Jul 01, 2021
မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးရေးကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့ပြီး မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးနေ့ကို နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပကြခြင်း ဖြစ်ပါသည်။ အမျိုးသမီးများသည် အားနွဲ့သူများဖြစ်၍ အမျိုးသမီးများဘဝ ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီး များအား ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်ရာအသင်းအဖွဲ့များ ကလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဘဝများကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးလျက်ရှိသလို ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှအစ အမျိုးသမီး များ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံရေး အတွက်ပါ သက်ဆိုင်ရာအဖွဲ့အစည်းများက ယခင် ကထက်ပို၍ ထင်သာမြင်သာ ကာကွယ်စောင့်ရှောက်ပေးသည်ကို တွေ့မြင်လာရပါသည်။
Jul 01, 2021
တရုတ် - မြန်မာ နယ်စပ်အနီး ဆစ်ဆောင်ပနား အာရှဆင်ထိန်းသိမ်းရေးဇုန်ကနေ ထွက်လာကြတဲ့ တောဆင်ရိုင်းတွေဟာ ဧပြီလ ၁၆ ရက်နေ့ကစပြီး ဇာတိမြေ ဆစ်ဆောင်ပနား မုန့်ယန်ဇီ သဘာဝထိန်းသိမ်းရေးဇုန်ကနေ ထွက်ပြေးပြီးနောက် ကူမင်းမြို့ ဆင်ခြေဖုံးရပ်ကွက် အနီးတစ်ဝိုက်အထိ ချဉ်းကပ်ခဲ့ကြပါတယ်။
Jul 01, 2021

အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ပြက္ခဒိန်နှစ်၏ ဇူလိုင်လ ပထမပတ် စနေနေ့ဟု သတ်မှတ်ထားရှိပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၁ခုနှစ် ဇူလိုင်လ ၃ရက် (စနေနေ့) သည် ယခုပြက္ခဒိန်နှစ် အတွက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဖြစ်ပါသည်။ အဆိုပါ နေ့ရက်တွင် ကမ္ဘာနှင့်အဝန်း သမဝါယမအသင်းအဖွဲ့များဆိုင်ရာ ဌာနများနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် အမှတ်တရ အခမ်းအနားများ၊ လှုပ်ရှားမှုများ ဆောင်ရွက်ကြပါသည်။
Jun 30, 2021

ခေတ်အဆက်ဆက် မြန်မာ့မြေပေါ်မှာမရှိခဲ့တဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ သူတွေက လူမျိုးတောင်မရှိဘဲနဲ့ ဘာဖြစ်လို့များ တိုင်းရင်းသားအဖြစ် လိုချင်နေကြတာပါလဲဗျာ။ အကြောင်းအကြီးကြီး ရှိလို့ပေါ့ဗျာ။ ဒါကို အယောင်ယောင်အမှားမှားနဲ့သော်လည်းကောင်း၊ သူ့ဆန်စားရဲရ၍သော်လည်းကောင်း၊ ပုဆိန်ရိုးလုပ်ချင်လို့သော်လည်းကောင်း၊ နိုင်ငံတကာဖိအားကြောင့်သော်လည်းကောင်း၊ ရန်သူရဲ့ ရန်သူဟာ ငါ့ရဲ့ မိတ်ဆွေဆိုတဲ့ အယူအဆနဲ့သော်လည်းကောင်း၊ ပေးလိုက်မိလို့တော့ ကမ္ဘာ့မြေပုံမှာ မြန်မာ့မြေပုံဟာ ၂၀၃၀ မတိုင်ခင် ပျောက်ကွယ်သွားရတော့မယ်ဆိုတာကို အမုန်းစကားမဟုတ်တဲ့ အမှန်စကားလေး ပြောလိုက်ပါရစေ။ ။
Jun 30, 2021

