တစ်နှစ် မြင့်မားလာလျက်ရှိသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု နည်းစနစ်နှင့် သယ်ဆောင်ရောင်း ဝယ်မှု နည်းစနစ်တို့ မှာ အချိန်နှင့်အမျှ နည်းပညာမြင့်မားလာ လျက်ရှိရာ ရှာဖွေထောက်လှမ်း ဖမ်းဆီး ရာ၌ နည်းပညာမြင့်မားသော ထောက်ပံ့ ရေးပစ္စည်းများဖြင့် တန်ပြန်ရှာဖွေ ဖော် ထုတ်မှုသည် အိုင်တီနည်းပညာခေတ် တွင် အဓိကလိုအပ်လာလျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းလိုအပ် ချက်ကို ဖြည့်ဆည်းပေးလျက်ရှိပြီး Mobile X-Ray woêqpa Portable X-Ray စက်များ၊ ဓာတုပစ္စည်းများ စစ် ဆေးသည့်ပစ္စည်း ကိရိယာများအပါအဝင် ခေတ်မီနည်းပညာ အထောက်အကူပြု ပစ္စည်းများကို ပြောင်းလဲလာသောနည်း ပညာနှင့်အညီ နှစ်စဉ်ဖြည့်ဆည်းပေး လျက်ရှိသောကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး လုပ်ငန်းတွင် များစွာ အထောက်အပံ့ဖြစ်စေလျက်ရှိသည်။
Jun 25, 2021
တောင်ကိုရီးယားနိုင်ငံသည် အရှေ့အာရှတွင်ပါဝင်ပြီး ကိုရီးယား ကျွန်းဆွယ်၏ တောင်ဘက်ပိုင်းဖြစ်ကာ အနောက်ဘက်တွင် တရုတ် နိုင်ငံ၊ အရှေ့ဘက်တွင် ဂျပန်နိုင်ငံနှင့် မြောက်ဘက်တွင် မြောက် ကိုရီးယားနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် ကိန်းဂဏန်း များအရ စုစုပေါင်းလူဦးရေ ၅၁၇၀၉၀၉၈ ဦး ရှိပါသည်။ မြို့တော်မှာ ဆိုးလ်ဖြစ်ပြီး လူဦးရေ ၂၅ သန်းကျော် (နိုင်ငံလူဦးရေ စုစုပေါင်း၏ ထက်ဝက်ခန့်) နေထိုင်လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံသည် အာရှကျားလေးကောင် သို့မဟုတ် နဂါးလေးကောင်အဖြစ် စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့နှင့်အတူ ပူးတွဲသတ်မှတ်ခံရသည့် အာရှတိုက်၏ စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ် ပါသည်။ တောင်ကိုရီးယားနိုင်ငံသမ္မတသည်တောင်ကိုရီးယားဖွဲ့ စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံ့ခေါင်းဆောင်၊ အစိုးရအဖွဲ့ ခေါင်းဆောင်၊ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်။ လက်ရှိသမ္မတမှာ မွန်းအင်း ဖြစ်သည်။
Jun 25, 2021

လူမှုဝန်းကျင်တွင် ဓမ္မနှင့် အဓမ္မပြောဆိုကြ၊ ရှာဖွေ ကြရာတွင် ယင်း ဓမ္မနှင့် အဓမ္မကို မည်သို့ ဆုံးဖြတ် ကြသည်ဆိုသည်က ပို၍စဉ်။စာဖွယ် ဖြစ်ပါသည်။ ထိုသို့ မဟုတ်ပါက လူတိုင်းသည် မိမိလိုလားချက်နှင့် မိမိအကျိုးစီးပွားဦးတည်နေခြင်းကို ဓမ္မဟု ဆိုကြ ပေလိမ့်မည်။ အထူးသဖြင့် လူများဖြင့်စုပေါင်း နေထိုင်ကြသော အသိုက်အဝန်းတွင် လူအမျိုးမျိုး။ ရှိကြသကဲ့လို့ လိုလားချက်များ။ အမြင်သဘောထားမှာ အယူအဆများနှင့် ရှုထောင့်များအမျိုးမျိုး။ ရှိတတ်ကြသည်။
Jun 25, 2021

“နိုင်ငံ့ဝန်ထမ်း” ဟူသည် ပြည်သူကိုအလုပ်အကျွေးပြုသူ၊ ပြည်သူကို ဝန်ဆောင်မှုပေး နေကြသူများ ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်လာသည်နှင့် ထမ်းဆောင်ရမည့်တာဝန်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လိုက်နာရမည့် စည်းကမ်းများစွာ ရှိပါသည်။ မိမိတို့နိုင်ငံတွင် မိသားစုဘဝ သာယာလှပရေး၊ အများနှင့်တန်းတူ နေထိုင်နိုင်ရေး၊ မိသားစုအတွင်း ချစ်ခင်ကြင်နာမှု ရှိစေရေးကို အိမ်ထောင်ဦးစီးဖြစ်သူ ဖခင် သို့မဟုတ် မိခင်က မိသားစု စည်းကမ်းများ ချမှတ်ကာ စီမံထိန်းကျောင်းလေ့ရှိပါသည်။ စည်းကမ်းမရှိလျှင် “အကွပ်မရှိသည့် ကြမ်းပရမ်းပတာ” ဟူသော ဆိုရိုးအတိုင်း မဖြစ်ရလေအောင် ထိန်းခဲ့ကြရသည်မှာ လိုက်နာ ကျင့်သုံးခဲ့ကြသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ အိမ်တစ်အိမ်တွင် အိမ်၏စည်းကမ်းကို မိသားစုဝင်များက လိုက်နာကြသကဲ့သို့ နိုင်ငံတော်နှင့် လုပ်ငန်းအဖွဲ့အစည်းတိုင်းတွင်လည်း မိမိတို့အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများ လိုက်နာရန်အတွက် သင့်လျော်သည့် စည်းမျဉ်း၊ စည်းကမ်းများကို သတ်မှတ်ထားကြပါသည်။
Jun 25, 2021
ယနေ့ ကမ္ဘာနှင့်အဝန်း လူငယ်ထုတစ်ရပ်လုံးမှာ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကြုံတွေ့နေရပြီး မူးယစ်ဆေးဝါးကို အလွယ်တကူဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။ လူလုပ်မူးယစ်ဆေးဝါးများ (syntheticdrugs)မှာလည်း အချိန်နှင့်အမျှ ပေါ်ပေါက်လာလျက်ရှိရာ အဆိုပါ စိန်ခေါ်မှုကို ကမ္ဘာနှင့်အ၀န်း ရင်ဆိုင်နေရသည်။ လူလုပ်မူးယစ်ဆေးဝါးများ ချက်လုပ်ရာ တွင် အဓိကကျသော ပရီကာဆာဓာတုပစ္စည်းများမှာ မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ စက်မှုဓာတု ကုန်ကြမ်းပစ္စည်းများ အဓိကထုတ်လုပ်ရာ နိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်လာလျက်ရှိသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရေရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းတို့သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေလျက်ရှိရာ လူသားတို့၏ဘဝ ရှင်သန်နေထိုင်ရေးကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ လူသားအားလုံးကို အညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ဝိုင်းဝန်းစုပေါင်း လက်တွဲ၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဟန်ချက်ညီညီ ကာကွယ်တားဆီး တိုက်ဖျက်ရမည့်အချိန်အခါလည်း ဖြစ်သည်။