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “အားလုံးအတွက် တိုးတက် ကောင်းမွန်သော တရားမျှတမှုဆီသို့” ဟူသော ဆောင်ပုဒ်ဖြင့် ငါးနှစ် တာ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပါသည်။ စီမံကိန်း၏ ပန်းတိုင်အဖြစ် လူတိုင်းသို့အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်၊ တရားရုံးများအပေါ် ပြည်သူ လူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက် မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်ဟူသည့် ရည်မှန်းချက်(၂)ရပ် ထားရှိပါသည်။ စီမံကိန်းရည်မှန်းချက်များ အောင်မြင်စေရေး အတွက် နှစ်စဉ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်များရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တရားစီရင်ရေး၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ တန်ဖိုးများရရှိအောင်မြင်စေရန်အတွက် မဟာ ဗျူဟာ လုပ်ငန်းနယ်ပယ်(၅)ရပ်ဖြစ်သည့် တရားရုံးဝန်ဆောင်မှုများ အများပြည်သူ လက်လှမ်းမီ နိုင်မှုကို လွယ်ကူတိုးတက်စေရေး ဆောင်ရွက်ပေးရန်၊ အများပြည်သူ၏ အသိအမြင်ကို မြှင့်တင်ပေး ရန်၊ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် စီမံခန့်ခွဲနိုင်မှုစွမ်းရည် မြှင့်တင်ရန်၊ တရားစီရင်ရေး၏ ပညာရပ် ကျွမ်းကျင်မှု၊ တာဝန်ခံယူနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ပေးရန်၊ ထိရောက်သော မှုခင်းစီမံခန့်ခွဲ မှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့် ဆောင်ရွက်ရန် ဟူ၍ မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၅)ရပ် သတ်မှတ် ထားပါသည်။
Jun 30, 2021

“ဒီမှာ မောင်အောင်ရ။ ဟိုတလောက ရေဒီယိုမှာ ကြားလိုက်တယ်။ ဝဥခြောက်ကို တရုတ်ကို ရောင်းတာတယ်ပြီးဈေးရတယ်ဆိုပဲ။ အဲဒီတော့ ငါတို့လည်း ပိုက်ဆံရတယ်ဆိုတော့ စိတ်ဝင်စားတာ ပေါ့ကွာ။ ဝဥ ဆိုတာဘယ်လိုမျိုးလဲ။ ဒို့ ကန်စွန်းဥတို့ ပိန်းဥတို့လိုမျိုးလား”
Jun 30, 2021

ကမ္ဘာပေါ်က နိုင်ငံအတော်များများ လက်ခံကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့နိုင်ငံ လည်း လိုက်ပါကျင့်သုံးနေပါတယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းနဲ့ ပြည်သူ့ဆန္ဒကို ဦးစားပေးခြင်း စတာတွေဟာ ပြည်သူအားလုံးရဲ့ကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်တဲ့ ဒီမိုကရေစီ စံနှုန်းတွေလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ၂၀၁၈ မှာစတင်တဲ့ ပထမ ငါးနှစ်သက်တမ်းနဲ့ ၂၀၁၅ မှာစတင်တဲ့ ဒုတိယငါးနှစ် သက်တမ်းတွေအတွင်းမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ထူးထူးခြားခြားရလာပေမယ့် ပြည်သူတွေအတွက် အကျိုးစီးပွားကတော့ ထိထိရောက်ရောက်ဖြစ်မလာဘူးလို့ ဆိုချင်ပါတယ်။
Jun 29, 2021

လူသတ္တဝါတို့သည် အတွင်းစိတ်တွင် စွဲနေသော အထင်အမြင်အတိုင်း ဖြစ်၍နေကြရ၏။
Jun 29, 2021

သာစွဌာနီ ရခိုင်ပြည်နယ်ကိုပြည်ထောင်စုသားများ က အနောက်တံခါးလို့ တင်စားသတ်မှတ် ခဲ့ကြတယ်။ ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်ဆုံးတောင်ကုန်းဒေသမှ တောင်ဘက် မြို့နယ်အဆုံး ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ကျောက်ချွန်ဝအထိ အလျားမိုင်ပေါင်း ၃၆၀ ခန့် ရှည်လျားတယ်။ ရခိုင်ပြည်နယ်ဟာ မြောက်ဘက် မှာ အတန်ငယ်ကျယ်ပြန့်ပြီး တောင်ဘက်သို့ ကျဉ်းမြောင်းရှည်လျားလာရာ လိမ္မော်သီးစိတ်ပုံ သဏ္ဌာန်ရှိတယ်။ မြောက်ဘက်မှာ မိုင်ပေါင်း ၁၀၀ ခန့်ကျယ်ဝန်းပြီး တောင်ဘက်အရပ်က မိုင် ၂၀ ခန့် ကျယ်ဝန်းတယ်။ ။
Jun 29, 2021

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အကြောင်းအရာများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာခြင်း Foreign Direct Investment (FDI) သည်လည်း အရေးပါသောအချက်/ ကဏ္ဍတစ်ခုဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံမှုအား ဖိတ်ခေါ်ရာတွင် အခြေခံကျသောဆောက်လုပ်ရေးကဏ္ဍ၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင် လာရောက်မြှုပ်နှံဖို့ လိုအပ်သလို အခြားသောကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါသည်။